International News

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ‌ရေနံစက်ကွင်းတွင် ပူးပေါင်းတူးဖော်နိုင်ရေး ဆွေးနွေး သွားရန် Petroleum Institute of Thailand က တောင်းဆိုခဲ့

Last Updated:

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ယခုနှစ် အစောပိုင်းမှစ၍ ပြဿနာရပ်အပေါ် တိုးတက် မှုမရှိခဲ့သော ထပ်နေသည့် တောင်းဆိုချက်ဧရိယာ (Overlapping Claims Area-OCA) ပေါ်တွင် ရေနံ ထုတ်လုပ်မှုကို ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် နိုင်ငံခြားရေးနှင့် စွမ်းအင်ဝန်ကြီးဌာနတို့အနေ ဖြင့် ကမ္ဘောဒီးယားနှင့် ဆွေးနွေးသွားရန် Petroleum Institute of Thailand က တောင်းဆိုလိုက် ကြောင်း သိရှိရပါသည်။

ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံသို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် H.E Mr. Hun Manet လာ ရောက်ခဲ့သည့် ခရီးစဉ်တွင်လည်း ဆက်လက်ဆွေးနွေးသွားမည့် အဆိုပြုချက်များ မရှိခဲ့ပါကြောင်း၊ ခရီးစဉ်ပြီးနောက် ဗန်ကောက်နှင့် ဖနောင်ပင်တို့အကြား ၂၀၀၁ ခုနှစ်မှစ၍ ပြဿနာရပ်တစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့သည့် OCA အပေါ် ဆွေးနွေးမှု ပြန်လည်စတင်ရန် သဘောတူညီခဲ့ပါကြောင်း၊ နှစ်နိုင်ငံ ညှိနှိုင်းမှု အောင်မြင်ခဲ့ပါက နှစ်နိုင်ငံ စွမ်းအင်ဖူလုံမှုအတွက် စွမ်းအင်ရင်းမြစ်အသစ်တစ်ခုကို ရရှိလာနိုင် ကြောင်း၊ OCA သည် ထိုင်းပင်လယ်ကွေ့အနီးရှိ ဗွန်ကော့တ်နှင့် အီရာဝမ် ဓာတ်ငွေ့တွင်းအနီးတွင် ရှိ သဖြင့် ရေနံရင်းမြစ်အသစ်တစ်ခုဖြစ်လာနိုင်ကြောင်း Petroleum Institute of Thailand ညွှန်ကြား ရေးမှူး Mr. Kurujit Nakornthap က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသည် ယခင်က ဗီယက်နမ်နှင့် အလားတူ နယ်မြေအငြင်းပွားမှု ရှိခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ဖြေရှင်းခဲ့ပြီးနောက် ၅ နှစ်အကြာတွင် ကမ်းလွန်ဓာတ်ငွေ့ထုတ်လုပ်မှုနည်းလမ်းကို ဖော်ဆောင်နိုင်ခဲ့ ကြောင်း၊ ကမ္ဘောဒီးယားနှင့် ဆွေးနွေးမှုကို ပြင်းပြင်း ထန်ထန်တွန်းအားပေး ဆောင်ရွက်သွားမည့် အစိုးရ၏ ဆုံးဖြတ်ချက်ပေါ်မူတည်၍ အောင်မြင်မှုရရှိလာနိုင်ကြောင်း၊ ထိုင်းနိုင်ငံသည် ပင်လယ်ကွေ့ တွင် ဓာတ်ငွေ့ရှာဖွေတူးဖော်စဉ်ကတည်းက အခြေခံအဆောက်အအုံများ နေရာချထားပြီးဖြစ်၍ OCA ပေါ်တွင် ရေနံတူးဖော်မှုအသစ်ဆောင်ရွက်ရာ၌ အချိန်မကုန်နိုင်ပါကြောင်း၊ ထိုင်းနိုင်ငံသည် ၁၅ နှစ် ကျော် ကြာသည်အထိ ဆီနှင့် ဓာတ်ငွေ့စက်ကွင်းသစ်များ မဖော်ထုတ်နိုင်ခဲ့သဖြင့် ပြည်တွင်း ဓာတ်ငွေ့ ထောက်ပံ့မှုတွင် စိုးရိမ်မှုများ မြင့်တက်လာပြီး Liquefied Natural Gas (LNG) ကို ပိုမိုတင်သွင်းလာ စေပါကြောင်း Mr. Kurujit က ဖြည့်စွက်ပြောကြားခဲ့သည်။

LNG တင်သွင်းမှုအပေါ် မှီခိုမှုမြင့်တက်လာသည်နှင့်အမျှ ဈေးကွက်တွင် ဈေးနှုန်းအတက်အကျ ကြုံတွေ့လာနိုင်သလို ဓာတ်အားခဈေးနှုန်းများလည်း မြင့်တက်လာပါကြောင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခစတင်ခဲ့သည့် ၂၀၂၂ ခုနှစ်မှစ၍ ကမ္ဘာ့ဆီနှင့်ဓာတ်ငွေ့ဈေးနှုန်းများ တဟုန်ထိုးမြင့်တက်သွားခဲ့ပြီး ဓာတ်အားခများ မြင့်တက်လာမှုကို ထိန်းညှိရန် အစိုးရအနေဖြင့် ငွေကြေးများစွာ သုံးစွဲခဲ့ရပါကြောင်း၊ PTT ၏ သုံးသပ်ချက်အရ OCA ပေါ်တွင် ဓာတ်ငွေ့ရှာဖွေတွေ့ရှိပါက ပင်လယ်ကွေ့အတွင်းရှိ အခြား သော ဓာတ်ငွေ့ရင်းမြစ်များ၏ ဓာတ်ငွေ့ဈေးနှုန်းများနှင့် များစွာမကွာခြားနိုင်ပါကြောင်း၊ ယခုနှစ် ဒုတိယနှင့် တတိယ ၃ လပတ်အတွင်း ဈေးကွက်ရှိ LNG ဈေးနှုန်းသည် ၁ million British Thermal Unit (BTU) လျှင် အမေရိကန် ဒေါ်လာ ၉ မှ ၁၃ ကြား ရှိပြီး ၂၀၂၂ ခုနှစ်အတွင်း တင်သွင်းလာသော LNG ဈေးနှုန်းသည် ၁ million British Thermal Unit (BTU) လျှင် အမေရိကန်ဒေါ်လာ ၃၄ ရှိခဲ့ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News