Local News

ပဲစဉ်းငုံစျေးမြင့်တက်လာပြီး ယခုရက်ပိုင်းစျေးအေးသွား

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်းရှိ အောင်လံကုန်စည်ဒိုင်တွင် နှမ်း၊ ပဲမျိုးစုံတို့ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ယခင်ရက်ပိုင်းတွင် ပဲစဉ်းငုံစျေးမြင့်တက်လာရာမှ ယခုရက် ပိုင်းတွင်စျေးအေးလာသည်။ ပဲစဉ်းငုံသည် အိန္ဒိယဝယ်လိုအားရှိသည့် သီးနှံလည်းဖြစ်၍ ပြည်တွင်း လှောင်လက်များမှ ဝယ်ယူကြသဖြင့် စျေးကောင်းသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

ဖေဖေါ်ဝါရီလဆန်းပိုင်းတွင် ပဲစဉ်းငုံ(နီ)စျေးမှာ ၂၀ပိသာတစ်တင်းလျှင် ကျပ် (၁၃၄၀၀၀)စျေးအထိ အမြင့်စျေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ မတ်လဆန်းပိုင်းဖြစ်သည့် မတ်လပထမပတ်တွင် ပဲစဉ်းငုံ(နီ)စျေးမှာ ၂၀ပိသာတစ်တင်းလျှင် ကျပ် (၁၂၅၀၀၀)စျေးအထိ ပြန်လည်ကျဆင်းလာပြီး မတ်လဒုတိယပတ်တွင် ပဲစဉ်းငုံ(နီ)စျေးမှာ ၂၀ပိသာတစ်တင်းလျှင် ကျပ်(၁၂၁၂၀၀)စျေးဖြင့် စျေးအေးနေကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News