International News

ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန လွှတ်တော်ကော်မတီက ကြီးမှူးကျင်းပသည့် Economic Diplomacy: Taking Thailand’s Foreign Policy to the Next Level သို့ ပါဝင်တက်ရောက်ခဲ့

Last Updated:

ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန လွှတ်တော်ကော်မတီက လွှတ်တော်သက်တမ်း တစ် လျှောက် ပူးပေါင်းဆောင်ရွက်ခဲ့သည့် လွှတ်တော်အဖွဲ့ဝင်များနှင့် ထိုင်းနိုင်ငံအခြေစိုက်သံရုံး များအား ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားရန် ရည်ရွယ်၍ Economic Diplomacy: Taking Thailand’s Foreign Policy to the Next Level ဆွေးနွေးပွဲကို လွှတ်တော်အဆောက်အဦတွင် ကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာသံရုံး ဗန်ကောက်မြို့မှ သံမှူးနှင့် စီးပွားရေး သံမှူးတို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံ အခြေစိုက် သံရုံးများမှ သံတမန်များ၊ ကုန်သည်ကြီးများ အသင်းမှ ကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင် တက်‌ရောက်ခဲ့ပါသည်။

ရှေးဦးစွာ လွှတ်တော်ဥက္ကဋ္ဌ H.E Prof. Pornpetch Wichitcholchal က နှစ်နိုင်ငံနှင့် နိုင်ငံအများ အကြား ဆက်ဆံရေးတွင် နိုင်ငံခြားရေးမူဝါဒသည် များစွာအရေးပါပါကြောင်း၊ ဝန်ကြီးဌာနများ၊ နိုင်ငံ ခြား သံရုံးများနှင့် အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကိုလည်း များစွာကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့စကားဝိုင်းဆွေးနွေးပွဲမှ ဆွေးနွေးချက်များ နှင့် အကြံပြုချက်များသည် လွန်စွာအကျိုးရှိစေနိုင်ပြီး ပြောင်းလဲလာသည့် လမ်းကြောင်းနှင့်အညီ ထိုင်းနိုင်ငံကလိုက်ပါစီးမြောနိုင်ရေးအတွက် ပြောင်းလဲနိုင် မည် ဖြစ်ကြောင်း  နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။

 နိုင်ငံခြားရေးဝန်ကြီးဌာန လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ H.E Mrs. Pikulkeaw Krairiksh က ၂၀၁၉ မှစ၍ ယခုအချိန်ထိ မိမိတို့လွှတ်တော်ကော်မတီအတွက် အကြံဉာဏ်များ ပေးခဲ့ကြသည့် ကဏ္ဍ အသီးသီးမှ ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ဒေသတွင်း ပြဿနာ များမှသည် ကမ္ဘာလုံးဆိုင်ရာ အကြောင်းအရာများကို ခြုံငုံစေပြီး ထိုင်းနိုင်ငံအတွက် အကျိုးရှိစေမည်ဟု ယုံကြည်ပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပါဝင်တက်ရောက်လာသူများ၏ အကြံပြုချက်၊ ထောက်ခံချက်၊ အတွေးအခေါ်များကိုလည်း ဖိတ်ခေါ်ပါကြောင်း ပြောကြားပါသည်။

စကားဝိုင်းဆွေးနွေးပွဲကို ထိုင်းဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်နှင့် လွှတ်တော်ကော်မတီ၏ အကြံ ပေး Dr. Porametee Vimolsiri၊ ကမ္ဘာ့ဘဏ်၏ ထိုင်းနိုင်ငံဆိုင်ရာ အကြီးတန်းစီးပွားရေးပညာရှင် Dr. Kiatipong Ariyapruchya နှင့် အာရှဖွံ့ဖြိုးရေးဘဏ်၏ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အကြီးတန်း ပညာရှင် Dr. Julian Latimer Clarke တို့က ဧည့်သည်အနေဖြင့်ပြောကြားခဲ့ပြီး အာရှသတင်း ကွန်ယက်၏ အယ်ဒီတာ Mr. Pana Janviroj က Moderator အနေဖြင့် ဆောင်ရွက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် ကောင်းမွန်သော မူဝါဒဟုတ်-မဟုတ် မေးခွန်းနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် မူဝါဒ၊ စနစ်နှင့် ပြည်သူ စသည့် အချက် ၃ ချက် ပါဝင်သဖြင့် အောင်မြင်သော မူဝါဒဖြစ်ပါကြောင်း၊ ယင်းနိုင်ငံခြားရေးမူဝါဒဖြင့် နိုင်ငံအတွက် အကျိုးကျေးဇူးများစွာ သယ်ဆောင်လာခဲ့ပါကြောင်း၊ နိုင်ငံအတွင်းရှိ အဖွဲ့အစည်းများအားလုံး ပူးပေါင်း ဆောင်ရွက်သည့် စနစ်ရှိပါကြောင်း၊ ထိုင်းနိုင်ငံ၏ အစိုးရဝန်ထမ်းများသည် ပြည်တွင်းတွင်သာ အားစိုက်လျက်ရှိပြီး နိုင်ငံပြင်ပသို့ အားစိုက်မှု အားနည်းပါကြောင်း၊ ကမ္ဘာ့နှင့်အဝှမ်း‌ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသဖြင့် မူဝါဒနှင့် စနစ်များကိုလည်း လိုက်လျောညီထွေရှိအောင်ပြုပြင်သွားရန် အကြံပြု လိုပါကြောင်း၊ ထိုင်းနိုင်ငံသည် ကမ္ဘာ့ထောက်ပံ့မှုကွင်းဆက်တွင် အလယ်တွင်ရောက်ရှိနေပြီး ဒေသ တွင်း၌ ဖွံ့ဖြိုးတိုးတက်နေပါကြောင်း၊ ထိုင်းနိုင်ငံသည် ကုန်သွယ်ရေးနှင့် ရာသီဥတုဆိုင်ရာ ဆောင်ရွက် မှုများတွင် ဦးဆောင်သူဖြစ်လာနိုင်သည့် အလားအလာရှိပါကြောင်း၊ ၁၉၈၀ ပြည့်နှစ်နောက် ပိုင်းမှစ၍ နိုင်ငံခြားရေးမူဝါဒသည် နိုင်ငံ၏ ဦးစားပေးမူဝါဒဖြစ်လာခဲ့ပါကြောင်း၊ မူဝါဒသီးသန့်သည် ကောင်းမွန် သော်လည်း ပြည်သူများက အမှန်တကယ်အသုံးချမှုတွင် တိုးတက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးပါ သည်။

ဆက်လက်ပြီး ထိုင်းနိုင်ငံ၏ စီးပွားရေးအပေါ် Satisfy ဖြစ်မှုနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံသည် Crisis များစွာကို GDP တိုးတက်မှုဖြင့် Performance ကောင်းစွာ ဖြတ်ကျော်လာခဲ့ပါကြောင်း၊ နိုင်ငံ၏ မှီတည်မှုအများဆုံးဖြစ်သော ခရီးသွားလာရေးနှင့် ပို့ကုန်တွင် ကိုဗစ်-၁၉ ကာလကဲ့သို့ ပုံမှန်အခြေ အနေ သို့ မရောက်သေးသကဲ့သို့ ကမ္ဘာ့ စီးပွားရေးနှင့် ကုန်သွယ်ရေး ကျဆင်းနေပြီး ခရီးသွားများ၏ သုံးစွဲမှု စွမ်းရည် အားနည်းနေသော်လည်း ယခုနှစ်အတွင်း ခရီးသွား ဝင်ရောက်မှုသည် ၃၀ သန်းကျော်ရှိနိုင်ပြီး နောက်ပိုင်းတွင် ပိုမိုများပြားလာနိုင်ကြောင်း၊ ယခုကာလသည် အားလုံး ခက်ခဲနေသည့် အချိန် ဖြစ် သဖြင့် လက်ရှိနှင့် ပြီးခဲ့သည့် မူဝါဒများကို ကြည့်နေခြင်းထက် ရှေ့သို့ ကြည့်ခြင်းသည် ပိုမိုကောင်း မွန်ပါကြောင်း၊ ထိုင်းနိုင်ငံ၏ နှစ် ၂၀ မူဝါဒအရ ဝင်ငွေမြင့်နိုင်ငံဆီသို့ သွားနေခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏ စီးပွားရေးကို ရလဒ်ကောင်းဖြစ်စေရေး မောင်းနှင်မည့် ပုဂ္ဂိုလ်များစုပေါင်းသည့် အဖွဲ့ဖြစ်ရန် လိုအပ် ကြောင်း၊ အခြေခံသည် ခိုင်မာအားကောင်းပြီး စီးပွားရေးသည် တည်ငြိမ်သည့်လမ်းကြောင်းပေါ်တွင် ရှိနေပြီဖြစ်သော်လည်း ပေါ်ထွက်လာမည့် အခွင့်အရေးများစွာ ရှိနေပါကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းများစွာ ကျန်ရှိနေသေးပါကြောင်း၊ မူဝါဒကို အောင်မြင်စေရေးအတွက် အကောင်အထည် ဖော်မည့် ပုဂ္ဂိုလ်များ၏ တစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေးထက် ယှဉ်ပြိုင်နိုင်မှုသည် အရေးကြီးပါ ကြောင်း ဆွေးနွေးပါသည်။

ရရှိလာမည့် အခွင့်အရေးများကို ဆုပ်ကိုင်၍ နိုင်ငံစီးပွား‌ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ထိုင်း နိုင်ငံခြား ရေးမူဝါဒကို မည်သို့ ပြုပြင်ပြောင်းလဲသင့်သည့် မေးခွန်းနှင့်စပ်လျဉ်း၍ မူဝါဒများရှိပြီး စီးပွား ရေးဆိုင် သည့် အဖွဲ့အစည်းများက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စီးပွားရေးမူဝါဒအရ နိုင်ငံ အတွက် ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်မည့် ကဏ္ဍများသတ်မှတ်ပြီးဖြစ်ကြောင်း၊ ကုန်သွယ်ရေး ဆိုင်ရာ တွင် လည်း သဘောတူညီရမည့် ဘုံစနစ်နှင့် စံနှုန်းများရှိပြီးဖြစ်ကြောင်း၊ ပြောင်းလဲလာသည့် လမ်းကြောင်းကို လက်ခံကျင့်သုံးခြင်းဖြင့် စီးပွားရေးသံတမန်ကို ထိထိရောက်ရောက်အသုံးချရန်ဖြစ် ကြောင်း၊ ပထဝီနိုင်ငံရေးအခြေအနေများအရ တီထွင်ဆန်းသစ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနည်း လမ်းများကို အသုံးချသင့်ကြောင်း၊ တရုတ်နှင့် အရှေ့တောင်အာရှအကြား ပူးပေါင်းဆောင်ရွက်မှု အား ကောင်းလာပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ယင်းအခြေအနေကို ကောင်းစွာအသုံးချရန်ဖြစ်ကြောင်း၊ နိုင်ငံခြား‌ရေးမူဝါဒသည် ပြည်တွင်းအခြေအနေကို ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း၊ ကမ္ဘာကြီး သည် စဉ်ဆက်မပြတ်သော အစီအစဉ်သို့ ပြောင်းလဲနေသကဲ့သို့ ထိုင်းနိုင်ငံ၏ ကာလရှည် ရည်မှန်းချက် များကို ပြည့်မီစေရန်နှင့် တိုးတက်မှုပုံစံသစ်သို့ ပြောင်းလဲနေပြီဖြစ်ကြောင်း၊ အစိုးရအနေဖြင့် မဟာ ဗျူဟာကျသော နိုင်ငံခြားရေးမူဝါဒအတွက် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ ပါဝင်သော ကော်မတီ တစ်ခု ဖွဲ့စည်းဆောင်ရွက်နေပါကြောင်း၊ ယခုအစိုးရအဖွဲ့သည် စီမံချက်ကို အခြေခံသည့် အစိုးရ ဖြစ်ပါ ကြောင်း၊ နိုင်ငံ၏ စီးပွားရေးအတွက် ဆောင်ရွက်ခြင်းသည် မတူညီပါကြောင်း၊ အစိုးရအဖွဲ့ အတွင်းရှိ တစ်ဦးချင်းစီတွင် ကိုယ်ပိုင်လမ်းကြောင်းနှင့် ကိုယ်ပိုင်အမြင်များ ရှိနေကြောင်း၊ စည်းလုံး ညီညွတ်မှု သည် အရေးကြီးပါကြောင်း၊ အစိုးရကျရှုံးခြင်းသည် ပြည်သူများကျရှုံးခြင်းပင် ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံ GDP ၏ ၄၀ ရာခိုင်နှုန်းသည် ထုတ်လုပ်ရေး၊ စက်ရုံကြီးများနှင့် ပညာ‌ရေး အပေါ်တွင် မှီတည်နေပါ ကြောင်း၊ စီးပွားရေးကို စီမံခန့်ခွဲရာ၌ သတင်းအချက်အလက် လွဲချော်နေမှုကို ဖြည့်ဆည်းပေးရန် လိုအပ်ပါကြောင်း၊ ပြောင်းလဲမှုကို မဆောင်ရွက်နိုင်သေးပါက လွယ်ကူစေရေးအတွက် မည်ကဲ့သို့ ထောက်ကူ ရမည်ကို စဉ်းစားရန် လိုအပ်ပါကြောင်း၊ ရှင်းလင်းပြတ်သားသော တွဲစပ်မှုများနှင့် ထိတွေ့ နိုင်သည့် နိုင်ငံခြားရေးမူဝါဒ ဖြစ်ရန်လိုအပ်ပါကြောင်း၊ အကောင်းဆုံးသော နိုင်ငံခြားရေး မူဝါဒသည် စဉ်ဆက်မပြတ်သော လမ်းကြောင်းတွင် ပါဝင်ရန်ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးပါသည်။

ထိုင်းနိုင်ငံသည် OECD နှင့် BRICS များသို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်မည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ OECD သို့ ဝင်ရောက်ခြင်းဖြင့် ထိုင်းနိုင်ငံအတွက် အကျိုးကျေးဇူးများစွာ ရရှိစေမည် ဖြစ်ကြောင်း၊ လတ်တလော အခြေအနေများအရ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် ကောင်းမွန်ပါကြောင်း၊ FTA များ သည်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်နိုင်ရေးအတွက် အကျိုးရှိစေမည့် ကိစ္စရပ်များ ဖြစ် ကြောင်း၊ နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုတွင် မိမိဘာသာ ဆောင်ရွက်ခြင်းထက် ပြင်ပ ဖိအားများသည် လို အပ်သောကြောင့် OECD သို့ ဝင်ရောက်ခြင်းဖြင့် အကျိုး ကျေးဇူးရရှိစေနိုင်မည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ သည် အဖွဲ့အစည်းများစွာ၏ အဖွဲ့ဝင်ဖြစ်နေခြင်းကြောင့် ရှုပ်ထွေးမှုများ ရှိသော်လည်း အကျိုးကျေးဇူး ရရှိရန် စီမံခန့်ခွဲရမည်ဖြစ်ကြောင်း၊  BRICS သို့ ဝင်ရောက်ခြင်းသည်လည်း ကောင်းမွန်ပါကြောင်း၊ သို့သော် BRICS သည် လာမည့် အနာဂတ်တွင် မည်သို့ ပြောင်းလဲမည်ကို စောင့်ကြည့်ရန် လိုအပ်ပါ ကြောင်း ဆွေးနွေးပါသည်။

 

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News