အင်ဒိုနီးရှားလေကြောင်းလိုင်းဖြစ်သည့် Pelita Air သည် ဂျကာတာမြို့နှင့် စင်ကာပူမြို့အကြား ဩဂုတ်လ ၁၈ ရက်နေ့မှစ၍ ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း လေကြောင်းလိုင်း၏ ဝက်ဘ်ဆိုဒ် စာမျက်နှာတွင် ဖော်ပြထားပါသည်။
အဆိုပါပျံသန်းပြေးဆွဲမှုသည် Pelita Air လေကြောင်းလိုင်းအတွက် ပထမအကြိမ် နိုင်ငံတကာ လေကြောင်းပျံသန်းမှုဈေးကွက်သို့ ဝင်ရောက်ခြင်းဖြစ်ပါသည်။ Pelita Air လေကြောင်းလိုင်းသည် Jetstar Asia လေကြောင်းလိုင်း check in နေရာဖြစ်သည့် Terminal 4 တွင် နေရာယူ ဆောင်ရွက်မည်ဖြစ်ပြီး လေဆိပ်မြေပြင်ဝန်ဆောင်မှုနှင့် လေယာဉ်ပေါ်အစားအစာဝန်ဆောင်မှုတို့အတွက် Sats ကုမ္ပဏီကို အသုံးပြုမည်ဖြစ်ပါသည်။
လေကြောင်းပျံသန်းမှုစိစစ်သည့်စင်္ကြံဖြစ်သည့် OAG ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် ဂျကာတာမြို့ Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူချန်ဂီလေဆိပ်အကြား ပျံသန်းမှုမှာ နိုင်ငံတကာလေကြောင်းပျံသန်းမှုအများဆုံးအဆင့် ၈ ဖြစ်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ဂျကာတာမြို့မှ စင်ကာပူမြို့သို့ ပျံသန်းမှုမှာ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။
Pelita Air လေကြောင်းလိုင်း၏ဝက်ဘ်ဆိုဒ်စာမျက်နှာတွင်ဖော်ပြချက်အရ ဂျကာတာမြို့မှ ဒေသ စံတော်ချိန် မနက် ၇ နာရီ ၁၀ မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး စင်ကာပူမြို့သို့ နံနက် ၁၀ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ပါသည်။ အပြန်ခရီးစဉ်အတွက် စင်ကာပူမြို့မှ ဒေသစံတော်ချိန် ၁၁ နာရီတွင်ထွက်ခွာမည်ဖြစ်ပြီး ဂျကာတာမြို့သို့ ဒေသစံတော်ချိန် နေ့လည် ၁၁ နာရီ ၅၀ တွင် ဆိုက် ရောက်မည်ဖြစ်ပါသည်။
ရင်းမြစ်။ The Business Times
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)