တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ကို ကျော်တက်ကာ ဗီယက်နမ်၏ ပုစွန်တင်ပို့မှုအကြီးဆုံးဈေးကွက်ဖြစ်လာခဲ့ပြီး တင်ပို့မှုမှာ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ(၁)ဘီလီယံကျော်ရှိခဲ့ကြောင်း ဒေသခံနေ့စဉ်သတင်းစာ VnEconomy က ၈-၁-၂၀၂၆ ရက်နေ့တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ (၁.၂၄)ဘီလီယံတန်ဖိုးရှိ ပုစွန်တန်ချိန်(၁၂၃,၀၀၀)ကိုတင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ပမာဏအားဖြင့် (၄၈.၄) ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် (၆၃.၃)ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် နှစ်ပေါင်းများစွာ ဗီယက်နမ်၏အကြီးဆုံးပုစွန်ဈေးကွက်ဖြစ်သော အမေရိကန်ပြည်ထောင်စုသည် ဒေါ်လာ(၁) ဘီလီယံစံချိန်ကို မကျော်လွန်သေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။
ဗီယက်နမ်၏စုစုပေါင်းပုစွန်တင်ပို့မှုသည် ၂၀၂၅ ခုနှစ်တွင် စံချိန်တင် အမေရိကန်ဒေါ်လာ (၄.၆၅) ဘီလီယံရှိခဲ့ပြီး ယခင်နှစ်ထက် (၁၉.၉) ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။
Source: https://english.news.cn/20260108/7cd2ce7cc89648ce8cf81b630c385411/c.html
(ကေခိုင်ကျော်၊ စီးပွားရေးသံမှုး၊ နန်နင်းမြို့)