International News

ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများကို ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း အရှိန်မြှင့်တင်ဆောင်ရွက်သွား ရန်ရှိကြောင်း ထိုင်းနိုင်ငံ ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာနက ပြောကြားခဲ့

Last Updated:

ဥရောပသမဂ္ဂလွတ်လပ်သော ကုန်သွယ်ရေးအသင်း (Efta) နှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်ညှိနှိုင်းမှု အပြီးသတ်ရန်၊ ယူကေနှင့် ပူးတွဲကုန်သွယ်ရေးကော်မတီအစည်းအဝေးကို လက်ခံကျင်းပရန်နှင့် ဥရောပစီးပွားရေးယူနီယံ (EAEU) နှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူ စာချုပ်အတွက် ပြင်ဆင်ရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို ကုန်သွယ်မှုညှိနှိုင်းရေး ဦးစီးဌာနက ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ထိုင်း-Efta တို့အကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်သည် အစိုးရ၏ ဦးစား ပေးဖြစ်ပါကြောင်း၊ ဆောင်ရွက်ဆဲဖြစ်သော ထိုင်း-ဥရောပသမဂ္ဂနှင့် အာဆီယံ-ကနေဒါ FTA ဆွေးနွေး မှုများ၏ ပုဂ္ဂလိကကဏ္ဍလိုလားချက်များကို တုံ့ပြန်ပြီးပါက အပြီးသတ်လိုပြီး တောင်ကိုရီးယားနှင့် ဘူတန်တို့နှင့်ဆွေးနွေးမည့် FTA အသစ်များအတွက် ဆက်လက်ဆောင်ရွက်သွားလိုကြောင်း၊ ထိုင်းနိုင်ငံ သည် ကုန်သွယ်မှုမိတ်ဖက် ၁၈ နိုင်ငံနှင့် FTA ၁၄ ခုရှိပါကြောင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ် စသည့် အဓိက ကုန်သွယ်မှုမိတ်ဖက်နိုင်ငံများနှင့် ကုန်သွယ်ရေးပြဿနားများနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရန်အတွက် ပူးတွဲကုန်သွယ်ရေးကော်မတီအစည်းအဝေးကို ကျင်းပသွားရန်ရှိ ကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Chotima Iemsawasdikul က ပြောကြားခဲ့ပါသည်။

အနာဂတ် FTA များအတွက် ပြင်ဆင်မှုအဖြစ် ယူကေနှင့် EAEU တို့နှင့် ဆွေးနွေးရန် လျာ ထားပါကြောင်း၊ ယခုနှစ် ပထမ ၅ လအတွင်း ထိုင်းနိုင်ငံနှင့် FTA မိတ်ဖက် ၁၈ နိုင်ငံတို့အကြား ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၄၆ ဘီလီယံရှိခဲ့ပါကြောင်း၊ အဓိက ပို့ကုန်များမှာ မော်တော်ကား၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများ၊ သန့်စင်ပြီးစက်သုံးဆီများ၊ ပလတ်စတစ် အလုံးများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများဖြစ်ပြီး သွင်းကုန်များမှာ လျှပ်စစ်ပစ္စည်းများ၊ စက် ယန္တရားများ၊ ဓာတုထုတ်ကုန်များ၊ သံနှင့် သံမဏိနှင့် လျှပ်စစ်ဆားကစ်ပြားများ ဖြစ်ကြောင်း သိရှိရပါ သည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News