International News

ထိုင်းနိုင်ငံကို ကမ္ဘာ့ဟာလာလ်အစားအစာအချက်အခြာအဖြစ် ဖွံ့ဖြိုးတိုးတက်စေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိ

Last Updated:

အစားအသောက်နှင့် ခရီးသွားလုပ်ငန်းအပါအဝင် ထိုင်းဟာလာလ်လုပ်ငန်းသည် ခိုင်မာသော တိုးတက်မှုအလားအလာရှိနေသည်ဟု ထိုင်းမွတ်စလင်ကုန်သွယ်ရေးအသင်း(TMTA)က ပြောကြားခဲ့ကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “Push for development of Thailand into global halal hub” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ထိုင်းနိုင်ငံတွင် ကဏ္ဍအမျိုးမျိုးတွင် ဟာလာအသိအမှတ်ပြုထုတ်ကုန်အမျိုးမျိုးရှိပြီး နိုင်ငံအား ကမ္ဘာလုံးဆိုင်ရာ ဟာလာလ်ကုန်သွယ်ရေးဗဟိုချက်အဖြစ် အလားအလာရှိသော နေရာတစ်ခုအဖြစ် ရပ်တည်စေကြောင်း၊ ဟာလာလ်ခရီးသွားလုပ်ငန်းသည် တိုးတက်မှုကို မောင်းနှင်နိုင်သည့် အလားအလာရှိကြောင်း၊ ဟာလာလ်စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများအကြား ပိုမိုပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရန် တိုက်တွန်းခဲ့ပြီး ထုတ်လုပ်မှု၊ ပို့ကုန်များတွင် ပုဂ္ဂလိကကဏ္ဍ၏ ခိုင်မာသောပါဝင်မှုကို ထောက်ပြလိုပါကြောင်း၊ ဟာလာလ်လုပ်ငန်းသည် ကဏ္ဍများစွာနှင့်ဆက်စပ်နေပြီး ရှင်းလင်းသော ဦးတည်ချက်နှင့် ဦးဆောင်မှုရှိသော ထိုင်းနိုင်ငံဟာလာလ်လုပ်ငန်းဗဟိုဌာနတစ်ခုတည်ထောင်ရန် ပိုမိုအာရုံစိုက်ရန် တောင်းဆိုခဲ့ကြောင်း TMTA ၏ဥက္ကဋ္ဌ Mr. Marut Mekloy က ပြောကြားခဲ့ပါသည်။

အသင်းသည် ထိုင်းနိုင်ငံ၏ စက်မှုဝန်ကြီးဌာနအောက်ရှိ Halal စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအစီအစဉ်(၂၀၂၄-၂၀၂၇)တွင် ဗဟိုဌာနတစ်ခုပါဝင်ခဲ့ကြောင်း၊ အသင်းက ခရီးသွားလုပ်ငန်းဌာနကို မွတ်စလင်နှင့်သဟဇာတဖြစ်သော စံနှုန်းများနှင့်ကိုက်ညီသော ဧည့်ဝတ်ပြုမှုလုပ်ငန်းရှင်များကို အသိအမှတ်ပြုရန်အတွက် ကမ္ဘာလုံးဆိုင်ရာ မွတ်စလင်ဖော်ရွေသော ဧည့်ဝတ်ပြုမှုညွှန်းကိန်းတစ်ခု စတင်ရန် အဆိုပြုခဲ့ကြောင်း Mr. Marut က ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် One Tambon One Product(OTOP)အများအပြားရှိပြီး ၎င်းတို့အများစုမှာ အထူးသဖြင့် အစားအသောက်ထုတ်ကုန်များ ပို့ကုန်အတွက် အလား အလာရှိကြောင်း၊ သို့သော်လည်း ပို့ကုန်ထုတ်လုပ်မှုစွမ်းရည်သည် အဓိကစိန်ခေါ်မှုတစ်ခုအဖြစ်ရှိနေဆဲဖြစ်ကြောင်း၊အစိုးရအနေဖြင့်ဒေသတစ်ခုစီမှ"Hero products" ကို ဖော်ထုတ်၊ အကဲဖြတ်၊ ရွေးချယ်ပြီး ကနဦးဖွံ့ဖြိုးတိုးတက်ရေးထောက်ပံ့ငွေများပေးအပ်ရန် အကြုံပြုလိုပါကြောင်း၊ စာရင်းကိုင်၊ စျေးကွက်ရှာဖွေရေးနှင့် ဘဏ္ဍာ ရေးစီမံခန့်ခွဲမှုဆိုင်ရာ အစိုးရသင်တန်းများဖြင့် ပံ့ပိုးထားသော ခိုင်မာသောပိုင်ဆိုင်မှုစိတ်ဓာတ်နှင့် တိုးတက်မှုအလားအလာရှိသော "Killer products" ကိုဖော်ထုတ်ရန် လိုအပ်ကြောင်း Malaysia International Halal ကိုတည်ထောင်သူ Mohd Shukri Abdullah က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

Comasia Limited သည် Shapers Malaysia(MIHAS ၏တည်ထောင်သူ)နှင့် TMTA တို့နှင့်ပူးပေါင်း၍ ဇူလိုင်လ ၁၅ ရက်မှ ၁၇ ရက်အထိ ဘန်ကောက်မြို့ရှိ Queen Sirikit အမျိုးသားကွန်ဗင်းရှင်း စင်တာတွင် "Mega Halal Bangkok 2026" ကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယင်းပြပွဲသည် ထိုင်းပို့ကုန်လုပ်ငန်းရှင်များကို အဓိကစူပါမားကတ်ကွင်းဆက်များ၊ နိုင်ငံတကာအီလက်ထရွန်းနစ်ကူးသန်း ရောင်းဝယ်ရေးပလက်ဖောင်းများနှင့် ဒေသတွင်းဖြန့်ဖြူးသူများနှင့်ချိတ်ဆက်ရန်ရည်ရွယ်ပြီး အစားအသောက်နှင့် အဖျော်ယမကာ၊ ဟာလာလ်ဖက်ရှင်၊ အလှကုန်၊ ကျန်းမာရေးနှင့် spa၊ ဆေးဝါးနှင့် အစ္စလာမ့်ဘဏ္ဍာရေးတို့ကို ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း၊ ပါဝင်ပြသသူ  ၂၀၀ ခန့်နှင့် ဧည့်သည် ၁၀၀,၀၀၀ ခန့်လာရောက်မည်ဟု မျှော်လင့်ထားကြောင်း သိရှိရပါသည်။

Source: https://www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News