International News

ဒူဘိုင်း Duty Free မှ နိုဝင်ဘာလအတွင်း စံချိန်တင်ရောင်းအားရရှိခဲ့ပြီး အရောင်းစံချိန်သစ်တင်နိုင်ခဲ့

Last Updated:

ဒူဘိုင်း Duty Free သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ လအတွင်းက ရောင်းအား AED ၈၇၆.၅၆ သန်း ရရှိခဲ့ပြီး လက်လီရောင်းချသူများ သမိုင်းတွင် လစဉ်စုစုပေါင်းအမြင့်ဆုံးဖြစ်လာခဲ့ပါသည်။

၎င်းပမာဏမှာ ယခင်နှစ် နိုဝင်ဘာလကထက် ၁၆.၇၇ % မြင့်တက်လာခဲ့ပြီး Duty Free လုပ်ငန်းလည်ပတ်သည့် ကုမ္ပဏီအား ယခင်နှစ်၊ လလယ်အတွင်းက အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ ရောင်းအားစံချိန် ရောက်ရှိခဲ့မှုကို ကျော်လွန်သွားခြင်းဖြစ်ကာ ယခုနှစ်အားထင်ရှားသော နှစ်တစ်နှစ်အဖြစ် ထူးကဲသောအရှိန်အဟုန်ဖြင့် ပေါ်လွင်လာစေခဲ့ပါ သည်။

ပျမ်းမျှနေ့စဉ်ရောင်းအားမှာ စံချိန်တင် AED ၂၉.၂၁ သန်းသို့ရောက်ရှိခဲ့ပြီး နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဝင်ငွေ AED ၃၇.၅၅ သန်းဖြင့် ယခုနှစ်၏ အကြီးဆုံးသောဈေးဝယ်နေ့အဖြစ် ပေါ်ထွက်လာခဲ့ပါသည်။ ယနေ့အထိရောင်းအားမှာ AED ၇.၇၅ ဘီလီယံဖြင့် ၉.၅၇ % မြင့်တက်လာခဲ့ပြီး ခရီးသွားဧည့်သည်အသွားအလာတိုးတက်မှုထက် ၁၀ % ခန့်ကျော်လွန်ခဲ့ပါသည်။

ယခုလအား ဦးဆောင်ညွှန်ကြားရေးမှူး Ramesh Cidambi က စံချိန်ချိုး၊ စွမ်းဆောင်ရည်ရှိသော လတစ်လဖြစ်ကြောင်းနှင့် ဥက္ကဋ္ဌ Sheikh Ahmed bin Saeed Al Maktoum ၏လမ်းညွှန်မှုကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် ဤလအား အဓိပ္ပာယ်ရှိသောမှတ်တိုင်တစ်ခုအဖြစ် ဖော်ပြခဲ့ပါသည်။

အရောင်းအဝယ်အမျိုးအစားအားလုံးတို့တွင် ရောင်းအားတိုးတက်မှုများမှာ ခိုင်မာခဲ့ပြီး AED ၅၀၀ အထက် ဝယ်ယူမှုများသည် တန်ဖိုး ၂၀ % မြင့်တက်လာခဲ့ကာ စုစုပေါင်းရောင်းအား၏ လေးပုံသုံးပုံပါဝင်ခဲ့ပါသည်။ စွမ်းဆောင်ရည်မြင့်မားသော အမျိုးအစားများတွင် ရေမွှေး AED ၁၆၀. ၅၈ သန်း၊ အရက် AED ၁၀၃.၅၉ သန်းနှင့် ရွှေ AED ၈၇.၆၇ သန်းတို့ပါဝင်ပါသည်။ မုန့်ပဲ၊ သွားရည်စာများမှာ ၄၂.၉၃ % ဖြင့် AED ၈၃.၂၉ သန်းအထိရောက်ရှိလာခဲ့ပြီး အစိတ်အပိုင်းအချို့မှာ Dubai Chocolate အပိုင်းနှင့် လူကြိုက်များသော Patchi Pistachio Kunafa Bar မုန့်များတို့ကြောင့်ဖြစ်ပါသည်။

အီလက်ထရွန်းနစ်ပစ္စည်းများမှာ ၁၃.၆၀ % မြင့်တက်လာခဲ့ပြီး ယင်းမှာ IPhone 17 အတွက် စံချိန်တင်ဝယ်လိုအားကြောင့်ဖြစ်ပါသည်။ Terminal 3 ၏အဓိကအစိတ်အပိုင်းဖြစ်သည့် Concourse A နေရာတွင် မကြာသေးမီက ဆိုင်ခွဲများဖွင့်လှစ်ခဲ့ပြီးနောက် ဇိမ်ခံဖက်ရှင်ကဏ္ဍမှာ ရောင်းအား ၄၀.၃၂ % အထိမြင့်တက်လာခဲ့ကာ အဓိကတိုးတက်မှု၊ မောင်နှင်အားတစ်ခုအဖြစ် ဆက်လက်တည်ရှိလျက်ရှိပါသည်။

Terminal တစ်ခုလုံး၏စွမ်းဆောင်ရည်မှာလည်း အလားတူအားကောင်း လာခဲ့ပါသည်။ Concourse A ၏ရောင်းအားမှာ ၃၈ % နီးပါးမြင့်တက်လာခဲ့ပြီး၊ ရောက်ရှိလာကြသူ ၁၄ % ကျော်မြင့်တက်လာခဲ့ကာ AMIA လေဆိပ်မှထွက်ခွာသူများမှာ ၄၇ % နီးပါးတိုးတက်မှုဖြင့် ခရီးသွားနေရာအားလုံးတို့၏ အပြုသဘောဆောင်သောရလဒ်များကို မှတ်တမ်းတင်နိုင်ခဲ့ကြပါသည်။ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပမည့် ပွဲလမ်းသဘင်ကာလ၏ အထွတ်အထိပ်ခရီးသွားလာမှုနှင့် ၄၂ နှစ်မြောက်၊ နှစ်ပတ် လည်အခမ်းအနားများတို့အတွက် ပြင်ဆင်နေချိန်တွင် Duty Free သည် သီးသန့်ကမ်းလှမ်းချက်များနှင့် ပိုမိုကောင်းမွန်သော စတိုးဆိုင်အတွေ့ အကြုံများဖြင့် အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းသွားနိုင်ရန် မျှော်မှန်းထားကြောင်း သတင်းဖော်ပြထားပါသည်။

News Source: Dubai Media Office

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News