တရုတ်ကားထုတ်လုပ်သူများသည် ဂျပန်ကားထုတ်လုပ်သူများအား ပထမဆုံးအကြိမ်ကျော်တက်ကာ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံးကားသစ်ရောင်းချသူဖြစ်လာမည်ဖြစ်ကြောင်း Nikkei က ဖော်ပြခဲ့သည်ဟု တရုတ်နေ့စဉ်သတင်း၌ ဖော်ပြထားပါသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ကုမ္ပဏီ၏ထုတ်ပြန်ချက်များနှင့် S&P Global Mobility မှအချက်အလက်များအပေါ်အခြေခံ၍ The Nikkei ၏ခန့်မှန်းချက်အရ တရုတ်ကားထုတ်လုပ်သူများသည် ယခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ကားအစီးရေ(၂၇)သန်းခန့်ရောင်းချနိုင်ပြီး ယခင်နှစ်ကထက် (၁၇)ရာခိုင်နှုန်းတိုးလာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
တစ်ချိန်တည်းတွင် ဂျပန်ကားထုတ်လုပ်သူများ၏ရောင်းချမှုသည် ကားအစီးရေ(၂၅)သန်းဝန်းကျင်တွင် ဆက်လက်တည်ရှိနေမည်ဟု ခန့်မှန်းရပြီး ကမ္ဘာလုံးဆိုင်ရာရောင်းအားတွင် နှစ်(၂၀)ကျော်ကြာ ထိပ်တန်းနေရာကို သိမ်းပိုက်ထားသည့် ဂျပန်ကားထုတ်လုပ်သူများသည် ဒုတိယနေရာသို့ရောက်သွားနိုင်သည်ဟု အစီရင်ခံစာ၌ ခန့်မှန်းထားကြောင်း သိရသည်။
ကမ္ဘာ့မော်တော်ကားရောင်းချမှုသည် တစ်ချိန်က ဂျပန်နှင့် အမေရိကန်တို့အကြား ပြိုင်ဆိုင်မှုဖြင့်လွှမ်းမိုးခဲ့ပြီး ဂျပန်သည် ၂၀၁၈ ခုနှစ်တွင် ကားအစီးရေ သန်း (၃၀)နီးပါးရောင်းချခဲ့ရကြောင်း၊ ၂၀၂၂ ခုနှစ်တွင် တရုတ်မော်တော်ကားထုတ်လုပ်သူများသည် ကားအစီးရေ (၈)သန်းခန့်ဖြင့် ဂျပန်ကားထုတ်လုပ်သူများနောက်တွင်ရှိခဲ့ကြသော်လည်းသုံးနှစ်အတွင်း တရုတ်နိုင်ငံက ဂျပန်နိုင်ငံကို ကျော်တက်သွားနိုင်သည်ဟု ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source: https://www.chinadaily.com.cn/a/202512/31/WS6954bd6da310d6866eb3169c. html
(ကေခိုင်ကျော်၊ စီးပွားရေးသံမှုး၊ နန်နင်းမြို့)