International News

အမေရိကန်နိုင်ငံ၏သွင်းကုန်ခွန်ကြောင့် ရင်းနှီးမြှုပ်နှံသူများ စီးပွားရေးအရထိခိုက်မှုရှိနိုင်ကြောင်း JP Morgan ၏ အမှုဆောင်အရာရှိချုပ်က ပြောကြားခဲ့

Last Updated:

အမေရိကန်‌နိုင်ငံ၏သွင်းကုန်ခွန်များကြောင့် ရင်းနှီးမြှုပ်နှံသူများအပေါ် ထိခိုက်မှုများရှိနိုင်ပြီး ကုမ္ပဏီများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူရာတွင် ကုန်ကျစရိတ်များတက်လာနိုင်ရာ  စတော့ဈေးကွက်ကျဆင်းလာနိုင်ကြောင်း၊ အမေရိကန်နိုင်ငံသည် ၁၉၇၁ ခုနှစ်တွင် ၎င်း၏ ကုန်သွယ်ဖက်နိုင်ငံများအပေါ် သွင်းကုန်ခွန်(၁၀)ရာခိုင်နှုန်းကောက်ခံခြင်းရှိခဲ့သော်လည်း သမ္မတဒေါ်နယ်ထရမ့်၏ သွင်းကုန်ခွန်သည် အမေရိကန်နိုင်ငံ၌ ယခင်ကမရှိခဲ့သည့်နှုန်းထားဖြစ်ကြောင်း၊ သွင်းကုန်ခွန်ကြောင့် ကုမ္ပဏီများ၏ရငွေခန့်မှန်းချက်ကျဆင်းခြင်းနှင့် အမေရိကန်စတော့ဈေးကွက်ရှိ ကုမ္ပဏီများ၏ တန်ဖိုးကို ပြန်လည်သတ်မှတ်လာနိုင်ခြင်းတို့ကြောင့် စတော့ရှယ်ယာများကို (၁၀)ရာခိုင်နှုန်းလျှော့ချကာ ရောင်းချလာနိုင်ကြောင်းနှင့် ထို့အပြင် သမ္မတဒေါ်နယ်ထရမ့်၏ သွင်း ကုန်ခွန်အပေါ် ကုန်သွယ်ဖက်နိုင်ငံများက မည်သို့တုံ့ပြန်မည်ကိုမသိနိုင်ကြောင်းဖြင့် JP Morgan ၏ အမှုဆောင်အရာရှိချုပ် Mr. Jamie Dimon က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: The Wall Street Journal

https://www.wsj.com/finance/jamie-dimon-says-tariffs-might-inflict-more-economic-pain-than-investors-realize-ab9e8a67  

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News