International News

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းရှိ လွတ်လပ်စွာကုန်သွယ်နိုင်သော စီးပွားရေးဇုန်များကောင်စီမှ ‘လွပ်လပ်သော စီးပွားရေးဇုန်များမော်ဒယ် ၂၀၃၀’ ကို ဆွေးနွေးပွဲပြုလုပ်ခဲ့

Last Updated:

လွတ်လပ်စွာကုန်သွယ်နိုင်သော စီးပွားရေးဇုန်များကောင်စီ(DFZC)၏ဥက္ကဋ္ဌဖြစ်သူ Sheikh Ahmed bin Saeed Al Maktoum မှ ၂၆ ကြိမ်မြောက် အဆိုပါကောင်စီအစည်းအဝေးတွင် ဒူဘိုင်း၏စီးပွားရေးကို ကွဲပြားစေကာ နိုင်ငံ တကာရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် DFZC၏ ဦးဆောင်မှုအခန်းကဏ္ဍကို မြှင့်တင်ပေးမည့် စွမ်းဆောင်ရည်ညွှန်းကိန်းများကိုဖော်ထုတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း အတည်ပြုပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း အဆိုပါလွပ်လပ်သောစီးပွားရေးဇုန်များဇုန်များသည် ဒူဘိုင်းအား ကမ္ဘာတစ်ဝှမ်းမှ ရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင်မှုအရှိဆုံးနေရာများထဲမှ တစ်ခုဖြစ်လာစေရန် ပံ့ပိုးပေးခဲ့ပြီး ယနေ့အချိန်တွင်၎င်းတို့မှ နှစ်စဉ်ဆွဲဆောင်နိုင်ရန် ရည်ရွယ်ပြီး လွပ်လပ်သောစီးပွားရေးဇုန်များ မော်ဒယ် ၂၀၃၀(Free Zones Model 2030)ကို ဖော်ထုတ်ဆောင်ရွက်ခြင်းဖြင့် အဆိုပါအောင်မြင်မှုများကို မြှင့်တင်ရန်လုပ်ဆောင်နေကြောင်း လာမည့်ဆယ်နှစ်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများ၊ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ပေးခြင်း၊ ကုမ္ပဏီများတည်ထောင်ခြင်း၊ တိုးချဲ့ခြင်းနှင့် တိုးတက်မှုတို့ကို ပံ့ပိုးပေးခြင်းဖြင့် ဒူဘိုင်း၏စီးပွားရေးပမာဏကို နှစ်ဆတိုးစေရန်ရည်ရွယ်သည့် ဒူဘိုင်းစီးပွားရေးအစီအစဉ် D33 ၏ ရည်မှန်းချက်များကိုပံ့ပိုးပေးလျက်ရှိကြောင်း ကောင်စီဥက္ကဋ္ဌမှ ပြောကြားခဲ့ပါသည်။

ဒူဘိုင်း၏ဦးဆောင်မှုကို အခွင့်အလမ်းတစ်ရပ်အဖြစ်မြှင့်တင်ရန်နှင့် ဆန်းသစ်သောစိတ်ကူးစိတ်သန်းများနှင့် အောင်မြင်မှုဂုဏ်သတင်းများကို လှုံ့ဆော်ပေးရန်အတွက် ကမ္ဘာ့စီးပွားရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများဆွဲဆောင်ရန်နှင့် ဆွဲဆောင်မှုအားကောင်းစေရန် ဒူဘိုင်း၏လွတ်လပ်သောဇုန်များ မော်ဒယ်ကို ဆက်လက်ဖော်ဆောင် သွားရန် ၎င်းတို့မှဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

လွပ်လပ်သောစီးပွားရေးဇုန်များမော်ဒယ် ၂၀၃၀

ကောင်စီအဖွဲ့ဝင်များမှ ဒူဘိုင်း၏ယှဉ်ပြိုင်နိုင်စွမ်းနှင့် စီးပွားရေးအောင်မြင်မှုကို တွန်းအားပေးရန်အတွက် DFZC မှ ဆောင်ရွက်ခဲ့သည့် လွပ်လပ်သောစီးပွားရေးဇုန်များမော်ဒယ် ၂၀၃၀ ၏ ဖွံ့ဖြိုး တိုးတက်မှုများကို ပြန်လည်သုံးသပ်ခဲ့ကြပါသည်။

ကင်းမဲ့ဇုန်များ အညွှန်းများ

DFZC သည် လွပ်လပ်သောစီးပွားရေးဇုန်များရှိ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများအား အချိန်နှင့်တပြေးညီ အချက်အလက်များအား ပေးဆောင်မည့် ယန္တရားတစ်ရပ်ကို ဖွံ့ဖြိုးတိုးတက်စေရန်၊ လုံခြုံစိတ်ချရမှုနှင့် သင့်လျော်သောစီမံခန့်ခွဲမှုကိုအာမခံစေပြီး ဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်းကို အရှိန်မြှင့်ဆောင်ရွက်သွားရန်ကိုလည်း အတည်ပြုခဲ့ပါသည်။

အဆိုပါအညွှန်းကိန်းများသည် မဟာဗျူဟာဆုံးဖြတ်ချက်ချမှတ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး လွတ်လပ်သောဇုန်များတွင် စီးပွားရေးလုပ်ဆောင်မှုများ၏ စွမ်းဆောင်နိုင်မှုကို တမဟုတ်ခြင်းနှင့်ကျယ်ကျယ်ပြန့်ပြန့်ထိုးထွင်းသိမြင်နိုင်စေရန်အတွက် အချက်အလက်များအားခွဲခြမ်းစိတ်ဖြာခြင်းနှင့် စီးပွားရေးစွမ်းဆောင်ရည်စောင့်ကြည့်ခြင်းများမှတစ်ဆင့် သတင်းအချက်အလက်စီမံခန့်ခွဲမှု၏ ထိရောက်မှုအပေါ် မြှင့်တင်ပေးလျက်ရှိပါ သည်။

ငွေကြေးဆိုင်ရာဆောင်ရွက်မှုနှင့် လိုက်နာမှုစံနှုန်းများ

ထို့အပြင် အဆိုပါကောင်စီသည် စီမံခန့်ခွဲရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် အရောင်းအ၀ယ်လုပ်ထုံးလုပ်နည်းများကို လွယ်ကူချောမွေ့စေမည့်ဥပဒေမူကြမ်းတစ်ခု၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့်ပတ်သက် ၍ ဒူဘိုင်း၏စီးပွားရေးကို ဆွဲဆောင်မှုအားကောင်းစေရန် အရည်အချင်းရှိသူများ၊ စွန့်ဦးတီထွင်လုပ်ငန်းများ၊ SME လုပ်ငန်းများနှင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများတို့အတွက် လိုက်လျောညီထွေမှုရှိသော ယဉ်ကျေးမှုတစ်ရပ်ကိုဖန်တီးရန်နှင့် အကောင်းဆုံးစံနှုန်းများကို ကျင့်သုံးရန်အတွက် ဒူဘိုင်းလွပ်လပ်သောစီးပွားရေးဇုန်များ၏ အခန်းကဏ္ဍကိုအားကောင်းစေသော ဘဏ္ဍာရေးဆိုင်ရာလှုပ်ရှားမှုအဖွဲ့(FATF)၏ ဆက်စပ်သောစွမ်းဆောင်ရည်နှင့် ရလဒ်များအပေါ်တွင် ကောင်စီမှ အကျဉ်းချုံးဆွေးနွေးခဲ့ကြပါသည်။

ပြီးမြောက်သောလမ်းကြောင်းပေါ်ရှိစီမံကိန်းများ

ကောင်စီသည် အထူးပြုကော်မတီများနှင့် ဒူဘိုင်းလိုင်စင်၊ လွပ်လပ်သောစီးပွားရေးဇုန်များ၏ စီးပွားရေးဆိုင်ရာအကျိုးသက်ရောက်မှုများ၊ စောင့်ကြည့်လေ့လာခြင်းများအပါအဝင် ကောင်စီ၏ကြီးကြပ်မှုအောက်တွင် ဆောင်ရွက် ခဲ့သော ၂၀၂၃ ခုနှစ် စီမံကိန်းများ၏ လုပ်ငန်းဆောင်ရွက်မှုအကျဉ်းချုပ်အစီရင်ခံချက်များအား ပြန်လည်သုံးသပ်ခဲ့ပါသည်။ စွမ်းအင်လိုအပ်ချက်၊ ငွေကြေးခဝါချမှုကို တုန့်ပြန်ခြင်းနှင့် လွပ်လပ်သောစီးပွားရေးဇုန်များရှိ ဝန်ဆောင်မှုများအား အမည်သတ်မှတ်ခြင်းဆိုင်ရာ စံနှုန်းများတို့ကို လွပ်လပ်သောစီးပွားရေးဇုန်အာဏာပိုင်များနှင့် ဇုန်တစ်ခုစီရှိကုမ္ပဏီများအတွက် ကော်ပိုရိတ်အခွန်စည်းကြပ်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးမှုများအပါအဝင် အခြားစီမံကိန်းများ၏ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

၂၀၂၄ ခုနှစ် ဘဏ္ဍာရေး

ဒူဘိုင်း၏ လွပ်လပ်သောစီးပွားရေးဇုန်များ၏အခန်းကဏ္ဍနှင့် ယူအေအီးနိုင်ငံ၏စီးပွားရေးအတွက် ပံ့ပိုးမှုများကို မြှင့်တင်ရန်အတွက် လွပ်လပ်သောစီးပွားရေးဇုန်အာဏာပိုင်များ၏ စီမံကိန်းများကို အပြုသဘောဆောင်ဆောင်ရွက်လျက်ရှိသည့်ဘဏ္ဍာငွေများနှင့် ဆောင်ရွက်ပေးခဲ့သည့် ဘဏ္ဍာရေးအခြေအနေများတို့ကို ပြန်လည်သုံးသပ်ခဲ့ကြကာ အစည်းအဝေးကိုနိဂုံးချုပ်ခဲ့ကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ယူအေအီးနိုင်ငံသည် ၎င်း၏ဗျူဟာမြောက်တည်နေရာ၊ ကမ္ဘာ့အဆင့်မီအခြေခံအဆောက်အအုံများနှင့် အစိုးရ၏ပံ့ပိုးကူညီမှုဆိုင်ရာမူဝါဒများနှင့် အခြားအချက်အလက်ပေါင်းများစွာကြောင့် ကမ္ဘာ့စီးပွားရေးလုပ်ငန်းများနှင့်ကုမ္ပဏီကြီးများတို့၏ အခြေပြုရာဗဟိုအချက်အခြာဒေသအဖြစ် လျင်မြန်စွာရောက်ရှိလာခဲ့ပြီး ယူအေအီးနိုင်ငံရှိအဓိကစီးပွားရေးမြို့တော်ဖြစ်ရာ ဒူဘိုင်းနှင့်အခြားပြည်နယ်များတွင် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများကို လာရောက်ရင်းနှီးမြှုပ်နှံသူများနှင့် စွန့်ဦးတီထွင်ကြသူများတို့အတွက် multidisciplinary Free Zone ပေါင်း ၄၆ ခုခန့်ဖြင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ကျော်မှ နိုင်ငံတကာစီးပွားရေးလုပ်ငန်းကြီးပေါင်း ၈,၀၀၀ ကျော်တို့မှ ပြည်ပရင်းနှီးမြှုပ်နှံသူများ၊ နိုင်ငံတကာစီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီကြီးများကို ၎င်းတို့၏အဆင့်မြင့်မားသော အခြေခံအဆောက် အဦများ၊ စီးပွားရေးလုပ်ငန်းများလွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်စေရန် ထူးခြားသောဝန်ဆောင်မှုများတို့ဖြင့် ၎င်းတို့၏အချိန်နှင့် လုပ်ငန်းဆောင်ရွက်မှုများစွာကို သက်တောင့်သက်သာဖြစ်စေရန်အတွက် ဆွဲဆောင်ထားရှိပါသည်။

လွတ်လပ်စွာကုန်သွယ်နိုင်သော စီးပွားရေးဇုန်များဟုလူသိများကြသော Free Zone များသည် ယူအေအီးနိုင်ငံတွင် အခွန်နှင့်အကောက်ခွန်အခကြေးငွေများကိုဖယ်ရှားပေးထားခြင်းဖြင့် ကုန်စည်၊ ဝန်ဆောင်မှုများနှင့် ကုန်သွယ်မှုများကို လွယ်ကူချောမွေ့စွာဆောင်ရွက်စေနိုင်ရန်အတွက် ယူအေအီးအစိုးရမှသတ်မှတ်ထားသောနယ်မြေရပ်ဝန်းဒေသများဖြစ်ပြီး ၎င်းစီးပွားရေးဇုန်များသည်ကုန်သွယ်မှု ပြုလုပ်ရန်အတွက် မဟာဗျူဟာမြောက်လမ်းပြမြေပုံကိုပေးဆောင်ထားကာ နိုင်ငံတကာလုပ်ငန်းရှင်များသည် ၎င်းတို့၏စီးပွားရေးလုပ်ငန်းများအားပိုင်ဆိုင်မှု ၁၀၀ % ရရှိစေခြင်း(Ownership)နှင့် အရင်းအနှီးနှင့်အကျိုးအမြတ် ၁၀၀ % မူရင်းနိုင်ငံသို့ပြန်လည်ပေးပို့နိုင်ခြင်း (Repatriation) အပြည့်အဝပေးအပ်ထားခြင်း၊ နိုင်ငံတကာစီးပွားရေးလုပ်ငန်းများစတင်ဆောင်ရွက်ရာတွင် လျှင်မြန်လွယ်ကူစွာဆောင်ရွက်နိုင်ခြင်း(Fast & Easy Set-Up)၊ လုပ်ငန်းအသိုက်အဝန်းဖွံ့ဖြိုးတိုးတက်မှုရှိခြင်း (Business Communities)၊ ဈေးကွက်ယှဉ်ပြိုင်မှုကုန်ကျစရိတ်များအတွက် ရွေးချယ်စရာမြောက်များစွာရရှိနိုင်ခြင်း(Competitive Cost)၊ ဝင်ငွေခွန်နှင့် Corporate အခွန်အခများ ၁၀၀ % ကင်းလွတ်ခွင့်ရရှိစေခြင်း(Corporate & Income Taxes)နှင့် အကောက်ခွန်ကင်းလွတ်ခွင့် ၁၀၀ % ကင်းလွတ်ခွင့်ရရှိစေခြင်း(Customs Duty)၊ လွပ်လပ်စွာလုပ်ငန်းဆောင်ရွက်စေနိုင်မည့် ဥပဒေနှင့်စည်းမျည်းစည်းကမ်းများရှိခြင်း(Independent Laws & Regulations) ၊ ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်များအား လွယ်ကူစွာထိုးဖောက်ဝင်ရောက်စေနိုင်ခြင်း(Easy Regional & Global Market Access)၊ နိုင်ငံတကာအဆင့်မီခေတ်မီအခြေခံအဆောက်အဦများတည်ရှိခြင်း(Modern & Sophisticated Infrastructure)၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှု၊ ထိန်းသိမ်းသိုလှောင်မှုနှင့် ထုပ်ပိုးမှုများကို ကမ္ဘာ့အဆင့်စီစဉ်ဆောင်ရွက်ပေးထားခြင်း၊ ယူအေအီးနိုင်ငံတွင် နေထိုင်ခွင့်(၃)နှစ်ဗီဇာနှင့် နှစ်ရှည်လိုင်စင်ရရှိစေမှု၊ Free Zone အများအပြားတွင် VAT ကင်းလွတ်ခွင့် ပြုထားခြင်း(VAT Exemption)နှင့် ကုန်စည်လွယ်ကူလျှင်မြန်ချောမွေ့စွာ ကူးသန်းရောင်းဝယ်နိုင်ရေးအတွက် အကောက်ခွန်ဂိတ်ထားရှိပေးထားခြင်း(သို့မဟုတ်)အကောက်ခွန်ဂိတ်အနီးတွင်တည်ရှိခြင်း၊ ၎င်းဇုန်များသို့တင်ပို့သည့်ကုန်စည်များအား အကောက်ခွန် Duty ပေးဆောင်ရန်မလိုအပ်ခြင်း စသည့်ဝန်ဆောင်မှုများ၊မက်လုံးများတို့ဖြင့် နိုင်ငံတကာမှရင်းနှီးမြှုပ်နှံမည့် စီးပွားရေးလုပ်ငန်းကြီးများအား ဆွဲဆောင် ထားရှိနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

Source: emirates247.com

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News