အီရန်အရေးကြောင့် ရေနံသယ်ယူပို့ဆောင်ရေးပြတ်တောက်ခြင်းအပေါ် စိုးရိမ်မှုများရှိလာသဖြင့် ရေနံဈေးနှုန်းများသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၁၀၀) ကျော်မြင့်တက်ခဲ့ကြောင်း၊ ထို့နောက် ဓာတ်ဆီဈေးနှုန်းများလည်းမြင့်တက်ခဲ့ရာ ငွေကြေးဖောင်းပွမှုမြင့်တက်လာနိုင်ခြေကြောင့် ဗဟိုဘဏ်(Federal Reserve)၏ အတိုးနှုန်းလျှော့ချမည့်ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်း၊ နယူးယောက်ဗဟိုဘဏ်ဥက္ကဋ္ဌ John Williams က “အီရန်အရေးကြောင့် အမေရိကန်စီးပွားရေးနှင့် ငွေကြေးဖောင်းပွမှုအပေါ်သက်ရောက်နိုင်ခြေမှာ မသေချာသေးကြောင်း၊ စစ်ပွဲကြာမြင့်နိုင်ချိန်မှာလည်း မသေချာကြောင်း၊ ယခင်အတွေ့အကြုံများအရ ရေနံဈေးနှုန်းများမြင့်တက်ခြင်းကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း၊ လတ်တလောတွင် စောင့်ကြည့်ရမည့်အနေအထားဖြစ်ကြောင်းနှင့် အီရန်အရေးကြောင့် လောင်စာဆီဈေးနှုန်းများမြင့်တက်ခဲ့သဖြင့် ယင်းသို့မြင့်တက်ခဲ့ခြင်းသည် ဗဟိုဘဏ်၏ရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် ငွေကြေးဖောင်းပွမှုနှင့် အလုပ် အကိုင်ကဏ္ဍတို့အပေါ်ထိခိုက်နိုင်ကြောင်း” ပြောကြားခဲ့ပါကြောင်း၊ ထို့အပြင် မင်နီယာပိုလစ်ဗဟိုဘဏ်ဥက္ကဋ္ဌ Neel Kashkari ကလည်း “ငွေကြေးဖောင်းပွမှုအပေါ် သက်ရောက်နိုင်ခြေကိုခန့်မှန်းရန်စောလွန်းသေးကြောင်း”နှင့်ဘော်စတွန်ဗဟိုဘဏ် ဥက္ကဋ္ဌ Susan Collins က “မူဝါဒများကိုပြင်ဆင်ရန် အရေးတကြီးလိုအပ်သည်ဟု မတွေ့ရကြောင်းနှင့် စိတ်ရှည်သည်းခံပြီး သေချာစဉ်းစားပြင်ဆင်ဆောင်ရွက်သည့် ချဉ်းကပ်နည်းကို အသုံးပြုရန်ရည်ရွယ်ကြောင်း”ဖြင့် ပြောကြားခဲ့ကြောင်း FOX Business အွန်လိုင်းသတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။
Source: FoxBusiness
(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)