Local News

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Last Updated:

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်သည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကုန်သွယ်ရေးကိုယ်စားလှယ် Mr. Konstantin Kanarev ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန၌လက်ခံတွေ့ဆုံခဲ့ရာ တွေ့ဆုံပွဲသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် ရုရှားနိုင်ငံသို့ မြန်မာနိုင်ငံမှတင်ပို့လိုသည့် အလား အလာရှိသော စိုက်ပျိုးရေးထုတ်ကုန်များ၊ ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းလိုသည့်ကုန်စည်များ၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပြုနိုင်သည့် ကုန်စည်များ၊ လယ်ယာထွက်ကုန်များ၊ ဈေးကွက်အခြေအနေ၊ လုပ်ထုံး လုပ်နည်းများ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရန်အတွက် Trading House ဖွင့်လှစ်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

မဟာဗျုဟာကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲ

Category: Local News