International News

ရုရှားနှင့် အိန္ဒိယနိုင်ငံတို့သည် ငွေပေးချေမှုစနစ်များဖြစ်သည့် RuPay(အိန္ဒိယ) နှင့် Mir(ရုရှား)ကတ်များ၏ သုံးစွဲနိုင်မှုအခွင့်အလမ်းကို လေ့လာမည်ဖြစ်

Last Updated:

ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံများက ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများ၏နောက်ကွယ်တွင် နိုင်ငံလုံးဆိုင်ရာငွေပေးချေမှုစနစ် RuPay နှင့် Mir ကတ်များ၏ သုံးစွဲနိုင်မှုအခွင့်အလမ်းကို အိန္ဒိယနှင့်ရုရှားတို့က လေ့လာမည်ဖြစ်ကြောင်း Economic Times က ဖော်ပြထားသည်။

မကြာသေးမီက ပြုလုပ်သည့် ကုန်သွယ်မှု၊ စီးပွားရေး၊ သိပ္ပံ၊ နည်းပညာနှင့်ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစိုးရအဆင့်ကော်မရှင်၏ အစည်းအဝေးတွင် အဆိုပါကတ်များအား လက်ခံခွင့်ပြုနိုင်ခြေကို လေ့လာရန်ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း၊ RuPay နှင့် Mi ကတ်များကို အပြန်အလှန်လက်ခံခြင်းသည် အိန္ဒိယနှင့်ရုရှားနိုင်ငံသားများကို ၎င်းတို့၏နိုင်ငံများတွင် အိန္ဒိယရူပီးနှင့် ရုရှားရူဘယ်များဖြင့် ပြဿနာကင်းစွာ ငွေပေးချေနိုင်စေရန် ကူညီပေးလိမ့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Mr. Subraanyam Jaishankar နှင့် ရုရှားနိုင်ငံဒုတိယဝန်ကြီးချုပ် Mr. Denis Manturov တို့ ပူးတွဲသဘာပတိအဖြစ် တက်ရောက်သော အဆိုပါအစည်းအဝေးတွင် အိန္ဒိယအမျိုးသားငွေပေးချေမှုကော်ပိုရေးရှင်း၏ ငွေပေးချေမှုစနစ်နှင့် ရုရှားဘဏ်၏ အမြန်ငွေပေးချေမှုစနစ်တို့အကြား အပြန်အလှန်ဆက်သွယ်နိုင်ခြေကို ရှာဖွေရန် သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။

Source: https://ria.ru/20230430/karty-1868895841.html

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

 

 

 

Category: International News