International News

ထိုင်းနိုင်ငံတွင် လုပ်ငန်းသစ်မှတ်ပုံတင်များ တိုးတက်မှုရှိလာနိုင်သည်ဟု စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုး တက်မှု ဦးစီးဌာနက ပြောကြားခဲ့

Last Updated:

ထိုင်းနိုင်ငံတွင်း ဒီဂျစ်တယ်ပိုက်ဆံအိတ် မူဝါဒ၊ ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်မည့် နိုင်ငံခြားကုမ္ပဏီများအတွက် ကာလရှည်နေထိုင်ခွင့်ဗီဇာနှင့် Corporate ဝင်ငွေခွင်ကင်းလွတ်ခွင့် စသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်မည့် အစီအမံများနှင့် ၂၀၂၅ ဘတ်ဂျက်မှ ရင်းနှီးမြှုပ်နှံမှု ဘတ်ဂျက်သုံးစွဲမှုတို့ကြောင့် ၂၀၂၄ ခုနှစ်အတွင်း လုပ်ငန်းအသစ်များ မှတ်ပုံတင်မှုသည် ၉၀,၀၀၀ မှ ၉၈,၀၀၀ ကြား ရှိလာနိုင်ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုဦးစီးဌာနက ပြောကြားခဲ့ပါ သည်။

၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်တွင် ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းများနှင့် ထောက်ပံ့ ပို့ဆောင်ရေး လုပ်ငန်းများ ကဲ့သို့သော ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်လုပ်ငန်းများအတွက် အစိုးရတွင် အစီအစဉ်များရှိသဖြင့် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်လုပ်ငန်းများ၏ မှတ်ပုံတင်မှုအရေအတွက် တိုးလာနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ လုပ်ငန်းသစ်များ မှတ်ပုံတင်မှုကို ထိခိုက်စေသော အချက်များမှာ အိမ် ထောင်စုနှင့် လုပ်ငန်း ကြွေးမြီ၊ ငွေကြေးဖောင်းပွမှု၊ လတ်တလော ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် အစိုးရ၏ အသုံးစရိတ်နှင့် ရင်းနှီးမြှုပ်နှံမှု နှောင့်နှေးနေခြင်းတို့ ဖြစ်ကြောင်း သိရှိရပါသည်။

ယခုနှစ် ပထမနှစ်ဝက်အတွင်း လုပ်ငန်းအသစ်များ မှတ်ပုံတင်မှုသည် မ တည်ရင်းနှီးငွေ ဘတ် ၁၄၅ ဘီလီယံဖြင့် ၄၆,၃၈၃ ခု ရှိပြီး ၁.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါကြောင်း၊ ကျဆင်းရခြင်းမှာ စီးပွားရေး ပြန်လည်ကောင်းမွန်လာမှု၊ ကပ်ရောဂါအပြီး ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်လုပ်ငန်း အရေအတွက် များ ပြားလာမှု၊ ပုဂ္ဂလိက သုံးစွဲမှုနှင့် ပို့ကုန်မြင့်တက်လာမှုနှင့် အစိုးရ၏ လှုံ့ဆော်မှု မူဝါဒများ အကောင် အထည်ဖော်မှုတို့ကြောင့် ၂၀၂၃ တွင် ကိန်းဂဏန်းအမြင့်ကို အခြေခံတွက်ချက်ထားခြင်းကြောင့် ဖြစ် ကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mrs. Auramon Supthaweethum က ပြောကြားခဲ့သည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News