ကမ္ဘာလုံးဆိုင်ရာစီးပွားရေးရှုပ်ထွေးမှုညွှန်းကိန်း(GBCI)အရ ဟောင်ကောင်ဒေသသည် အာရှပစိဖိတ်ဒေသအတွင်း စီးပွားရေးလုပ်ဆောင်မှုအတွက် ရှုပ်ထွေးမှုအနည်းဆုံးနိုင်ငံ/ဒေသများအနက် စတုတ္ထနေရာတွင် ရပ်တည်နေကြောင်း hong kong business သတင်းဌာနမှ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် “Hong Kong ranks among top APAC hubs with pro-business climate” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။
ဟောင်ကောင်ဒေသသည် ရှင်းလင်းပြီး နှုန်းထားနိမ့်ကျသည့် အခွန်စနစ်နှင့်အတူ စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းသာသည့်ဝန်းကျင်ရှိသည်ဟု GBCI မှ ဖော်ပြထားပါသည်။ နယူးဇီလန်နိုင်သည့် စီးပွားရေးလုပ်ငန်းအဆင့်တစ်တွင် ရပ်တည်နေပြီး၊ စည်းမျဉ်းစည်းကမ်းများ မကြာခဏပြောင်းလဲမှုနှင့် ဒေသတွင်းကွာဟချက်များကြောင့် တရုတ်ပြည်မမှာ အဆင့် ၁၀ တွင် ရပ်တည်နေကြောင်း ရေးသားဖော်ပြထားပါသည်။
ကမ္ဘာလုံးဆိုင်ရာစီးပွားရေးရှုပ်ထွေးမှုညွှန်းကိန်းအတွက် ကမ္ဘာ့ဂျီဒီပီ၏ ၉၄ ရာခိုင် နှုန်းရှိသောနိုင်ငံ/ဒေသပေါင်း ၇၉ ခု၏စီးပွားရေးဝန်းကျင်အပေါ် စစ်တမ်းကောက် ယူခဲ့ခြင်းဖြစ်ပြီး၊ စီးပွားရေးဆိုင်ရာညွှန်ကိန်း ၂၅၀ ပေါ်အခြေခံ၍ အဆင့်သတ်မှတ်ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။
(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)