International News

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စပိန်နိုင်ငံနှင့် ကုန်သွယ်မှုကိစ္စများအားလုံးဖြတ်တောက်မည်ဟု ပြောကြား

Last Updated:

North Atlantic Treaty Organization(NATO)အဖွဲ့ဝင်နိုင်ငံများအကြား သဘော ထားကွဲလွဲမှုများပိုမိုတိုးပွားလာချိန်၌ စပိန်နိုင်ငံသည် NATO အဖွဲ့အတွက် လုံလောက်သည့် ပံ့ပိုးမှုများမပေးနိုင်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ကြောင်း၊ စပိန်နိုင်ငံနှင့် မည်သည့်ဆက်ဆံရေးကိုမျှ ဆောင်ရွက်ခြင်းမပြုလိုဘဲ ခရီးသွားလာမှုကိစ္စရပ်များအပါအဝင် ကုန်သွယ်မှုကိစ္စများအားလုံးကိုလည်း ဖြတ်တောက်မည်ဖြစ်ကြောင်း တူရကီနိုင်ငံ၊ အန်ကာရာမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၆ ခုနှစ်၊ NATO ထိပ်သီးဆွေးနွေးပွဲ၏ဒုတိယမြောက်နေ့ဖြစ်သည့် ၈-၇-၂၀၂၆ ရက်နေ့တွင် NATO အဖွဲ့၏အတွင်းရေးမှူးချုပ် Mark Rutte နှင့်အတူပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ကြောင်းသိရှိရပါသည်။ အီရန်နှင့် အပစ်အခတ်ရပ်စဲရေးကိစ္စသည် ပြီးဆုံးသွားပြီဖြစ်ကြောင်း ၈-၇-၂၀၂၆ ရက်တွင်အမေရိကန်သမ္မတကပြောကြားခဲ့ပြီးနောက် ဈေးကွက်တုံ့ပြန်မှုူအနေဖြင့် ကမ္ဘာ့စတော့ဈေးကွက်များ သိသာစွာကျဆင်းခဲ့ကြောင်း၊ သတင်းစာရှင်းလင်းပွဲမတိုင်မီကတည်းက ရောင်းချမှုကျဆင်းနေသော စပိန်နိုင်ငံ၏ငွေချေးစာချုပ်များသည်လည်း အမေရိကန်သမ္မတနှင့် သတင်းစာရှင်းလင်းပွဲအပြီးတွင် ရောင်းချမှုထပ်မံကျဆင်းခဲ့ကာ စပိန်နိုင်ငံအစိုးရ၏ငွေချေးစရိတ်လည်း မြင့်တက် လာခဲ့ကြောင်း၊ စပိန်နိုင်ငံ၏ အဓိကစတော့ဈေးကွက်ညွှန်းကိန်းဖြစ်သည့် IBEX 35 လည်း ၂.၈% ကျော်ကျဆင်းခဲ့ကာ၊ အီရန်နှင့် အပစ်အခတ်ရပ်စဲရေးပြီးဆုံးကြောင်း အမေရိကန်သမ္မတက ပြောကြားခဲ့ပြီးနောက် ရေနံဈေးနှုန်းများလည်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

(ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News