International News

အမေရိကန်နိုင်ငံ၌ လောင်စာဆီဈေးနှုန်းသည် တစ်ဂါလံလျှင် အမေရိကန်ဒေါ်လာ (၃.၅)အထိမြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ်နောက်ပိုင်းမှစ၍ အမြင့်ဆုံးဖြစ်ခဲ့

Last Updated:

အမေရိကန်နိုင်ငံက အီရန်နိုင်ငံအပေါ် စစ်ရေးအရ တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာ့ရေနံကုန်သွယ်မှုကို ပြတ်တောက်ခဲ့ရာ အမေရိကန်နိုင်ငံ၌ လောင်စာဆီဈေးနှုန်းသည် တစ်ဂါလံလျှင် အမေရိကန်ဒေါ်လာ (၃.၅) အထိမြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ်နောက်ပိုင်းမှစ၍ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း CNBC အွန်လိုင်းသတင်း၌ ဖော်ပြခဲ့ပါသည်။ လောင်စာဆီဈေးနှုန်းသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်တွင် အမေရိကန်ဒေါ်လာ(၃.၅၄)သို့မြင့်တက်ခဲ့ရာယခင်လ နှင့်နှိုင်းယှဉ်ပါက (၂၁)ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း၊ လွန်ခဲ့သောလအတွင်း လောင်စာဆီဈေးနှုန်းသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးဖြစ်ခဲ့သည်ဟု AAA လောင်စာဆီရောင်းဝယ်ရေးဝက်ဘ်ဆိုက်အချက်အလက်များအရ သိရှိရကြောင်း၊ သမ္မတဒေါ်နယ်ထရမ့်က အီရန်စစ်ပွဲသည် မကြာမီပြီးဆုံးတော့မည်ဟု ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်တွင် ပြောကြားခဲ့ရာ လောင်စာဆီဈေးနှုန်းများ ကျဆင်းလာနိုင် သည်ဟု ယူဆရကြောင်း သိရှိရပါသည်။  

Source: CNBC

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News