ထိုင်းနိုင်ငံအစိုးရအနေဖြင့် အရန်အစီအမံများပြင်ဆင်ထားသောကြောင့် ရက်ပေါင်း ၉၅ အတွက် ကာမိစေမည့်ဆီများရှိသည်ဟု စွမ်းအင်ဝန်ကြီး Auttapol Rerkpiboon က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ဟော်မုဇ်ရေလက်ကြားပိတ်ဆို့ပြီးနောက် ထောက်ပံ့ရေးဆိုင်ရာစိုးရိမ်မှုများတိုးမြင့်လာပြီးနောက် ထိုင်းအစိုးရတွင် အရေးပေါ်အဆင့်များရှိကြောင်း၊ ထိုင်းနိုင်ငံတွင် ပို့ကုန်ဆိုင်းငံ့မှုမှသည် မြင့်မားသော အရန်လိုအပ်ချက်များနှင့် ဇီဝဒီဇယ်အလားအလာနှင့် သန့်စင်ပြီးကုန်ပစ္စည်းအစီအမံများသည် ၉၅ ရက်အတွက် ကာမိသော စက်သုံးဆီထောက်ပံ့ပေးရန်ရှိပါကြောင်း၊ ထိုင်းနိုင်ငံ၏ လက်ရှိရေနံအရန်ပမာဏအနေဖြင့် ယခင်က ရက် ၆၀ အတွက် ကာမိသည်ဟု ဆွေးနွေးခဲ့ကြသော်လည်း လက်တွေ့တွင် ၆၅ ရက်အတွက် လုံလောက်ပါကြောင်း၊ အရှေ့အလယ်ပိုင်းပြင်ပမှ အတည်ပြုထားသော ထောက်ပံ့မှုများဖြင့် နောက်ထပ်ရက်ပေါင်း ၃၀ အတွက် ညီမျှသောကြောင့် စုစုပေါင်း ၉၅ ရက်အထိ ထပ်တိုးထောက်ပံ့နိုင်မည်ဖြစ်ကြောင်း၊ ဧပြီလနှင့် မေလအထိ ထပ်ဆောင်းဆီများပေးပို့မှုကို အတည်ပြုနိုင်သောကြောင့် အဆိုပါကိန်းဂဏန်းများကို ပြင်ဆင်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး Auttapol Rerkpiboon က ပြောကြားခဲ့သည်။
အစိုးရသည် အကျိုးသက်ရောက်မှုကို လျှော့ချရန်နှင့် ပြည်တွင်းထောက်ပံ့မှုအပေါ် ယုံကြည်မှုရှိစေရန် အစီအမံများဖြင့် လုပ်ဆောင်နေကြောင်း၊ ရေနံတင်ပို့မှုရပ်ဆိုင်းထားသော်လည်း ထိုင်းနိုင်ငံနှင့် အပြန် အလှန်စွမ်းအင်မှီခိုနေရသည့် လာအိုနှင့် မြန်မာနိုင်ငံတို့မပါဝင်ပါကြောင်း၊ ပိုမိုမြင့်မားသော အရန်လိုအပ်ချက်နှင့်စပ်လျဉ်း၍ စွမ်းအင်ဝန်ကြီးဌာနသည် ပြည်တွင်းသိုလှောင်မှုတိုးမြှင့်ရန်အတွက် မဖြစ်မနေလိုအပ်သော အရန်လိုအပ်ချက်ကို ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိမြှင့်တင်ရန်ပြင်ဆင်နေပါကြောင်း၊ ဇီဝဒီဇယ်ရောစပ်မှုတိုးလာခြင်းနှင့်စပ်လျဉ်း၍ ပြတ်တောက်မှုများပြင်းထန်လာပါက အထူးသဖြင့် ကမ္ဘာ့ဒီဇယ်ဈေးများတက်လာသောအခါတွင် ဇီဝဒီဇယ်ရောစပ်မှုအချိုးသည် လျင်မြန်စွာတိုးလာနိုင်ကြောင်း၊ လိုအပ်ပါက သန့်စင်ပြီးကုန်ပစ္စည်းတင်သွင်းမှုနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံသည် သန့်စင်ပြီး စက်သုံးဆီတင်သွင်းနိုင်သော် လည်း ဝန်ကြီးဌာနသည် သဘာဝပတ်ဝန်းကျင်အကြောင်းပြချက်ဖြင့် မြင့်မားသော ပြည်တွင်းစက်သုံးဆီသတ်မှတ်ချက်များကို ယာယီဖြေလျှော့ရန်လိုအပ်ပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။
ရေနံချက်စက်ရုံများ၏ လက်ရှိထွက်ရှိမှုသည် ပြည်တွင်းစားသုံးမှုထက် ကျော်လွန်နေရာ ပို့ကုန်ဆိုင်းငံ့ထားခြင်းကြောင့် ကုန်သည်များထုတ်လုပ်မှုကို ချိန်ညှိရန် သန့်စင်စက်ရုံများလိုအပ်နိုင်ကြောင်း၊ ဒီဇယ်စျေးနှုန်းသည် ၁၅ ရက်အတွက် တစ်လီတာလျှင် ၂၉.၉၄ ဘတ်သတ်မှတ်ထားပါကြောင်း၊ ဈေးနှုန်းများနှင့်ပတ်သက်၍ အစိုးရသည် ရေနံလောင်စာရန်ပုံငွေယန္တရားကို အသုံးပြု၍ ဒီဇယ်တစ်လီတာလျှင် ၂၉.၉၄ ဘတ်ဖြင့် ၁၅ ရက်ကြာထိန်းထားမည်ဖြစ်ကြောင်း၊ ဓာတ်ဆီစျေးနှုန်းများသည်လည်း အလားတူ ရန်ပုံငွေမှတစ်စိတ်တစ်ပိုင်းပံ့ပိုးမှုရရှိခဲ့ပါကြောင်း၊ ၁၅ ရက်တာကာလပြီးနောက် အစိုးရသည်အခြေအနေကို ပြန်လည်အကဲဖြတ်ပြီး ပဋိပက္ခများဆက်လက်ဖြစ်ပွားနေခြင်းရှိ/မရှိပေါ်မူတည်၍ နောက်ထပ်ယန္တရားများလိုအပ်နိုင်သည်ကို ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့ သည်။
ထိုင်းနိုင်ငံသည် အမေရိကန်၊ အာဖရိကနှင့် မလေးရှားနိုင်ငံတို့မှ စွမ်းအင်ဆိုင်ရာ အထောက်အပံ့များထပ်မံရှာဖွေနေကြောင်း၊ PTT သည် လာမည့်ရက်သတ္တပတ်အတွင်း အမှာစာများကို အတည်ပြုနိုင်မည်ဟု မျှော်လင့်ရပြီး စွမ်းအင်စည်းမျဉ်းစည်းကမ်းကော်မရှင်မှ ဝယ်ယူမှုကို အတည်ပြုခဲ့ကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်အတွက် အဓိကအသုံးပြုသည့် သဘာဝဓာတ်ငွေ့အတွက် ၅၀-၆၀ ရာခိုင်နှုန်းကို ပိုက်လိုင်းဖြင့် သယ်ယူကြပြီး ကျန်ပမာဏကို ကာတာမှ LNG အဖြစ် တင်သွင်းကာ လက်ရှိတွင် ပို့ဆောင်ရေးမှာ စိုးရိမ်စရာဖြစ်နေကြောင်း၊ သို့သော်လည်း လာအိုမှ ရေအားလျှပ်စစ်တင်သွင်းမှုနှင့် ထိုင်း-မလေးရှားပူးပေါင်းဖွံ့ဖြိုးတိုးတက်ရေးနယ်မြေ(JDA)မှ သဘာဝဓာတ်ငွေ့တိုးမြှင့် တင်သွင်းမှုအပါအဝင် အခြားရွေးချယ်စရာများကို အစိုးရက ပြင်ဆင်နေပါကြောင်း၊ ထိုင်းနိုင်ငံသည် ရေနံ၊ သဘာဝဓာတ်ငွေ့ သို့မဟုတ် လျှပ်စစ် ဓာတ်အားပြတ်တောက်မှုများနှင့် ရင်ဆိုင်ရမည်မဟုတ်ကြောင်း ဝန်ကြီး Auttapol က အခိုင်အမာပြောကြားခဲ့သည်။
Source: https://www.nationthailand.com/news/general/40063016
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)