International News

ရုရှားစိုက်ပျိုးရေးကဏ္ဍအတွက် လောင်စာဆီ လုံလောက်စွာဖြည့်ဆည်းထားကြောင်း အတည်ပြု

Last Updated:

ရုရှားနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်သောလောင်စာဆီ(Fuel) ပမာဏကို လုံလောက်စွာဖြည့်ဆည်းထားပြီး၊ ရာသီအလိုက် စိုက်ပျိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် အဆင်သင့်ဖြစ်နေကြောင်း ရုရှားအစိုးရက အတည်ပြုခဲ့သည်။

ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့ပူးပေါင်းကျင်းပသည့် အစည်းအဝေးတွင် နွေရာသီစိုက်ပျိုးရေးလုပ်ငန်းများ၊ ရိတ်သိမ်းရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးထုတ်လုပ်မှုများအတွက် လိုအပ်သည့် ဒီဇယ်ဆီနှင့် အခြားလောင်စာဆီများထောက်ပံ့ပေးနိုင်ရေးအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သော လောင်စာဆီပမာဏကို ကြိုတင်စီမံထားပြီး၊ ဒေသအသီးသီးရှိတောင်သူ များနှင့် စိုက်ပျိုးရေးလုပ်ငန်းများထံ အချိန်မီရောက်ရှိစေရန်ဆောင်ရွက်နေကြောင်း အတည်ပြုခဲ့သည်။ ထို့အပြင် ဒေသအစိုးရများ၊ လောင်စာထုတ်လုပ်သည့်ကုမ္ပဏီများနှင့် စိုက်ပျိုးရေးကဏ္ဍမှ တာဝန်ရှိသူများအကြား ပူးပေါင်းညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ရုရှားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် နွေဦးစိုက်ပျိုးရေး၊ ရိတ်သိမ်းရေးနှင့် သီးနှံသယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် လောင်စာဆီသည် အရေးကြီးသော အခြေခံအရင်းအမြစ်တစ်ခုဖြစ်သည်။ ထို့ကြောင့် လောင်စာဆီထောက်ပံ့မှုတည်ငြိမ်ရေးသည် သီးနှံထုတ်လုပ်မှုနှင့်အစား အသောက်ဈေးကွက်တည်ငြိမ်ရေးအတွက် အဓိကအချက်တစ်ရပ်ဖြစ် သည်။

ရုရှားအစိုးရသည် ယခုနှစ်စိုက်ပျိုးရေးရာသီအတွင်း လယ်ယာလုပ်ငန်းများ အနှောင့်အယှက်မဖြစ်စေရန် လောင်စာဆီထောက်ပံ့မှု၊ ဈေးနှုန်းတည်ငြိမ်ရေးနှင့် ဒေသအလိုက်ဖြန့်ဖြူးမှုစနစ်များကို အနီးကပ်စောင့်ကြည့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Source: https://interfax.com

(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News