International News

ဗီယက်နမ်နိုင်ငံ သန်းဟွာပြည်နယ်မှ ဂျပန်၊ EU နှင့် အမေရိကန်ဈေးကွက်များသို့ ပရီမီယံဆန်တင်ပို့မှုကို အဓိကထားဆောင်ရွက်

Last Updated:

ဗီယက်နမ်နိုင်ငံ သန်းဟွာပြည်နယ်ပြည်သူ့ကော်မတီသည် အဓိကပို့ကုန်လုပ်ငန်းများနှင့်ချိတ်ဆက်နိုင်ရန်အတွက် GlobalGAP နှင့်အော်ဂဲနစ်စံနှုန်းများနှင့်ကိုက်ညီသောစိုက်ပျိုးဇုန်များကို တက်ကြွစွာဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ဆောင် ရွက်ရခြင်းမှာ သန်းဟွာပြည်နယ်မှ ထွက်ရှိသည့် ဆန်ကို ဂျပန်၊ ဥရောပနှင့် အမေရိကန်တို့ကဲ့သို့ ပရီမီယံဈေးကွက်များသို့ တင်ပို့သွားရန်ရည်ရွယ်ကြောင်း ဖော်ပြထားပါသည်။

အလယ်ပိုင်းပြည်နယ်သည် အရည်အသွေးမြင့်ဆန်အချိုးအစားကို တရားဝင်တင်ပို့နိုင်သည့်လမ်းကြောင်းများမှ တိုးမြှင့်တင်ပို့နိုင်ရန်အတွက် လုပ်ငန်းစဉ်များတွင် ရင်းနှီးမြှုပ်နှံရန် စီးပွားရေးလုပ်ငန်းများကို တွန်းအားပေးလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်အတွက် သန်းဟွာသည် ဆန်ဟက်တာ ၂၂၄,၃၀၀ ဟက်တာစိုက်ပျိုးရန်နှင့် စုစု ပေါင်းအထွက်နှုန်းတန်ချိန် ၁,၃၄၅,၈၀၀ ရရှိရန်ရည်မှန်းထားကြောင်း ဖော်ပြထားပါသည်။

သန်းဟွာပြည်နယ်သည် လက်ရှိတွင် အထွက်နှုန်းကောင်းပြီ အရည်အသွေးမြင့်ဆန်ဟက်တာ ၁၅၀,၀၀၀ ရှိပြီး အဆိုပါဧရိယာအတွင်းတွင် ဟက်တာ ၈၀,၀၀၀ ခန့်ထုတ်လုပ်နိုင်သည့်ဇုန်များရှိပြီး အဆိုပါဇုန်များသည် တန်ဖိုးကွင်းဆက်တစ် လျှောက် အရည်အသွေးနှင့်ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ကြောင်း ဖော်ပြထားပါသည်။

လက်ရှိတွင် ပြည်နယ်အတွင်း ဆန်ဝယ်ယူခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းတွင် အဓိကလုပ်ငန်းကြီး ၈ ခုရှိပြီး တစ်နှစ်လျှင် တန်ချိန် ၂၇၄,၆၀၀ ထုတ်လုပ်နိုင်ကြောင်း၊သန်းဟွာသည် လက်ရှိတွင် OCOP(One Commune One Product)အစီအစဉ်အရ အသိအမှတ်ပြုထားသော ဆန်ထွက်ကုန် ၁၂ မျိုးရှိပြီး ကြယ် ၃ ပွင့်နှင့် ကြယ် ၄ ပွင့်အဆင့်သတ်မှတ်ထားကြောင်း သိရှိရပါသည်။

သန်းဟွာ၏ ဆန်ဈေးကွက်သည် ပြည်တွင်းစားသုံးမှုအပေါ် အဓိကထားဆဲဖြစ်ပြီး ထွက်ရှိမှု၏ ၉၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ သို့သော်လည်း ပြည်နယ်၏ပို့ကုန်လုပ်ငန်းများအပြုသဘောဆောင်လျက်ရှိသောကြောင့် ဆန်တင်ပို့မှုကိုတိုးချဲ့ရန် ဆောင်ရွက် လျက်ရှိပါသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် သန်းဟွာပြည်နယ်မှ စင်ကာပူနိုင်ငံသို့ တရားဝင်ဆန်တင်ပို့ခဲ့ကြောင်း၊ စုစုပေါင်းဆန်တင်ပို့မှုပမာဏသည် တန်ချိန် ၅၀၀ သို့ရောက်ရှိခဲ့ပြီး ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၂၉,၀၀၀ ရရှိခဲ့ကြောင်း ဖော်ပြထားပါ သည်။၂၀၂၅ ခုနှစ်တွင် ပို့ကုန်လုပ်ငန်းများကို ထပ်မံတိုးချဲ့ရန်ရည်မှန်းထားကြောင်း သိရှိရပါသည်။

လက်ရှိတွင် ဆန်တင်ပို့ရန်အရည်အချင်းပြည့်မီသော ကုမ္ပဏီသုံးခုဖြစ်သည့် Lam Son Sugarcane Joint Stock Company(JSC)၊ VinaGreen Development Investment JSC နှင့် Tam Phu Hung High-Tech Food Limited Liability Company(LLC)ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

Source: VN Economy

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News