International News

ဗီယက်နမ်နိုင်ငံသည် ၁၁ လအတွင်း ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၂၀.၅ ဘီလီယံစံချိန်တင်

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ၁၁ လအတွင်း ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၂၀.၅၃ ဘီလီယံရရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ အမျိုးသားစာရင်းအင်းရုံး(GSO)က ဒီဇင်ဘာ ၆ ရက်နေ့တွင် ထုတ်ပြန်ချက်အရသိရှိရပါသည်။

အဆိုပါကာလအတွင်း ကုန်စည်တင်ပို့မှုနှင့် သွင်းကုန်စုစုပေါင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၈၃၉.၇၅ ဘီလီယံအထိရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၁၇.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ပို့ကုန်မှာ ၁၆.၁ ရာခိုင် နှုန်းမြင့်တက်ခဲ့ပြီး သွင်းကုန်မှာ ၁၈.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

နိုဝင်ဘာလတွင် ပို့ကုန်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၃၉.၀၇ ဘီလီယံရှိပြီး လအလိုက် ၇.၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။ ၎င်းအနက် ပြည်တွင်းကဏ္ဍမှ အမေရိကန်ဒေါ်လာ ၈.၂၃ ဘီလီယံရရှိခဲ့ပြီး ၄.၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ(ရေနံ စိမ်းအပါအဝင်) ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၃၀.၈၄ ဘီလီယံရရှိခဲ့ပြီး ၇.၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

ပြီးခဲ့သည့်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက နိုဝင်ဘာလပို့ကုန်များသည် ၁၅.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(ရေနံစိမ်းအပါ အဝင်)မှာ ၂၈.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

၁၁ လအတွင်း ပြည်ပတင်ပို့မှုစုစုပေါင်းမှာ အမရိကန်ဒေါ်လာ ၄၃၀.၁၄ ဘီလီယံရှိမည်ဟု ခန့်မှန်းထားကြောင်း ပြည်တွင်းကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၀၂.၄၁ ဘီလီယံရရှိခဲ့ပြီး စုစုပေါင်းပို့ကုန်၏ ၂၃.၈ ရာခိုင်နှုန်းရှိကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၃၂၇.၇၃ ဘီလီယံရရှိခဲ့ပြီး ၂၃.၁ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဖော်ပြထားပါ သည်။

ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ပို့ကုန်ပစ္စည်း ၃၆ မျိုးသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရရှိခဲ့ပြီး စုစုပေါင်းပို့ကုန်၏ ၉၄.၁ ရာခိုင် နှုန်းရှိကြောင်း၊ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်တင်ပို့မှုရှိသည့် ကုန်စည် ၈ မျိုးရှိပြီး စုစုပေါင်းပို့ကုန်၏ ၇၀.၃ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားပါသည်။

အဆိုပါကာလအတွင်း ပြုပြင်ထားသော စက်မှုလုပ်ငန်းသုံးကုန်ပစ္စည်းများသည် အမေရိကန်ဒေါ်လာ ၃၈၁.၇၂ ဘီလီယံရှိပြီး ၈၈.၇ ရာခိုင်နှုန်းရှိကြောင်း၊ စိုက်ပျိုးရေးနှင့် သစ်တောထွက်ကုန်များသည် အမေရိကန်ဒေါ်လာ ၃၅.၅၈ ဘီလီယံ(၈.၃ ရာခိုင်နှုန်း)၊ ရေထွက်ပစ္စည်းများသည် အမေရိကန်ဒေါ်လာ ၁၀.၃၂ ဘီလီယံ(၂.၄ ရာခိုင်နှုန်း)နှင့် လောင်စာနှင့် သတ္တုဓာတ်များသည် အမေရိကန်ဒေါ်လာ ၂.၅၂ ဘီလီယံ(၀.၆ ရာခိုင် နှုန်း)ရှိကြောင်း ဖော်ပြထားပါသည်။

နိုဝင်ဘာလတွင် သွင်းကုန်တင်သွင်းမှုဝင်ငွေသည် အမေရိကန်ဒေါ်လာ ၃၇.၉၈ ဘီလီယံရှိပြီး ယခင်လနှင့်နှိုင်းယှဉ်ပါက ၃.၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ၎င်းအနက် ပြည်တွင်းကဏ္ဍသည် တင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ ၁၁.၃၄ ဘီလီယံသုံးစွဲခဲ့ပြီး ၀.၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့် ကဏ္ဍသည် အမေရိကန်ဒေါ်လာ ၂၆.၆၄ ဘီလီယံသုံးစွဲခဲ့ပြီး ၅.၁ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက နိုဝင်ဘာလတင်သွင်းမှုမှာ ၁၆ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ပြည်တွင်းကဏ္ဍမှာ ၈.၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့်ကဏ္ဍမှာ ၃၁.၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။

ဇန်နဝါရီမှ နိုဝင်ဘာလအထိ ကာလအတွင်း စုစုပေါင်းတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၄၀၉.၆၁ ဘီလီယံရှိပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၁၈.၄ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ပြည်တွင်းကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၂၈.၄ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများကို ဝယ်ယူခဲ့ပြီး ၁.၇ ရာခိုင်နှုန်းမြင့်တက်လာကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၈၁.၂၁ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများကို ဝယ်ယူခဲ့ပြီး ၂၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။

အဆိုပါကာလအတွင်း တင်သွင်းမှုပစ္စည်း ၄၇ မျိုးသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ဖိုးရှိပြီး စုစုပေါင်းတင်သွင်းမှု၏ ၉၃.၉ ရာခိုင်နှုန်းရှိကြောင်း၊ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိသည့် ကုန်ပစ္စည်း ၆ မျိုးရှိပြီး တင်သွင်းမှု၏ ၅၇.၇ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားပါသည်။

သွင်းကုန်အချက်အလက်များအရ အရင်းအနှီးကုန်ပစ္စည်းများ၏ တင်သွင်းမှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၃၈၃.၉၆ ဘီလီယံရှိပြီး စုစုပေါင်းတင်သွင်းမှု၏ ၉၃.၇ ရာခိုင်နှုန်းရှိကြောင်း၊ အထူးသဖြင့် စက်ယန္တရား၊ ပစ္စည်းကိရိယာများနှင့် အပိုပစ္စည်းများသည် ၅၂.၇ ရာခိုင်နှုန်းရှိပြီး ကုန် ကြမ်းများ၊ လောင်စာဆီများနှင့် သွင်းအားစုများသည် ၄၁ ရာခိုင်နှုန်းရှိကြောင်း၊ စားသုံးသူကုန်ပစ္စည်းများသည် အမေရိကန်ဒေါ်လာ ၂၅.၆၅ ဘီလီယံအထိရောက်ရှိခဲ့ပြီး စုစုပေါင်းတင်သွင်းမှု၏ ၆.၃ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ ကုန်ပစ္စည်းအများဆုံးတင်သွင်းသူဖြစ်ပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၇.၅ ဘီလီယံရှိကြောင်း ဖော်ပြထားပါသည်။ ၂၀၂၅ ခုနှစ် ၁၁ လအတွင်း ဗီယက်နမ်သည် EU နှင့်ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၃၅.၆ ဘီလီယံ(၁၀.၄ ရာခိုင် နှုန်းမြင့်တက်၊ ဂျပန်နှင့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ(ပိုငွေ ၂၉.၇ ရာခိုင်နှုန်းကျဆင်း)၊ တရုတ်နှင့် အမေရိကန်ဒေါ်လာ ၁၀၄.၃ ဘီလီယံ (လိုငွေ ၃၈.၁ ရာခိုင်နှုန်းမြင့်တက်)၊ ကိုရီးယားသမ္မတနိုင်ငံနှင့် အမေရိကန်ဒေါ်လာ ၂၈.၃ ဘီလီယံ(လိုငွေ ၁.၉ ရာခိုင်နှုန်းမြင့်တက်)၊ အာဆီယံနှင့်အမေရိကန်ဒေါ်လာ ၁၂.၄ ဘီလီယံ(လိုငွေ ၄၆.၃ရာခိုင်နှုန်းမြင့်တက်) လာကြောင်း ဖော်ပြထားပါသည်။

Source:  Vietnam Plus

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News