International News

ထိုင်းနိုင်ငံ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ စီးပွားရေးလုပ်ငန်းများ ရေရှည်တည် တံ့သည့် လုပ်ငန်းပုံစံသို့ ကူးပြောင်းရာတွင် ဘဏ်များအနေဖြင့် ကူညီပေးနိုင်ရေး ထိုင်းဘဏ် (ဗဟို ဘဏ်) က တိုက်တွန်းခဲ့

Last Updated:

ထိုင်းနိုင်ငံ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ရေရှည်တည်တံ့သော စီးပွား‌ရေး လုပ်ငန်းပုံစံသို့ ကူးပြောင်းရာတွင် ဘဏ္ဍာရေးအဖွဲ့အစည်းများအနေဖြင့် ကူညီဆောင်ရွက်ပေးရန် ထိုင်းဘဏ် (ဗဟိုဘဏ်) က တိုက်တွန်းပြောကြားလိုက်ပါသည်။

ယခုနှစ် စတုတ္ထ ၃ လပတ်တွင် ရေရှည်တည်တံ့သော ဘဏ္ဍာရေး ပြောင်းလဲမှု၏ ဒုတိယအဆင့် ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ထုတ်လုပ်မှု၊ စိုက်ပျိုးရေး၊ အမှိုက်စီမံခန့်ခွဲမှု၊ အဆောက်အဦနှင့် ဆောက်လုပ်ရေး စသည့် စက်မှု ၄ မျိုးတွင် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပထမအဆင့် တွင် စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ၂ ခုကို ဦးစားပေးဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ဒုတိယ အဆင့်တွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ပိုမိုအာရုံစိုက်၍ ရေရှည်တည်တံ့ သော စွမ်းဆောင်ရည်နှင့် နိုင်ငံတကာ သတ်မှတ်ချက်များနှင့် ကိုက်ညီမည့် ESG စံနှုန်းများ ဖြစ်စေရေး ဦးတည်သွားမည် ဖြစ်ကြောင်း၊ ယင်းသည် SME များ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်စေပြီး ကမ္ဘာ့စီးပွားရေး လမ်းကြောင်း‌ ပြောင်းလဲမှုတွင် ယှဉ်ပြိုင်မှုကို ခိုင်မာစေမည်ဖြစ်ကြောင်း “Financing the Transition” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် ထိုင်းဘဏ် ဒုတိယ ဥက္ကဋ္ဌ Mr. Ronadol Numnonda က ပြောကြားခဲ့ ပါသည်။

ဘဏ္ဍာရေးပြောင်းလဲမှုအစီအစဉ်တွင် ဗဟိုဘဏ်အပါအဝင် စီးပွားရေးဘဏ် ၈ ခုက ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပြီး SME များ၏ လိုအပ်ချက်များကို ကူညီပေးခြင်း၊ အထူးအတိုးနှုန်းများ ဆောင်ရွက်ပေးခြင်းနှင့် ဆွဲဆောင်မှုရှိသော ချေးငွေ သတ်မှတ်ချက်များ ပါဝင်မည် ဖြစ်ကြောင်း၊ ဗန် ကောက်ဘဏ်က “Bualuang Green Financing for Transition to Environmental Sustainability” ကို ထုတ်ပြန်ကြေညာခဲ့ပြီး ထောက်ပံ့မှုပုံစံမှာ အစိမ်းရောင်ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်ခြင်း၊ ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းနှင့် လေထုညစ်ညမ်းမှုလျှော့ချခြင်းတို့အတွက် ဖြစ် ကြောင်း၊ ဘတ် ၁၀ ဘီလီယံ ချေးငွေစီမံချက်ဖြစ်ပြီး ချေးငွေကာလ ၈ နှစ်အတွက် အထူးနှုန်းထားသတ် မှတ်ပေးထားပါကြောင်း သိရှိရပါသည်။

K ဘဏ်က မော်တော်ကားအစိတ်အပိုင်းများ၊ ထုတ်ပိုးမှုနှင့် ပလတ်စတစ်၊ အစားအစာနှင့် အဖျော်ယမကာနှင့် ဧည့်ကြိုလုပ်ငန်းများအတွက် ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ်တွင် ဘတ် ၉၄ ဘီလီယံ ထောက်ပံ့ပေးခဲ့ပြီး ယခုနှစ်တွင် ဘတ် ၁၀၀ ဘီလီယံနှင့် ၂၀၃၀ ပြည့်နှစ်တွင် ဘတ် ၂၀၀ ဘီလီယံထိ ရောက်ရှိရန် လျာထားပါကြောင်း၊ SCB ဘဏ်က ၂၀၂၅ ခုနှစ်တွင် ၎င်း၏ ရေရှည်တည်တံ့သော ဘဏ္ဍာ ငွေတန်ဖိုးကို ဘတ် ၁၅၀ ဘီလီယံဖြစ်ရန်နှင့် ဧည့်ကြိုကဏ္ဍတွင် ချေးငွေ ဘတ် ၁၀၀ ဘီလီယံ ချေးငွေ ရှိပြီးဖြစ်ကြောင်း၊ Krungsri ဘဏ်က SME များအတွက် ဘဏ္ဍာငွေသာမက ဘဏ္ဍာငွေမဟုတ်သော အကူအညီများ ပေးပြီး SME များကို သင်တန်းပေးရန် Krungsri ESG Academy ကို တည်ထောင် ခဲ့ပါကြောင်း၊ ttb ဘဏ်က ၎င်း၏ အစိမ်းရောင်နှင့် အပြာရောင်ချေးငွေ ဘတ် ၃၀ ဘီလီယံ ထပ်ထိုးခဲ့ပြီး ဘတ် ၅ ဘီလီယံသည် ချေးငွေသို့ ချိတ်ဆက်ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လ ၂၁၀ သန်းသည် အစိမ်း ရောင်နှင့် အပြာရောင်စာချုပ်များအတွက် ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံအစိုးရ၏ ပြည်တွင်း SME များ၏ ဘဏ္ဍာငွေရရှိနိုင်မှု၊ နိုင်ငံတကာ လိုလားချက်များနှင့် ကိုက်ညီသည့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်၍ ယှဉ်ပြိုင်မှု တိုးမြှင့်စေရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

 

Category: International News