International News

အဆင့်မြင့်စီးပွားရေးနှီးနှောဖလှယ်ပွဲမှတဆင့် ဒူဘိုင်းကုန်သည်ကြီးများအသင်းသည် ပေကျင်းနှင့် ကုန်သွယ်မှုဆက်ဆံရေးကို ခိုင်မာစေခဲ့

Last Updated:

ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းသစ်များကိုရှာဖွေရန်အတွက် နှစ်ဘက်နိုင်ငံဈေးကွက်များမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်အစိုးရအရာရှိများစုစုပေါင်း ၁၃၀ ဦးတို့ပါဝင်သည့် ဒူဘိုင်း-ဘေဂျင်းစီးပွားရေးနှီးနှောဖလှယ်ပွဲကို ဒူဘိုင်းကုန်သည်ကြီးများအသင်းမှအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းအားဖြင့် တရုတ်နိုင်ငံနှင့် ၎င်းတို့၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေခဲ့ပါသည်။

တရုတ်နိုင်ငံ၊ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၊ ဘေဂျင်းမြို့နှင့်ပူးပေါင်း ၍ ဒူဘိုင်းကုန်သည်ကြီးများအသင်း၏ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့သောအဆိုပါဆွေးနွေးပွဲကို ဘေဂျင်းဒုတိယမြို့တော်ဝန် Sima Hong နှင့် ဒူဘိုင်းကုန်သည်ကြီးများအသင်းဥက္ကဌနှင့်အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mohammad Ali Rashed Lootah တို့ဦးဆောင်ကျင်းပခဲ့သည့် အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် Abdullah Ahmed Al Saleh တက်ရောက်ခဲ့ပါသည်။

အဆိုပါစီးပွားရေးနှီးနှောဖလှယ်ပွဲသည် အဓိကကဏ္ဍများတစ်လျှောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်ရည်ရွယ်ပြီး ဒူဘိုင်း၏ဗျူဟာမြောက်ရပ်တည် ချက်ကို ကမ္ဘာနှင့်အဝှမ်းစီးပွားရေးလုပ်ငန်းများအား ချဲ့ထွင်လိုကြသည့်  တရုတ်စီးပွားရေးလုပ်ငန်းရှင်များအတွက် တံခါးပေါက်တစ်ခုအဖြစ် မီးမောင်းထိုးပြခဲ့ပါ သည်။ Lootah က ဒူဘိုင်းကုန်သည်ကြီးများအသင်းမှ တရုတ်စီးပွားရေးအသိုက် အဝန်းကိုပံ့ပိုးကူညီရန်နှင့် ပူးပေါင်းလုပ်ဆောင်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည့် ဒူဘိုင်းကုန်သည်ကြီးများအသင်း၏ကတိကဝတ်ကိုထပ်မံအတည်ပြုခဲ့ပါသည်။

ဒူဘိုင်းကုန်သည်ကြီးများအသင်းမှ နိုင်ငံတကာဆက်ဆံရေးဒုတိယဥက္ကဌ Salem Al Shamsi က ဒူဘိုင်း၏စီးပွားရေးအခင်းအကျင်းများကိုခြုံငုံသုံးသပ်ကာ အပြန် အလှန်အခွင့်အလမ်းများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အဓိကအားသာချက်များကို အလေးပေးဖော်ပြခဲ့ပါသည်။

ရေနံမဟုတ်သော နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် AED ၂၉၆.၃ ဘီလီယံအထိရောက်ရှိလာခဲ့ပြီး ဒူဘိုင်းနှင့်တရုတ်နိုင်ငံကြားကုန်သွယ်မှုမှာ ဆက်လက်တိုးမြင့်လာလျက်ရှိကာ တစ်နှစ်ထက်တစ်နှစ် ၁၉ % တိုးတက်လာခဲ့ပါသည်။ ယခုအခါ တရုတ်ကုမ္ပဏီပေါင်း ၆,၀၀၀ ကျော်မှ ဒူဘိုင်းကုန်သည်ကြီးများအသင်း၏ အသင်း ဝင်များအဖြစ်သို့ရောက်ရှိနေကြကြောင်း ဖော်ပြထားပါသည်။

အဆိုပါဆွေးနွေးပွဲသည် ၂၀၂၄ ခုနှစ် သြဂုတ်လအတွင်းက ပေကျင်းတွင်ကျင်းပခဲ့သော ဒူဘိုင်းစီးပွားရေးဖိုရမ်၏ပထမဆုံးသော နိုင်ငံတကာထုတ်ဝေမှုအစီအစဉ်မှတစ်ဆင့် အရှိန်အဟုန်ဖြင့်တည်ဆောက်လာခဲ့ခြင်းဖြစ်ပါသည်။ ဆွေးနွေးပွဲမှ ဒူဘိုင်းကုန်သည်ကြီးများအသင်းနှင့် တရုတ်ကုန်သွယ်ရေးကောင်စီတို့အကြား ရေရှည်ပူးပေါင်းဆောင်ရွက်မှုကိုအားဖြည့်မည့် မဟာဗျူဟာမြောက်နားလည်မှု စာချွန်လွှာတစ်ရပ်ကို ပေါ်ပေါက်လာစေခဲ့ကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။

Source: Dubai Media Office

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News