International News

အလုပ်သမားဈေးကွက်အချက်အလက်နှင့် ဉာဏ်ရည်တုနည်းပညာ(AI)နှင့်ပတ်သက်သည့် စိုးရိမ်မှုများကြောင့် အမေရိကန်စတော့ရှယ်ယာဈေးနှုန်းများ ကျဆင်းခဲ့

Last Updated:

လွန်ခဲ့သောနှစ်လခန့်အတွင်း အလုပ်သမားဈေးကွက် ကျဆင်းခဲ့ခြင်းနှင့် ဉာဏ်ရည်တုနည်းပညာ(Artificial Intelligence, AI)တို့နှင့်ပတ်သက်သည့်စိုးရိမ်မှုများကြောင့် အမေရိကန်စတော့ရှယ်ယာဈေးနှုန်းများကျဆင်းခဲ့သည်ဟု CNN အွန်လိုင်းသတင်း ၌ဖော်ပြခဲ့ပါသည်။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်တွင် အမေရိကန်စတော့ရှယ်ယာဈေးကွက်အညွှန်းကိန်းများဖြစ်သည့် Dow Jones Industrial Average သည် (၀.၈၅)ရာခိုင်နှုန်း၊ S&P 500 သည် (၀.၉)ရာခိုင်နှုန်းနှင့် Nasdaq Composite သည် (၁)ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့ပါသည်။ ဆော့ဖ်ဝဲလ်လုပ်ငန်းများအပေါ် AI က အဟန့်အတားဖြစ်လာနိုင်ခြေကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလနောက်ပိုင်းမှစ၍ (၃) ရက်အတွင်း Nasdaq Composite အညွှန်းကိန်းသည် အနိမ့်ဆုံးသို့ကျဆင်းခဲ့ကြောင်း၊ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် Anthropic AI plugins ကြောင့် ဆော့ဖ်ဝဲလ်လုပ်ငန်းများရှိ Codes ရေးဆွဲသူများလိုအပ်မှုကို လျှော့ချနိုင်မည်ဖြစ်ရာ ဆော့ဖ်ဝဲလ်ကုမ္ပဏီအများအပြား၏ဝင်ငွေကို ထိခိုက်စေမည်ဖြစ်ကြောင်း၊ ဆော့ဖ်ဝဲလ်ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံသည့် Blue Owl ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းသည် (၃.၆) ရာခိုင်နှုန်း၊ Microsoft ၏ရှယ်ယာဈေးနှုန်းသည် (၂.၃) ရာခိုင်နှုန်း၊ Alphabet သည် (၃)ရာခိုင်နှုန်းကျဆင်းခဲ့ပါကြောင်း၊ ထို့ပြင် ခရစ်တိုဈေးကွက်ကိုပါ ထိခိုက်စေခဲ့ရာ Bitcoin ဈေးနှုန်းသည်လည်း အမေရိကန်ဒေါ်လာ(၆၇,၀၀၀)ရှိသဖြင့် (၁၅)လအတွင်းအနိမ့်ဆုံးဖြစ်ခဲ့ကြောင်း၊ ရွှေဈေးနှုန်းသည် (၁) ရာခိုင်နှုန်းနှင့် ငွေဈေးနှုန်းသည် (၁၀)ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

အလုပ်သမားစာရင်းအင်းဗျူရို၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အလုပ်အကိုင်ဖန်တီးပေးနိုင်မှုသည် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းအနိမ့်ဆုံးသို့ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။ 

Source: CNN

https://www.cnn.com/2026/02/05/investing/us-stock-market

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News