International News

ဖိလစ်ပိုင်-ကမ္ဘောဒီယားနှစ်နိုင်ငံကြား သက်ရောက်မှုမြင့်မားသည့်ကဏ္ဍများတွင် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်

Last Updated:

ဖိလစ်ပိုင်-ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ကုန်သွယ်မှုတိုးမြင့်သွားမည်ဖြစ်ပါကြောင်းနှင့် အဓိကအားဖြင့် သက်ရောက်မှုမြင့်မားသည့် လုပ်ငန်းကဏ္ဍများတွင် ပိုမိုတိုးချဲ့ဆောင်ရွက်သွားရန် သမ္မတမားကို့စ်ဂျူနီယာမှ တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် အခွင့်အလမ်းများအတူတကွရယူသွားနိုင်သည့် လုပ်ငန်းကဏ္ဍများကျန်ရှိနေဆဲဖြစ်ကြောင်း သမ္မတ၏ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်နေသည့် နိုင်ငံတော်ခရီးစဉ်အတွင်း ၈-၉-၂၀၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် B2B Networking Roundtable ဆွေးနွေးပွဲတွင် အမှုဆောင်အရာရှိချုပ်မှ  ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံရှိလုပ်ငန်းရှင်များအနေဖြင့် သမရိုးကျလုပ်ငန်း များမှ သွေဖယ်ပြီး စားသုံးသူများနှစ်သက်သည့် ကုန်စည်များ၊ ပညာရေး၊ ကျန်းမာ ရေးစောင့်ရှောက်မှု၊နာမည်ကြီးလုပ်ငန်းများ၏လုပ်ငန်းခွဲများအဖြစ် ဆောင်ရွက်ခြင်း (Franchising)၊အခြေခံအဆောက်အအုံတည်ဆောက်ခြင်း၊စိုက်ပျိုးရေးနှင့် ကုန်စည် သယ်ယူ/ပို့ဆောင်ခြင်းစသည့်ကဏ္ဍများတွင် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဖော်ပြပါရှိပါသည်။

ထို့ပြင် နှစ်နိုင်ငံကြား ပြည့်ဖြိုးမြဲစွမ်းအင်လုပ်ငန်းကဏ္ဍနှင့် ဒီဂျီတယ်စီးပွားရေးလုပ်ငန်းကဏ္ဍများသည်လည်း အလားအလာရှိသောကဏ္ဍများဖြစ်ကြောင်း သမ္မတမားကို့စ်ဂျူနီယာမှ အထူးအလေးပေးပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိန်းဂဏန်း၊ အချက်အလက်များအရ ဖိလစ်ပိုင်-ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၅.၆၉ သန်းရှိခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီကာလများထက် ပိုမိုမြင့်တက်ခဲ့သည်ကို တွေ့ရှိရပါသည်။

ထိုသို့ကုန်သွယ်မှုမြင့်တက်ခဲ့သည်ကို ကြည့်မည်ဆိုလျှင် ၂၀၂၃ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ပို့ကုန်တင်ပို့မှု သိသိသာသာမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၇ သန်းမှ ၄၂ သန်းထိမြင့်တက်ခဲ့သည်ကြောင်းဖော်ပြပါရှိပါသည်။ နှစ်နိုင်ငံကြား ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်သွားမည်ဖြစ်ပါကြောင်းနှင့် တည်ငြိမ်သောမူဝါဒ၊ခိုင်မာသောဥပဒေလုပ်ထုံးလုပ်နည်းများနှင့် မဟာ ဗျူဟာကျသည့်အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေးတို့တွင် တိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတမားကို့စ်မှ ကတိကဝတ်ပြုပြောကြားခဲ့ပါ သည်။

Source: https://businessmirror.com.ph/2025/09/08/pbbm-urges-phl-and-cambodia-businesses-to-explore-cooperation-on-high-impact-sectors/

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News