International News

ထိုင်းနိုင်ငံ၊ ကုန်တင်ယာဉ်မောင်းများက ဒီဇယ်ဈေးလျှော့ချပေးရန် သို့မဟုတ် သယ်ယူပို့ဆောင်ခနှုန်း ထားတိုးမြှင့်ပေးရန် အစိုးရထံ တောင်းဆိုခဲ့

Last Updated:

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကုန်တင်ယာဉ်မောင်းများက ၎င်းတို့၏ ကုန်တင်ကားများ လမ်းကြောင်းပေါ်တွင် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ဒီဇယ်ဈေးလျှော့ချပေးခြင်း သို့မဟုတ် မြင့်တက်လာသည့် စွမ်းအင်ခကို ကာမိစေရန် ကုန်သေတ္တာသယ်ယူပို့ဆောင်ခ နှုန်းထားတိုးမြှင့်ပေးရန် အစိုးရထံတောင်းဆိုလိုက်ကြောင်း သိရှိရပါသည်။

မြောက်ပိုင်းသယ်ယူပို့ဆောင်ရေးအသင်း၏ အဖွဲ့ဝင်များဖြစ်သည့် သယ်ယူပို့ဆောင်ရေးလုပ် ငန်းပေါင်း ၇၀၀ ခန့်က ဝယ်ယူသည့် ကုန်တင်ယာဉ် ၁၀,၀၀၀ ၏ ထက်ဝက်ခန့်ကို အသုံးမပြုတော့ ပါကြောင်း၊ ကုန်တင်ယာဉ်ပိုင်ရှင်များသည် ချေးငွေများ ပြန်ဆပ်ရန် ငွေကြေးမရှိသဖြင့် မော်တော်ယာဉ် ဘဏ္ဍာရေးကုမ္ပဏီများက အသုံးမပြုရသေးသော ကုန်တင်ယာဉ်များကို သိမ်းဆည်းခဲ့ကြကြောင်း၊ ကုန်တင်ယာဉ်ပိုင်ရှင်များ ရင်ဆိုင်နေရသည့် အဓိက အကြောင်းအရင်းမှာ ဒီဇယ်ဈေးမြင့်တက် လာခြင်းနှင့် ကုန်တင်ယာဉ်သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများအတွက် ဝယ်လိုအား ကျဆင်းလာ ခြင်းတို့ကြောင့် ဖြစ်ကြောင်း မြောက်ပိုင်းသယ်ယူပို့ဆောင်ရေးအသင်း ဥက္ကဋ္ဌ Mr. Wichai Sawang-khachon က ပြောကြားခဲ့ပါသည်။

ဆုံးရှုံးမှုကို မကာမိသည့် လုပ်ငန်းရှင်အရေအတွက် မြင့်တက်လာပြီး လုပ်ငန်းနယ်ပယ်မှ ထွက် ခွာသွားကြပါကြောင်း၊ ယင်းကဲ့သို့သော အခြေအနေသည် ကိုဗစ်-၁၉ ကပ်ရောဂါ၏ စီးပွားရေးအပေါ် သက်ရောက်မှုမှ အစပြု၍ ယခုအခါ ကုန်ကျစရိတ်မြင့်တက်လာခြင်းဖြင့် ပိုမိုဆိုးရွားလာပါကြောင်း၊ လာအိုရှိ ဒီဇယ် ၁ လီတာ ဈေးနှုန်းသည် ၃.၇ ဘတ်သာရှိသဖြင့် ထိုင်းနိုင်ငံထက် ဈေးသက်သာပါ ကြောင်း၊ ဗီယက်နမ်ရှိ ကုန်တင်ယာဉ်ခေါင်းဈေးနှုန်းသည် ထိုင်းနိုင်ငံထက် ၂ ဆနီးပါး သက်သာပါ ကြောင်း၊ ထိုင်းနှင့်တရုတ် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်အရ တရုတ်ကုန်တင်ယာဉ် လုပ်ငန်းလုပ်ကိုင်သူများကို အခွန်ကင်းလွတ်ခွင့်ပေးခြင်းကြောင့် အခြေအနေပိုမိုဆိုရွားလာနိုင် ကြောင်း၊ တရုတ်ကုန်တင်ယာဉ်လုပ်ငန်းလုပ်ကိုင်သူများသည် ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင် အသာစီးရနေပြီး ထိုင်းနှင့် အဆိုပါ နိုင်ငံများအကြား လွတ်လပ်စွာ လည်ပတ်လုပ်ကိုင်နေသည့် ယင်း နေရာတွင် ဝယ်ယူသူများ ရရှိရန် ပိုမိုလွယ်ကူနေပါကြောင်း အရှေ့မြောက်ပိုင်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုယူနီယံ ဥက္ကဋ္ဌ Mr. Somphon Hirunyasut က အခြေအနေကို သုံးသပ်ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News