International News

ထိုင်းနိုင်ငံရှိ ၁၀ စုနှစ်တစ်ခုကြာ သိုလှောင်သိမ်းဆည်းထားသည့် ဆန်များကို အမြင့်ဆုံးဈေးပေးခဲ့ သည့် လေလံအောင်မြင်သူ ၂ ဦး သို့ ဘတ် ၂၄၄ သန်းဖြင့်ရောင်းချခဲ့

Last Updated:

ထိုင်းနိုင်ငံ၏ ယခင်အစိုးရလက်ထက်ကတည်းက သိုလှောင်သိမ်းဆည်းထားခဲ့သည့် ဆန် ၁၅,၀၀၀ တန်ကို လေလံစနစ်ဖြင့် ရောင်းချခဲ့ရာ အမြင့်ဆုံးလေလံအောင်မြင်သူ ၂ ဦးထံသို့ ဘတ် ၂၄၄ သန်းဖြင့်ရောင်းချခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားချက် အရ သိရှိရပါသည်။

Kittichai သိုလှောင်ရုံရှိ ဆန် ၁၁,၆၅၆ တန်အတွက် Sup Saeng Thong Rice Co ၏ အမြင့် ဆုံးလေလံဈေးမှာ ၁ ကီလိုဂရမ်လျှင် ၁၅.၆၁ ဘတ်နှင့် Poonpon Trading Co သိုလှောင်ရုံရှိ ဆန် ၃,၃၅၆ တန်အတွက် Sahatan Co ၏ အမြင့်ဆုံးလေလံဈေးမှာ ၁ ကီလိုဂရမ်လျှင် ၁၈.၆၉ ဘတ် ဖြစ်ကြောင်း၊ နောက်တစ်ဆင့်အနေဖြင့် လေလံအောင်မြင်သူ ၂ ဦးသည် ဇူလိုင် ၂၃ ရက်နေ့မှ ဩဂုတ် ၁၄ ရက်နေ့အတွင်း စာချုပ်များ လက်မှတ်ရေးထိုးရန် Public Warehouse Organization က ခေါ်ယူ မည် ဖြစ်ကြောင်း၊ ကုမ္ပဏီများအနေဖြင့် ဝယ်ယူမှု အာမခံအတွက် ဝယ်ယူထားသည့် တန်ဖိုး၏ ၅ ရာခိုင် နှုန်းကို Deposit အဖြစ် ပေးအပ်ရန် လိုအပ်မည်ဖြစ်ပြီး  ဆန်များ မရယူမီ ငွေပေးချေမှုကို ဩဂုတ်လ ၁၅ ရက်နေ့မှ စက်တင်ဘာလ ၁၃ ရက်နေ့အတွင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ် ပြန်ထားပါသည်။

ယခင် လေလံတင်စဉ်က ဥပဒေနှင့်ငြိစွန်းနေသည့် ကုမ္ပဏီများနှင့် အဆက်အသွယ်ရှိသောကြောင့် လေလံအတွက် အရည်အချင်းမပြည့်မီခဲ့သော ကုမ္ပဏီ ၃ ခုဖြစ်သည့် V8 International Trading Co၊ Thanasan Rice Co နှင့် SSMR Karnkaset Plc တို့ကို ပယ်ဖယ်ပြီးနောက် ကျန်ရှိနေသော ကုမ္ပဏီ ၃ ခုနှင့် ဆွေးနွေးမှုကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ရန် ဒုတိယဝန်ကြီးချုပ်နှင့် ဝန်ကြီး H.E Mr. Phumtham Wechayachai က Public Warehouse Organization ကို လမ်းညွှန်ခဲ့ပါကြောင်း၊ ဈေးနှုန်းအမြင့်ဆုံးပေးသည့် လေလံတင်သူသည်သာ ဆန်များကို ဝယ်ယူခွင့် ရရှိမည်ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက် ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News