ဝန်ကြီးချုပ် Shri Narendra Modi က Bihar ပြည်နယ်၊ Gaya မြို့တွင် ဒေသတွင်း အခြေခံအဆောက်အအုံ၊ ခရီးလမ်းချိတ်ဆက်မှုနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန်ရည်ရွယ်သည့် ရူပီး ၁၂,၀၀၀ ကုဋေတန်ဖိုးရှိဖွံ့ဖြိုးရေးစီမံကိန်းများစွာကို အုတ်မြစ်ချဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ခရီးလမ်းချိတ်ဆက်မှုကိုမြှင့်တင်ရန် ဝန်ကြီးချုပ်သည် အမျိုးသားအဝေးပြေးလမ်းမ -၃၁(NH-31)ပေါ်ရှိ ၈ ဒသမ ၁၅ ကီလိုမီတာရှည်လျားသော Aunta–Simaria တံတားစီမံကိန်းကို ဖွင့်လှစ်ပေးခဲ့ရာ ၎င်းတွင် ဂင်္ဂါမြစ်ပေါ်ရှိ ၁ ဒသမ ၈၆ ကီလို မီတာရှည်လျားသော ၆ လမ်းသွားတံတားလည်းပါဝင်ပြီး ရူပီး ၁,၈၇၀ ကုဋေကျော်ကုန်ကျခဲ့ကြောင်းသိရသည်။ ၎င်းသည် Patna မြို့ရှိ Mokama နှင့် Begusarai တို့အကြား တိုက်ရိုက်ချိတ်ဆက်မှုကို ပေးစွမ်းမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားအသစ်သည် Bihar မြောက်ပိုင်း(Begusarai, Supaul, Madhubani, Purnea, Araria စသည်)နှင့် Bihar တောင်ပိုင်းဒေသများ (Sheikhpura, Nawada, Lakhisarai စသည်)အကြား ခရီးသွားလာသော ယာဉ်ကြီးများအတွက် ၁၀၀ ကီလို မီတာကျော်သွားရမည့် ပိုမိုကြာမြင့်သည့် သွားလာချိန်ကိုလျှော့ချပေးမည်ဖြစ် ကြောင်းသိရသည်။ယာဉ်များလမ်းကြောင်းပြောင်းရခြင်းကြောင့် ဒေသတွင်း အခြား နေရာများတွင်ဖြစ်ပေါ်တတ်သော ယာဉ်ကြောပိတ်ဆို့မှုပြဿနာများကိုလည်း လျှော့ချပေးနိုင်မည်ဟု သိရသည်။
ဝန်ကြီးချုပ်သည် ရူပီး ၁,၉၀၀ ကုဋေခန့်တန်ဖိုးရှိသော NH-31 ၏ Bakhtiyarpur မှ Mokama သို့သွားသည့် လေးလမ်းသွားလမ်းပိုင်းကိုလည်းဖွင့်လှစ်ပေးခဲ့ရာ ယာဉ် ကြောပိတ်ဆို့မှုကို လျှော့ချပေးကာ ခရီးသွားလာချိန်ကို လျှော့ချပေးပြီး ခရီးသည်နှင့် ကုန်စည်စီးဆင်းမှုကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် Bihar ရှိ NH-120 ၏ Bikramganj–Dawath–Nawanagar–Dumraon လမ်းပိုင်းရှိ ကတ္တရာခင်းထားသော ပခုံးလမ်းပါနှစ်လမ်းသွားလမ်းကို အဆင့်မြှင့်တင်ခဲ့ကြောင်း သိရသည်။
Bihar ပြည်နယ်၏လျှပ်စစ်ဓာတ်အားကဏ္ဍအခြေခံအဆောက်အအုံကိုခိုင်မာစေရန် ဝန်ကြီးချုပ်သည် ရူပီး ၆,၈၈၀ ကုဋေခန့်တန်ဖိုးရှိ လျှပ်စစ်ဓါတ်အား ၆၆၀ မီဂါဝပ်ထုတ်ပေးနိုင်သော Buxar Thermal Power Plant ကို ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဝန်ကြီးချုပ်သည် Muzaffarpur ရှိ Homi Bhabha Cancer Hospital & Research Centre ကိုဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါစင်တာတွင် အဆင့်မြင့် Oncology OPD၊ IPD လူနာဆောင်များ၊ ခွဲစိတ်ခန်းများ၊ ခေတ်မီဓာတ်ခွဲခန်း၊ သွေး လှူဘဏ်နှင့် ခုတင် ၂၄ ခုပါ ICU(Intensive Care Unit)နှင့် HDU(High Dependency Unit)တို့ပါဝင်ကြောင်း သိရသည်။
ဝန်ကြီးချုပ်သည် ရူပီး ၁,၂၆၀ ကုဋေခန့်တန်ဖိုးရှိ မြို့ပြအခြေခံအဆောက်အအုံစီမံကိန်းများစွာအတွက် အုတ်မြစ်ချပေးခဲ့ကြောင်းသိရသည်။ဒေသတွင်းရထားလမ်း ချိတ်ဆက်မှုကို မြှင့်တင်ပေးသည့်အနေဖြင့် ဝန်ကြီးချုပ်သည် ရထားနှစ်စီးကို အစိမ်းရောင်အလံပြဖွင့်လှစ်ပေးခဲ့သည်။ Gaya နှင့် Delhi အကြား Amrit Bharat Express နှင့် Vaishali နှင့် Koderma အကြား Buddhist Circuit Train တို့သည် ခရီးသွားလာရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ဒေသတွင်း အဓိကဗုဒ္ဓဘာသာအထိမ်းအမှတ်နေရာများတစ်လျှောက် ခရီးသွားလုပ်ငန်းနှင့် ဘာသာရေးခရီးသွားလာမှုကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း သိရသည်။
Source: NBM&CW, PM Modi Inaugurates & Lays Foundation of ₹12,000-Cr Development Projects in Gaya, Bihar, Aug 22, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)