မကြာသေးမီက ပြီးဆုံးသွားသည့် "Double 11" ဈေးပွဲတော်အတွင်း တရုတ်စားသုံးသူများအနေဖြင့် တစ်ကမ္ဘာလုံးမှ ထုတ်ကုန်များကို ဝယ်ယူနိုင်သည့် အဆင်ပြေမှုကို ထပ်မံခံစားရသည်။ ဤအရာကို ဖြစ်မြောက်အောင် တခြားနိုင်ငံများမှ လုပ်ငန်းများစွာကလည်း နောက်ကွယ်မှ ကြိုးစား အားထုတ်နေကြ သည်။
ဂျော်ဂျီယာ၏ ပြည်တွင်းဈေးကွက်သည် လူဦးရေ ၃ သန်းကျော်သာရှိပြီး မိမိတို့၏ ကမ္ဘာလုံးဆိုင်ရာ ချဲ့ထွင်မှုတွင် ပရိုမိုးရှင်းပွဲတစ်ခုအတွင်း ယခု ကဲ့သို့ကြီးမားသည့်ဝယ်လိုအားကို မကြုံဖူးကြောင်း ဂျော်ဂျီယာက ဓာတ်သတ္ထုရေအမှတ်တံဆိပ်တစ်ခု(a mineral water brand in Georgia)ဖြစ်သည့် Borjomi ၏အရှေ့ကမ္ဘာခြမ်းရောင်းချရေးနှင့် အီလက်ထရွန်းနစ်ကူးသန်းရောင်းဝယ်ရေး(sales and e-commerce for the Eastern Hemisphere)ဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Yang Wenhan က ပြောကြားခဲ့သည်။ ယခုနှစ်သည် ဈေးဝယ်ပွဲတော်တွင် ၎င်းတို့အမှတ်တံဆိပ်၏ ပထမဆုံးပါဝင်မှုဖြစ်သည်။ သြဂုတ်လတွင် Alibaba ၏ အွန်လိုင်းဈေးကွက်ဖြစ်သော Tmall တွင် ၎င်း၏အဓိကဆိုင်ခန်းကို စတင်ဖွင့်လှစ်ခဲ့သည်။
ဆိုင်ခန်းဖွင့်လှစ်ပြီး ပထမလအတွင်း ထုတ်ကုန်များစွာ ရောင်းအားကောင်းခဲ့ပြီး စက်တင်ဘာလရောက်သည့်အခါ ပစ္စည်းနှစ်ခုလုံးက လုံးဝရောင်းကုန်သွားခဲ့ကြောင်း၊ ဤအခြေအနေနှင့် ရင်ဆိုင် ရသောအခါ ကုမ္ပဏီသည် "Double 11" အတွက်ပြင်ဆင်ရန် အထူးအစီအမံများချမှတ်ခဲ့ရကြောင်းနှင့် မိမိတို့အတွက် သိသာထင်ရှားသောလုပ်ဆောင် ချက်နှစ်ခုသည် အချိန်ပိုအလုပ်လုပ်ခြင်းနှင့် လေကြောင်းပို့ဆောင်ရေးကို ပြောင်းလဲအသုံးပြုခြင်းတို့ဖြစ်ပါကြောင်း Yang က ပြောကြားခဲ့သည်။
အမှာစာများမြင့်တက်လာမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဒေသခံစက်ရုံသည် ယာယီအားဖြင့် အလုပ်သမား ၅၀ ကျော်ကို ငှားရမ်းခဲ့ရသည်။ ကုမ္ပဏီသည် ဂျော်ဂျီယာမှ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ ချန်ဒူးမြို့သို့ သတ္တုရေ(mineral water)ပုလင်း ၃၀၀, ၀၀၀ ခန့်သယ်ယူပို့ဆောင်ရန်အတွက် လေယာဉ်သုံးစင်းကို ငှားရမ်းခဲ့ရသည်။
တရုတ်ဈေးကွက်အတွက် မိမိတို့အနေဖြင့် လေကြောင်းကုန်စည်ပို့ဆောင်ခကုန်ကျစရိတ်ကို သိသိသာသာမြင့်မားစွာ ရွေးချယ်ခဲ့ရကြောင်း၊ ယင်းသည် မိမိတို့အနေဖြင့် ယခင်က မလုပ်ဖူးသောအရာ ဖြစ်ပါကြောင်းနှင့် တခြားဈေးကွက်တစ်ခုခုက ဤမျှကြီးမားသော ဝယ်လို အားကို ဖန်တီးပေးနိုင်ခဲ့ခြင်းမရှိပါကြောင်း Yang က ပြောကြားခဲ့သည်။ အလွန်အမင်းကြီးမားသော ဝယ်လိုအားသည် တရုတ်ဈေးကွက်အပေါ် Borjomi ၏ပထမဆုံးထင်မြင်ချက်ကို ပုံဖော်ပေးနိုင်ခဲ့သည်။ အဆိုပါ "Double 11" ပွဲတော်တွင် ကမ္ဘာ့နိုင်ငံနှင့်ဒေသပေါင်း ၆၉ ခုမှ လုပ်ငန်းပေါင်း ၈၀၀ ကျော်ပါဝင်ခဲ့ကြသည်။
ထိုင်းကုမ္ပဏီတစ်ခုသည် သံပုရာလက်ဖက်ရည်(Lemon tea)၊ အားဖြည့်အချိုရည်များ(energy drinks)နှင့် အရာသာရှိသော အဖျော်ယမကာများ(flavored beverages)ကဲ့သို့သောထုတ်ကုန်များကို တရုတ်ဈေးကွက်သို့ မိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်ထားသည်။ ၎င်းအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံအတွင်း ယွမ်သန်းတစ်ထောင်နီးပါး(အမေရိကန်ဒေါ်လာ ၁၄၁ သန်းခန့်) ရောင်းအားရရှိရန် မျှော်မှန်းထား သည်။
တူရကီနိုင်ငံ၏ "သဖန်းသီးပြည်" (land of figs) အဖြစ် လူသိများသော Aydin တွင် လယ်သမားများသည် စောစောထ၍ အလုပ်စတင်လုပ်ကိုင်ကြသည်။ ဤနေရာရှိ သဖန်းသီးများကို တစ်နှစ်လျှင် တစ်ကြိမ်သာ ရိတ်သိမ်းကြသည်။အော်ဂဲနစ်ခြောက်သဖန်းသီးများဈေးပွဲတော်အတွက် တရုတ်နိုင်ငံသို့ အချိန်မီရောက်ရှိစေရန် ပြည်တွင်းအမှတ်တံဆိပ် "Happy Village" သည် မေလအစောပိုင်းကပင် ကြိုတင်ပြင်ဆင်ပြီး ထုတ်လုပ်မှုကို အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့သည်။
လွန်ခဲ့သောနှစ်အနည်းငယ်က "Happy Village" သည် တရုတ်ဈေးကွက်သို့ ကုန်သွယ်မှုမှတစ်ဆင့် ပထမဆုံးဝင်ရောက်ခဲ့ပြီး ထုတ်ကုန်အချို့ကို စူပါမားကတ်များတွင် ရောင်းချနိုင်ခဲ့သည်။ ယခုနှစ်တွင် ယင်းမှတ်တံဆိပ်သည် ပိုမိုအားကောင်းသော တွန်းအားတစ်ခုပြုလုပ်နေပြီး ၂၀၂၅ ခုနှစ် နှစ်အစပိုင်းတွင် Tmall ကဲ့သို့သော ဈေးဝယ်ပလက်ဖောင်းများတွင် တရုတ်စားသုံးသူများထံသို တိုက်ရိုက်ရောင်းချရန်အတွက် flagship စတိုးဆိုင်များကို ဖွင့်လှစ်နိုင်ခဲ့သည်။
ပထမဆုံးနေ့ကတည်းကပင် စွမ်းဆောင်ရည်သည် အံ့မခန်းဖြစ်ခဲ့ရကြောင်း Happy Village ၏ အမှတ်တံဆိပ်မန်နေဂျာ Gu Jiali က ပြောကြားခဲ့သည်။ ဆိုင်ဖွင့်လှစ်ခဲ့သည့်နေ့ကစ၍ တရုတ်နှစ်သစ်ကူးကာလအတွင်းပင် ရောင်းအားများ နေ့စဉ်မြင့်တက်လာခဲ့သည်။ ထုတ်ကုန်များကိုပင်လယ်ရပ်ခြားမှ တင်ပို့ရခြင်းဖြစ်ပြီး ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များကြာမြင့်ခြင်းကြောင့် ဆိုင်တွင် တစ်ခါတစ်ရံ ကုန်ပစ္စည်းများပြတ်လပ်လေ့ရှိတတ်သည်။ ယခင်အတွေ့အကြုံများမှ သင်ယူပြီး လုပ်ငန်းလည်ပတ်ရေးအဖွဲ့သည် မေလအစောပိုင်းကတည်း က ၎င်းတို့၏အမှာစားများကို ရုံးချုပ်သို့ ပေးပို့ခဲ့သည်။ “Double 11” သည် မိမိတို့ပါဝင်ရမည့်ပြပွဲတစ်ခုဖြစ်ကြောင်း၊ စားသုံးသူများ ပိုမိုများပြားလာစေရန်နှင့် မိမိတို့၏ထုတ်ကုန်များကို စမ်းသပ်အသုံးပြုကြည့်နိုင်ရန်အတွက် အခွင့်အရေးတစ်ခုဖြစ်ပါကြောင်း Gu က ပြောကြားခဲ့သည်။
“Double 11” ဈေးပွဲတော်အတွက် ဘူဂေးရီးယားနှင်းဆီအဆီအမှတ်တံဆိပ် Lema သည် နှင်းဆီအစိမ်းရောင်ကီလိုဂရမ် ၃ သိန်းပြင်ဆင်ခဲ့သည်။ ဘူဂေးရီးယားနိုင်ငံ၏"နှင်းဆီမြို့တော်"ဖြစ်သည့် Kazanlak တွင် Lema မိသားစုသည် ဟက်တာ ၅၆ ကျယ်ဝန်းသည့် နှင်းဆီပန်းခြံများကို ကြီးကြပ်ကွပ်ကဲလျက်ရှိသည်။
မေလနှင့် ဇွန်လတို့တွင် ပန်းတွေအပြည့်အဝပွင့်သည့်အခါ အလုပ်သမား ၅၀၀ ကျော်သည် နံနက်အရုဏ်တက်အချိန်မှစ၍ မွန်းလွဲချိန်အထိ ပန်းများခူးဆွတ်ကြပြီး နှင်းဆီများကို အဆီထုပ်သည့် အဆင့်ထိလုပ်ဆောင်ကြသည်။ ယင်းနောက် နှင်းဆီးအဆီများကို ထုတ်ပိုး၍ တရုတ်နိုင်ငံသို့ ပို့ဆောင် ကြသည်။
Tmall တွင် ဖွင့်လှစ်ထားသည့် Lema ၏ စတိုးဆိုင်အကြီးအကဲ Jin Ling က ယခုနှစ် "Double 11" ၌ ၎င်းတို့၏ရောင်းအားသည် ယခင်နှစ် အလားတူကာလရောင်းအားထက် ငါးဆကျော်ပိုမိုကြောင်း ပြောကြားခဲ့သည်။ Lema သည် ပြီးခဲ့သည့် ဇူလိုင်လတွင် တရုတ် e-commerce ပလက်ဖောင်းတစ်ခု၌ ၎င်းတို့၏ဆိုင်ကို ဖွင့်လှစ်ခဲ့ပြီး ဘူလ်ဂေးရီးယားနှင်းဆီထုတ်ကုန်များကို တရုတ် bonded warehouses များသို့ တိုက်ရိုက်ရောက်ရှိစေနိုင်ခဲ့သည်။ တစ်နှစ်ကျော်ကြာပြီးနောက် Lema အမှတ်တံဆိပ်သည် တရုတ်ဈေးကွက်ကို ပိုမိုနားလည်လာခဲ့သည်။ ယခုနှစ် "Double 11" အတွက် ဆိုင်တွင် ယခင်ကုန်ပစ္စည်းထက် လေးဆ တိုး၍ ပိုမိုသိုလှောင်ထားခဲ့ရသည်။တရုတ်ဈေးကွက်က ကြီးမားကြောင်း၊ ဆိုင်ဖွင့်လှစ်ချိန်မှစ၍ မိမိတို့သည် အလားအလာရှိသော စားသုံးသူအနည်းငယ်ကိုသာရရှိခဲ့သည်ကို သတိထားမိခဲ့ကြောင်း၊ ပိုမိုများပြားသော စားသုံးသူများအနေဖြင့် မိမိတို့၏ထုတ်ကုန်များကို တွေ့ရှိနိုင်ရန် မျှော်လင့်ကြောင်း Jin က ပြောကြားခဲ့သည်။
"Double 11" သည် နိုင်ငံတကာမှအမှတ်တံဆိပ်များအတွက် စမ်းသပ်မှု တစ်ခုသာမက တရုတ်စားသုံးသူများ၏ နောက်ဆုံးပေါ် နေထိုင်စားသောက်မှုပုံစံ၊ ဈေးကွက်အမြင်နှင့် ပို့ဆောင်ဆက်သွယ်ရေးပုံစံတို့ကို တိုက်ရိုက်သိရှိနိုင်သော ဈေးကွက်ကြီးတစ်ခုလည်းဖြစ်ပါသည်။ အောင်မြင်မှုရရှိရန်အတွက် နိုင်ငံတကာအမှတ်တံဆိပ်များအနေဖြင့် အချက်အလက်များအပေါ် အခြေခံသောဆုံးဖြတ်ချက်ချမှတ်ခြင်း၊ "Double 11" ပလက်ဖောင်းဗျူဟာကို ပိုင်နိုင်စွာအကောင်အထည်ဖော်ခြင်းနှင့် ရေရှည်တည်တံ့သော ထောက်ပံ့ရေးကွန်ယက်တစ်ခုတည်ဆောက်ခြင်းတို့ကို ပေါင်းစပ်ဆောင်ရွက်နိုင်ရန် လိုအပ်မည်ဖြစ်ပါ သည်။
အရင်းမြစ်။ https://en.people.cn/n3/2025/1128/c90000-20396146.html
(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)