International News

ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်သည့် ဗင်ဖတ်စ်ကားသည် နိုဝင်ဘာလအတွင်း ရောင်းအားစံချိန်တင်ခဲ့

Last Updated:

ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်သည့် ဗင်ဖတ်စ်ကားသည် နိုဝင်ဘာလအတွင်း လျှပ်စစ်ကားစီးရေ (EVs) ၂၃,၁၈၆ စီးတင်ပို့ရောင်းချခဲ့ကြောင်း၊ နှစ်စမှ လစဉ်ရောင်းအားစံချိန်တင်ခဲ့ပြီး ကားစီးရေ ၁၄၇,၄၅၀ စီးရောင်းချခဲ့ကာ ဈေးကွက်ဦးဆောင်မှုနေရာတွင် ရပ်တည်လျက်ရှိကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ထိုသို့တင်ပို့ရောင်းချနိုင်မှုသည် ကုမ္ပဏီ၏ခိုင်မာသော စီးပွားရေးစွမ်းဆောင်ရည်ကို ပြသနိုင်ရုံမျှမက ဗီယက်နမ်နိုင်ငံ၏ဓာတ်ဆီကားသုံးစွဲမှုမှ လျှပ်စစ်ကားသုံးစွဲမှုသို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းမှုကိုလည်း ပေါ်လွင်စေကြောင်းဖော်ပြထားးပါသည်။ှ

နိုဝင်ဘာလစံချိန်တင်ရောင်းအား၏ အဓိကမောင်းနှင်အားမှာ Green Line လျှပ်စစ်ကားများဖြစ်ကြောင်း၊ ဗင်ဖတ်စ်(Limo Green)မော်ဒယ်တစ်ခုတည်းအတွက် ယူနစ် ၉,၆၄၂ စီးတင်ပို့ခဲ့ရောင်းချနိုင်ခဲ့ပြီး လစဉ်ရောင်းအားအမြင့်ဆုံးဖြစ်ကြောင်းဖော်ပြထားသည်။ထိုင်ခုံခုနှစ်ခုံပါသည့် MPV သည် ၎င်း၏ကျယ်ဝန်းပြီး ဘက်စုံသုံးနိုင်သော အတွင်းခန်း၊ တည်ငြိမ်သောစွမ်းဆောင်ရည်၊ ဆွဲဆောင်မှုရှိသော လည်ပတ်စရိတ်များနှင့် ဓာတ်ဆီမှ လျှပ်စစ်သို့ ပြောင်းလဲနိုင်သည့်အတွက် အလျင်အမြန်ရေပန်းစားလာခဲ့သည်။  စတင်ရောင်းချပြီး လေးလအကြာတွင် Limo Green သည် ယူနစ် ၁၆,၁၇၆ စီးရောင်းချရပြီး နိုင်ငံ၏ အရောင်းရဆုံး ထိုင်ခုံခုနစ်ခုံပါ MPV ဖြစ်လာခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အခြားမော်ဒယ်ကားများသည်လည်း နိုဝင်ဘာတွင် ရလဒ်ကောင်းများရရှိခဲ့ပြီး VF 3(၄,၆၅၅ ယူနစ်)၊ VF 5(၃,၀၇၂ ယူနစ်)၊ VF 6(၂,၈၀၁ ယူနစ်)နှင့် VF 7(၁,၂၂၅ ယူနစ်)ရောင်းချခဲ့ရကြောင်း၊ ယခုနှစ်အစမှစ၍ VF 3 သည် ဗီယက်နမ်၏ အရောင်းရဆုံးကားအဖြစ် ၄၀,၆၆၀ ယူနစ်ဖြင့် ဆက်လက်ရပ်တည်လျက်ရှိကြောင်း၊ VF 5 သည် ၃၈,၄၇၈ ယူနစ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိပါကြောင်း၊ အဆိုပါရောင်းအားကိန်း ဂဏန်းများတွင် သီးသန့်အသုံးပြုသည့် Herio Green ယာဉ် ၁၂.၃၅၄ စီးယူနစ်ပါဝင်ခြင်းမရှိကြောင်း ဖော်ပြထားပါသည်။

B-SUV အမျိုးအစားတွင် VF 6 သည် ယူနစ် ၁၉,၇၅၀ ဖြင့်‌ဈေးကွက်ကို ဦးဆောင်ခဲ့ပြီး VF 7၊ VF 8 နှင့် VF9 တို့သည်လည်း C-SUV၊ D-SUV နှင့် E-SUV အမျိုးအစားတွင် အရောင်းရဆုံးမော်ဒယ်များထဲတွင် ပါဝင်ခဲ့ပြီး ယူနစ် ၈,၂၉၂၊ ၃,၁၇၂ နှင့် ၁,၇၅၅ အသီးသီးရောင်းချခဲ့ရကြောင်း ဖော်ပြထားပါသည်။

ရောင်းအားမြင့်တက်လာခြင်းနှင့်အတူ ဗင်ဖတ်စ်သည် ၎င်း၏ ဝန်ဆောင် မှုကွန်ရက်ကို ဆက်လက်တိုးခဲ့လျက်ရှိပါသည်။နိုဝင်ဘာလတွင် ကုမ္ပဏီ သည် ၎င်း၏ ၃၅၀ မြောက် ပြုပြင်ထိန်းသိမ်းသည့် အလုပ်ရုံကို ဖွင့်လှစ်ခဲ့ပြီး နှစ်ကုန်တွင် ၄၀၀ ထိဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြောင်း၊ ဗီယက် နမ်တွင် မော်တော်ယာဉ်အကြီးဆုံးထုတ်လုပ်သူဖြစ်သကဲ့သို့ ဝန်ဆောင် မှုစင်တာအများဆုံးရှိသော ကားကုမ္ပဏီအဖြစ် ခိုင်မာစွာရပ်တည်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဒီဇင်ဘာလတွင် ဗင်ဖတ်စ်သည် mini EC Van နှင့် လေးယောက်စီး Minio Green တို့ကို စတင်တင်ပို့ရောင်းချမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ၎င်းသည် ဗီယက်နမ်၏ အလျင်အမြန်ကြီးထွားလာသော EV ဈေးကွက်တွင် ဗင်ဖတ်စ်တည်ရှိမှုကို မြှင့်တင်ရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 Source: Vietnam plus  

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News