International News

ကုန်သွယ်ရေးသဘောတူညီချက်အရ အမေရိကန်သမ္မတထရမ့်မှ ဗီယက်နမ်သွင်းကုန်များအပေါ် ၂၀ ရာခိုင်နှုန်းကောက်ခံရန်သဘောတူ

Last Updated:

အမေရိကန်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် ကုန်သွယ်ရေးသဘောတူညီချက်ရရှိခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံမှ သွင်းကုန်များအပေါ် သွင်းကုန်ခွန် ၂၀ ရာခိုင်နှုန်းကောက်ခံသွားမည်ဟု သမ္မတထရမ့်မှ ပြောကြားခဲ့ကြောင်း CNBC သတင်းဖော်ပြချက်အရ သိရှိရပါသည်။

Truth Social တွင် သမ္မတထရမ့်၏ ကြေညာချက်အရ အမေရိကန်ထုတ်ကုန်များအပေါ် သွင်းကုန်ခွန်များပေးဆောင်ရန်မလိုဘဲ ဗီယက်နမ်ဈေးကွက်များသို့ လွတ် လပ်စွာဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံမှတစ်ဆင့်ခံဖြတ်သန်း၍ အမေရိကန်သို့ တင်ပို့သည့်ကုန်စည်များအပေါ် အခွန် ၄၀ ရာခိုင်နှုန်းစည်းကြပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုအတားအဆီးများကို ရှောင်ရှားရန်အတွက် အမေရိကန်သို့ ထိပ်တန်းတင်ပို့သည့် တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံကို သယ်ယူပို့ဆောင်ရေးဗဟိုချက်အဖြစ် အသုံးပြုခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ထရမ့်က ဗီယက်နမ်အနေဖြင့် သွင်းကုန်ခွန် ၂၀ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ် ကြောင်းရေးသားခဲ့ပြီး အဆိုပါကုန်ပစ္စည်းများကို တင်သွင်းသူများပေးဆောင်သည့် အခွန်အခများဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထရမ့်၏ အပြန်အလှန်စည်းကြပ်ခွန်များအတွက် ၉၀ ရက်ကြာမပြည့်မီ တစ်ပတ်အလိုတွင် အဆိုပါသဘောတူညီချက်ကိုဖော်ပြခဲ့ပြီး ဒါဇင်များစွာသောနိုင်ငံများမှ သွင်းကုန်များအပေါ် အမေရိကန်အကောက်ခွန်များ သိသိသာသာတိုးမြှင့်လာမည်ဖြစ်ပါသည်။

ထိုအချိန်က ကုန်သွယ်မှုကာကွယ်ရေးအစီအစဉ်အရ ဗီယက်နမ်မှ သွင်းကုန်များ သည် အလွန်မြင့်မားသောအကောက်ခွန် ၄၆ ရာခိုင်နှုန်းနှင့်ရင်ဆိုင်ခဲ့ရကြောင်း၊ သို့သော်လည်း ရက်ပေါင်း ၉၀ အတွင်း ယာယီသွင်းကုန်ဗီယက်နမ်ကုန်ပစ္စည်းများကို ကြားဖြတ်ကာလအတွင်း ၁၀ ရာခိုင်နှုန်းလျှော့ချပေးခဲ့ပါကြောင်း၊ ယခုအခါ အကောက်ခွန် ၂၀ ရာခိုင်နှုန်းတိုးမြှင့်ခြင်းသည် အမေရိကန်သွင်းကုန်များအတွက် ကုန်ကျစရိတ်တိုးလာဖွယ်ရှိပြီး ပိုမိုမြင့်မားသောကုန်ကျစရိတ်များကို ဈေးနှုန်းမြင့်မားသည့်ပုံစံဖြင့် စားသုံးသူများထံ ရောက်ရှိသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါ သည်။

Source: https://www.cnbc.com/2025/07/02/trump-trade-vietnam-deal.html   

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News