International News

ဗီယက်နမ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၂.၅ သန်းတင်ပို့ရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးသွားမည်

Last Updated:

ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ဆန်မက်ထရစ်တန်ချိန် ၂.၅ သန်းတင်ပို့ရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးသွားမည်ဖြစ် ကြောင်း နိုင်ငံပိုင်မီဒီယာများက ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးဆန်တင်ပို့မှုဈေးကွက်ဖြစ်ခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသည် ပြည်တွင်းထုတ်လုပ်မှုကို ပံ့ပိုးရန်အတွက် ၂၀၂၅ ခုနှစ်၏ နောက်ဆုံး ၄ လအတွင်း ဆန်တင်သွင်းမှုကို ရပ်ဆိုင်းခဲ့သည်။

သို့ရာတွင် ယခုနှစ်အတွင်း ဆန်တန်ချိန် ၃.၆ သန်းတင်သွင်းရန်စီစဉ်ထားကြောင်းနှင့်ဆန်အများစုကို ဗီယက်နမ်နိုင်ငံမှတင်သွင်းသွားမည်ဟု ဖိလစ်ပိုင်နိုင်ငံရှိ ဗီယက် နမ်သံရုံး၏ပြောကြားချက်ကို ကိုးကား၍ The Voice of Vietnam (VOV) မှ ဖော်ပြခဲ့ကြောင်း ရေးသားဖော်ပြထား ပါသည်။

ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီး H.E Francisco Tiu Laurel နှင့် စီးပွားရေးသံမှူး Mr. Le Phu Cuong တို့တွေ့ဆုံပြီးနောက် အဆိုပါသတင်းများထွက်ပေါ်လာခြင်းဖြစ်ကြောင်းဖော်ပြထားသည်။ ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ်တွင် ဆန်တင်သွင်းမှုပမာဏကိုထိန်းချုပ်ရန်အတွက် အခွန်ကောက်ခံမှုအပါအဝင်အစီအမံများအကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဟု အစီရင်ခံစာတွင် ဖော်ပြထား ပါသည်။

Source: https://www.bangkokpost.com/business/general/3175383/vietnam-to-sign-deal-to-export-25-million-tonnes-of-rice-to-philippines

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News