International News

ဥရောပသမဂ္ဂသည် ကုန်သွယ်ရေးလိုငွေကို လျှော့ချလိုသော်လည်း အပူလှိုင်းဒဏ်ကြောင့် တရုတ်နိုင်ငံထုတ် လေအေးပေးစက်များ တင်သွင်းမှုမြင့်တက်

Last Updated:

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် တရုတ်နိုင်ငံနှင့် ၎င်းတို့၏စံချိန်တင်ကုန်သွယ်ရေး လိုငွေကိုလျှော့ချရန်ရည်ရွယ်ထားသော်လည်း ပြင်းထန်သည့် အပူလှိုင်းဒဏ်ကြောင့် တရုတ်နိုင်ငံထုတ် လေအေးပေးစက်များတင်သွင်းမှုမှာ မကြုံစဖူးမြင့်တက်လျက်ရှိသည်။

ဥရောပသမဂ္ဂနှင့် တရုတ်တို့သည် စီးပွားရေးနှစ်ခုကြား ကုန်သွယ်ရေးချိန်ခွင်လျှာညှိရန်နှင့် စျေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းရန်ရည်ရွယ်၍ ၆-၇-၂၀၂၆ ရက်နေ့တွင် ရှားပါးသော ပူးတွဲကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။

ကုန်သွယ်ရေးမညီမျှမှု၊ ပို့ကုန်ထိန်းချုပ်ရေးနှင့်ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာအငြင်းပွားမှုများသည် အောက်တိုဘာလတွင်ကျင်းပမည့်ထိပ်သီး ဆွေးနွေးပွဲ(APEC Summit)၌ “မြင်သာထင်သာသောရလဒ်များ”ရရှိရမည်ဟု ဥရောပသမဂ္ဂကုန်သွယ်ရေးအကြီးအကဲက တရုတ်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးနှင့်တွေ့ဆုံပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့သည်။ နှစ်ဖက်သည် ကုန်သွယ်စီးဆင်းမှုကိုစောင့်ကြည့်ရန် နှစ်နိုင်ငံဆိုင်ရာလုပ်ငန်းအဖွဲ့တစ်ခုထူထောင်ရန် သဘောတူညီခဲ့ပြီး မြေရှားသတ္တုနှင့် သံလိုက်အား ပို့ကုန်ထိန်းချုပ်ခြင်းကြောင့် အီးယူ၏ ထောက်ပံ့ရေးကွင်းဆက်ကို အနှောင့်အယှက်မဖြစ်နိုင်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့သည်။

သမိုင်းဝင်ပြင်းထန်သော နွေရာသီအပူဒဏ်သည် အတော်အသင့်ကြာမြင့်ခဲ့သောကြောင့် ဥရောပသည် လေအေးပေးစက်များကို ဆူညံခြင်း၊ ဗိသုကာမျက်နှာစာများပေါ်တွင် ရုပ်ဆိုးခြင်းနှင့် မလိုအပ်ခြင်းတို့ကြောင့် ကြာရှည်စွာခုခံခဲ့သော်လည်း ဥရောပသားများ လေအေးပေးစက်များ — အများစုမှာ တရုတ်နိုင်ငံ၌ ထုတ်လုပ်သည့်လေအေးပေးစက်များကို အပြေးအလွှားဝယ်ယူနေခဲ့ကြရသည်။ တစ်ဖက်တွင်လည်း စွမ်းအင်များစွာသုံးစွဲသော ဤနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းသည် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် အန္တရာယ်ဖြစ်စေနိုင်သည်ကိုလည်း စိုးရိမ်ကြသည်။

ယမန်နှစ်က အီးယူ၏ တရုတ်နှင့် ကုန်စည်လိုငွေသည် ၁၅ ရာခိုင်နှုန်းတိုးလာပြီး ယူရို ၃၆၀ ဘီလီယံ(ဒေါ်လာ ၄၁၀ ဘီလီယံ)အထိရောက်ရှိခဲ့ပြီး အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံစလုံးတွင် လိုငွေကြုံတွေ့ခဲ့ရကာ ပထမသုံးလပတ်တွင် ယူရို ၉၈ ဘီလီယံအထိချဲ့ထွင်လာကာ ၂၀၂၂ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့သည်။ လျှပ်စစ်ပစ္စည်းများနှင့်စက်ယန္တရားများသည် တင်သွင်းမှုအများဆုံးကုန်ပစ္စည်းများထဲတွင် ပါဝင်သည်။

https://www.cnbc.com/2026/07/02/european-union-china-meeting-summer-heatwave-trade-imbalance-tariffs-.html

(ခင်မြမြထွေး၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News