International News

သမ္မတထရမ့်အစိုးရက  ဖက်ဒရယ်အစိုးရဝန်ထမ်း (၅၀,၀၀၀)အထိ သက်ရောက်နိုင်မည့် အလုပ်အကိုင်ကာကွယ်ခွင့်ကို ဖယ်ရှားခဲ့

Last Updated:

သမ္မတထရမ့်အစိုးရသည် ဖက်ဒရယ်အစိုးရဝန်ထမ်း (၅၀,၀၀၀)အထိ သက်ရောက်မှုရှိနိုင်သည့် အလုပ်အကိုင်ကာကွယ်ခွင့်ကို ဖယ်ရှားမည့် မူဝါဒသစ်တစ်ရပ်ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်တွင် အပြီးသတ်ရေးဆွဲခဲ့ပြီး အဆိုပါမူဝါဒသစ်အရ သမ္မတထရမ့်အစိုးရအနေဖြင့် ဖက်ဒရယ်အစိုးရဝန်ထမ်းများကို ဖယ်ရှားခြင်း သို့မဟုတ် စည်းကမ်းလိုက်နာစေရန်လုပ်ဆောင်ခြင်းများ လွယ်ကူစွာလုပ်ဆောင် လာနိုင်မည်ဖြစ်သည်ဟု New York Times အွန်လိုင်းသတင်း၌ ဖော်ပြခဲ့ပါသည်။ သမ္မတထရမ့်အနေဖြင့် လက်ရှိအချိန်အထိ နိုင်ငံရေးအရခန့်ထားသည့်ရာထူး (၄,၀၀၀)အထိခန့်ထားပြီးဖြစ်သော်လည်း ဖက်ဒရယ်အစိုးရဝန်ထမ်းများကိုမူ ဆန္ဒရှိသကဲ့သို့ အလုပ်ဖြုတ်လျက်ရှိကြောင်း၊ မူဝါဒသစ်အရအစိုးရသည် ယင်းရာထူးအရေ အတွက်ကို ပိုမိုတိုးမြှင့်နိုင်ပြီး ဖက်ဒရယ်အစိုးရဝန်ထမ်းများကို မူဝါဒရေးရာနှင့်စပ်လျဉ်းသည့် ရာထူးများတွင် ခန့်ထားနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရခန့်ထားသည့်ဝန်ထမ်းများသည် အစိုးရ၏အစီအစဉ်များကို အားပေးပြီး မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်သည့်နေရာများကို တာဝန်ယူရကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ဖက်ဒရယ်အစိုးရဝန်ထမ်း (၃၅၂,၀၀၀)ဦးလျှော့ချခဲ့သည်ဟု Office of Personal Management  က ထုတ်ပြန်ခဲ့ပြီး မူဝါဒအသစ်သည် အစိုးရက ဖက်ဒရယ်အစိုးရဝန်ထမ်းများလျှော့ချရန် ထပ်မံဆောင်ရွက်သည့် တွန်းအားတစ်ရပ်လည်းဖြစ် ကြောင်း၊နိုင်ငံရေးအရဘက်လိုက်မှုမရှိသည့် ပြည်သူ့ဝန်ထမ်းများနေရာတွင် သမ္မတ ၏အယူအဆနှင့်တူညီသော ဝန်ထမ်းများကို အစားထိုးခန့်အပ်နိုင်ရန် ဆောင်ရွက်ချက်တစ်ရပ်လည်းဖြစ်ကြောင်း သိရှိရပါသည်။

Source: New York Times

https://www.nytimes.com/2026/02/05/us/politics/trump-federal-workers protections. Html? smid=url-share

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News