ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(Regional Compre hensive Economic Partnership-RCEP)သဘောတူညီချက်နှင့်ကမ္ဘော ဒီးယား-တရုတ် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (Cambodia-China Free Trade Agreement-CCFTA)တို့သည် ကမ္ဘောဒီးယားမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုကို များစွာမြှင့်တင်ပေးခဲ့ကြောင်း ကမ္ဘောဒီးယားဆန်စပါးအဖွဲ့ချုပ်ဥက္ကဋ္ဌ Lay Chhun Hour က ပြောကြားခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံသို့ ဆန်တန်ချိန် (၂၃၁,၁၂၅)တင်ပို့ခဲ့ပြီး ယခင်နှစ်ထက် (၉၆)ရာခိုင်နှုန်းမြင့်တက်လာခဲ့ကာ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ(၁၃၈.၃၆)သန်းရရှိခဲ့ပြီး (၈၃)ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံသည် RCEP နှင့် CCFTA မှ အကျိုးကျေးဇူးများစွာရရှိခဲ့သည့်အပြင် တရုတ်နိုင်ငံမှ ကမ္ဘောဒီးယားသို့ပေးအပ်သော ဆန်ခွဲတမ်း မှလည်း အကျိုးကျေးဇူးများရရှိခဲ့ကြောင်း ၎င်းက ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်ဈေးကွက်သည် ကမ္ဘောဒီးယားဆန် အထူးသဖြင့် ရနံ့ထူးကဲသည့်ဆန်မျိုးများအတွက် အရေးပါသောဈေးကွက်တစ်ခုဖြစ်ပြီး ဆန်ကဏ္ဍအတွက် သိသာထင်ရှားသောဝင်ငွေနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေကြောင်းနှင့်ကမ္ဘောဒီးယားမှ ကြိတ်ခွဲပြီးဆန်တင်ပို့ခဲ့သည့် နိုင်ငံနှင့်ဒေသ (၇၅)ခုအနက် တရုတ်နိုင်ငံသည် နံပါတ်တစ်နေရာ၌ရှိကြောင်း Chhun Hour က ပြောကြားခဲ့သည်ဟု သိရသည်။
ကမ္ဘောဒီးယားသည် RCEP နှင့် CCFTA တို့အောက်မှ ဦးစားပေးဝင်ရောက်ခွင့်ရရှိခြင်း၊ တရုတ်နိုင်ငံ၏တင်သွင်းလာသည့်ဆန်အပေါ် ဝယ် လိုအားမြင့်တက်လာခြင်းနှင့် ကမ္ဘောဒီးယားဆန်အရည်အသွေးအပေါ် ယုံကြည်မှုတိုးတက်လာခြင်းတို့မှ အကျိုးကျေးဇူးရရှိခဲ့ကြောင်း ကမ္ဘော ဒီးယားနည်းပညာနှင့် သိပ္ပံတက္ကသိုလ်၏တရုတ်-အာဆီယံလေ့လာရေးစင်တာ၏ဒုတိယညွှန်ကြားရေးမှူး Thong Mengdavid က ပြောကြားခဲ့သည်ဟု သိရသည်။
တရုတ်နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် သွင်းကုန်ရင်းမြစ်များကွဲပြားစေရေးလုပ်ဆောင်ချက်များသည် ကမ္ဘောဒီးယားအတွက် အထူးသဖြင့် ရနံ့မွှေးပြီး အရည်အသွေးမြင့်ဆန်များအတွက် အကျိုးရှိကြောင်းနှင့် ကမ္ဘော ဒီးယားနိုင်ငံသည် အရည်အသွေးစံနှုန်းများကို ထိန်းသိမ်းကာ အရေ အတွက် တသမတ်တည်းရောင်းချနိုင်ပြီး ထောက်ပံ့ပို့ဆောင်ရေးနှင့်ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းရှိပါက အလားအလာကောင်းသည့်အပြင် ပိုမိုတိုးတက်လာမည်ဟုမျှော်လင့်ရသည်ဟု ၎င်းက ဆင်ဟွာနှင့် အင်တာ ဗျူး၌ ပြောကြားခဲ့ကြောင်း သိရသည်။
Source: https://en.people.cn/n3/2026/0113/c90000-20413401.html
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)