International News

၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံချွန်ပူရိရှိ MG အမှတ်တံဆိပ်စက်ရုံမှ နှစ်မျိုးသုံး လျှပ်စစ်မော်တော်ကား (Hybrid Electric Vehicle-HEV) ထုတ်လုပ်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်သွားရန်ရှိ

Last Updated:

တရုတ်-ထိုင်း ဖက်စပ်လုပ်ငန်း SAIC Motor-CP နှင့် MG Sales (Thailand) စသည့် မော်တော် ကား ထုတ်လုပ်သူတို့မှ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကို ထုတ်ပြန်ကြေညာခဲ့သောကြောင့် ထိုင်းနိုင်ငံရှိ နှစ်မျိုးသုံး လျှပ်စစ်မော်တော်ကား (Hybrid Electric Vehicle-HEV) ဈေးကွက်သည် ပြင်း ထန်လာနိုင်ဖွယ်ရှိကြောင်း သိရှိရပါသည်။

ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၏ HEV ထုတ်လုပ်မှုအတွက် မက်လုံးပေးအစီအစဉ်များ ထုတ်ပြန်ကြေ ညာပြီးနောက် ပြည်တွင်းဈေးကွက်တွင် HEV ရောင်းအားသည် အလျင်အမြန်တိုးတက်မှုရှိလာသဖြင့် MG အနေဖြင့် စီးပွားရေးလုပ်ငန်းအခွင့်အလမ်းသစ်များ ရှာဖွေလျက်ရှိပါကြောင်း၊ HEV ထုတ်လုပ်ရန် အတွက် ရင်းနှီးမြှုပ်နှံမှုလျာထားချက်သည် မကြာမီအပြီးသတ်တော့မည် ဖြစ်ကြောင်း MG Sales (Thailand) ဒုတိယ ဥက္ကဋ္ဌ Mr. Pongsak Lertruedeewattanavong က ပြောကြားခဲ့ပါသည်။

ပြည်တွင်းတွင် HEV ထုတ်လုပ်ရန် အနည်းဆုံး ဘတ် ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံပါက အခွန်ဖြတ် တောက်မှု ခံစားခွင့်ရရှိမည် ဖြစ်ကြောင်း၊ ဂျပန်ကားထုတ်လုပ်သူ Nissan Motor Thailand က စမုပရာ ကန်ရှိ ၎င်း၏ စက်ရုံမှ HEV ထုတ်လုပ်ရန် လျာထားသော်လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသေးစိတ်ကို ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်း သိရှိရပါသည်။

MG က HEV အလယ်အလတ်အရွယ်အစား MG3 Hybrid+ (B-Segment) ကို ထုတ်ပြန်ကြေညာ ပြီးဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် ကနဦးတွင် တရုတ်မှ တင်သွင်းမည်ဖြစ်ပြီး အနာဂတ်တွင် ထိုင်းပြည် တွင်း၌ ထုတ်လုပ်မည်ဖြစ်ကြောင်း၊ ထောက်ပံ့မှုကွင်းဆက်ကို ထောက်ပံ့လိုသည့် အစိုးရ၏ မူဝါဒနှင့် ကိုက်ညီစေရေးအတွက် HEV အစိတ်အပိုင်းများ၏ ၄၀ ရာခိုင်နှုန်းကို ပြည်တွင်းမှ သုံးစွဲမည်ဖြစ်ကြောင်း၊ မော်တော်ကားဈေးကွက်တစ်ခုလုံးတွင် ကျဆင်းနေသော်လည်း ယခုနှစ် ပထမနှစ်ဝက်အတွင်း ပြည် တွင်းဈေးကွက်၌ HEV ရောင်းအား သိသိသာသာ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ဇန်နဝါရီလမှ ဇွန်လအထိ HEV ရောင်းအားသည် ၆၉.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ထိုင်း နိုင်ငံတွင် EV လုပ်ငန်း၌ ဘတ် ၃၀ ဘီလီယံကို ဆယ်စုနှစ် ၁ ခုကြာရင်းနှီးမြှုပ်နှံထားသည့် MG သည် ထိုင်းနိုင်ငံ၏ EV ကဏ္ဍ တိုးတက်မှုတွင် အကျိုးခံစားရသည့် ပထမဆုံးသော ကုမ္ပဏီများထဲမှ တစ်ခု ဖြစ်ကြောင်း၊ ချွန်ပူရိရှိ စက်ရုံမှ ဘတ္တရီ EV နှင့် အတွင်းလောင်ကျွမ်းမော်တော်ကားအပါအဝင် မော် တော်ကား အစီးရေ ၁၀၀,၀၀၀ ကို နှစ်စဉ်ထုတ်လုပ်ပါကြောင်း၊ ဘဏ္ဍာရေး အဖွဲ့အစည်းများကလည်း ၎င်းတို့၏ ငွေချေးမှုဆိုင်ရာ သတ်မှတ်ချက်များကို ဖြေလျှော့လာနိုင်ပြီး ဝယ်ယူသူများအနေဖြင့် မော် တော်ကားအတွက် ချေးငွေများ ပိုမိုတောင်းခံလာနိုင်ကြောင်း၊ ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ စုစုပေါင်း မော်တော်ကား ရောင်းအားသည် အစီးရေ ၆၄၀,၀၀၀ မှ ၆၅၀,၀၀၀ ကြားရှိနိုင်သည်ဟု ကုမ္ပဏီက ခန့် မှန်းထားကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

ဒေါ်ပပ၊ စီးပွားရေးသံမှူး၊ ဆိုလ်းမြို့။

Category: International News