ထိုင်ဝမ်ဘိလပ်မြေလုပ်ငန်းရှင်များအသင်း၏တောင်းဆိုချက်အရ စုံစမ်းစစ်ဆေးမှုကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ရက်နေ့တွင် စတင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်အတွင်း ဆောင်ရွက်သည့်ကိစ္စရပ်များ အကျုံးဝင်ကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံမှ ဘိလပ်မြေနှင့် ကလစ်ကာတင်သွင်းမှုအပေါ် ၁၃.၅၉ ရာခိုင်နှုန်းမှ ၂၃.၂ ရာခိုင်နှုန်းအထိ စုပုံတင်သွင်းမှုအပေါ် တန်ပြန်ကောက်ခံသည့်အခွန်ကောက် ခံသွားမည်ဖြစ်ကြောင်း ထိုင်ဝမ်(တရုတ်)မှ အပြီးသတ်ဆုံးဖြတ်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း ဗီယက်နမ်ကုန်သွယ်မှုကုစားရေး အာဏာပိုင်အဖွဲ့၏အဆိုအရ သိရှိရပါသည်။
အဆိုပါဆုံးဖြတ်ချက်သည် ၂၀၃၀ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့အထိ ၅ နှစ်သက်တမ်းရှိကြောင်း၊ စုံစမ်းစစ်ဆေးမှုသည် ထိုင်ဝမ်ဘိလမ်မြေလုပ်ငန်းရှင်များအသင်း၏ တောင်းဆိုချက်အရ ၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်အထိတင်ပို့သည့် ကိစ္စရပ်များအကျုံးဝင်ကြောင်း ဖော်ပြ ထားပါသည်။
စစ်ဆေးခံနေရသော ထုတ်ကုန်များသည် HS ကုဒ် 2523.29.90.00.2 နှင့် 2523. 10.90.00.3 အောက်တွင် အမျိုးအစားခွဲထားသော Portland ဘိလပ်မြေနှင့် ကလစ်ကာများဖြစ်ကြောင်း သိရှိရပါသည်။
အချို့သောကုန်သွယ်ရေးဆောင်ရွက်မှုများကြောင့် ထိခိုက်ရသည့် ဗီယက်နမ်ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အမိန့်ထုတ်ပြန်သည့် ဇူလိုင် ၂၂ ရက်နေ့မှ ၂ လအတွင်း တိုင်ပေအထက်တန်းတရားရုံးသို့ အယူခံတင်သွင်းနိုင်ကြောင်း ဗီယက်နမ်ကုန်သွယ်မှုကုစားရေးအာဏာပိုင်အဖွဲ့၏ ပြောကြားချက်အရ သိရှိရပါသည်။
ဗီယက်နမ်ကုန်သွယ်မှု ကုစားရေးအာဏာပိုင်များသည် ပို့ကုန်လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များအား(နှစ်စဉ် သို့မဟုတ် သတ်မှတ်ကာလ)အတွင်း ပြန်လည်သုံးသပ်ချက်တောင်းခံရန် တိုက်တွန်းထားသည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ၎င်း၏ ပို့ကုန်များအပေါ် အခွန်နှုန်းထားများလျှော့ချနိုင်ကြောင်းအကြံပြုထားသည်။ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့်လည်း ၎င်းတို့၏ ထုတ်ကုန်ဈေးကွက်များချဲ့ထွင်ရန်နှင့် ဈေးကွက်များကွဲပြားစေရန်အကြံပြုထားကြောင်း ဖော်ပြပါရှိပါသည်။
Source: https://wtocenter.vn
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)