ဒူဘိုင်းကုန်သည်ကြီးများအသင်းသည် အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် အဆင့်မြင့်နှင့် အခြားရွေးချယ်စရာဘဏ်လုပ်ငန်းဝန်ဆောင်မှုများရယူအသုံးပြုနိုင်မှုအား တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက်အထူးပြု fintech ကုမ္ပဏီလေးခုနှင့် မဟာဗျူဟာမြောက်သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြပြီး ပိုမိုတက်ကြွပြီး ပူးပေါင်းပါဝင်သောစီးပွားရေးဂေဟစနစ်တစ်ခုကို တည်ဆောက်သွားမည့် ၎င်းတို့၏ တွန်းအားအပေါ် အားဖြည့်ပေးခဲ့ပါသည်။
အဆိုပါနားလည်မှုစာချွန်လွှာများကို Mamo၊ Qashio၊ Pemo နှင့် Vault စသည့် fintech ကုမ္ပဏီ လေးခုနှင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ ထိုပူးပေါင်းဆောင်ရွက်မှုများတွင် SMEs များရင်ဆိုင်နေရသည့် လုပ်ငန်း လည်ပတ်မှုဆိုင်ရာ အထွေထွေစိန်ခေါ်မှုများကိုဖြေရှင်းရန်နှင့် ၎င်းတို့၏ ကြီးထွားမှုရည်မှန်းချက်များကို ပံ့ပိုးပေးနိုင်ရန်ပုံစံထုတ်ထားသော ဆန်းသစ်သည့်ဘဏ္ဍာရေးဆိုင်ရာ ဖြေရှင်းချက်များကို ပေးအပ်သွားနိုင်မည့် မူဘောင်တစ်ရပ်ကို ထူထောင်ပေးထားပါသည်။
၎င်းပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် SMEs များသည် အခြားရွေးချယ်စရာငွေစုအကောင့်များ၊ ကော်ပိုရိတ်ကတ်များ၊ လုပ်ငန်းလည်ပတ်ငွေချေးမှုများနှင့် ချောမွေ့သောအွန်လိုင်းငွေပေးချေမှု ဖြေရှင်း ချက်များကို ရယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။ ဤကိရိယာများသည် ငွေသားစီးဆင်းမှုစီမံခန့်ခွဲမှုအား တိုးတက်စေရန်၊ လုပ်ငန်းလည်ပတ်မှုထိရောက်မှုကိုမြှင့်တင်ရန်နှင့် ပိုမိုမြန်ဆန်ပြီး ပိုမိုအသိပေးထားသောဘဏ္ဍာရေးဆုံးဖြတ်ချက်များအား ချမှတ်စေနိုင်စေရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။
ဒူဘိုင်းကုန်သည်ကြီးများအသင်း၏ ကူးသန်းရောင်းဝယ်ရေးနှင့် ကော်ပိုရိတ်ဝန်ဆောင်မှုများဆိုင်ရာ အမှုဆောင်ဒုတိယဥက္ကဋ္ဌ Khalid AlJarwan က ဤအစီအစဉ်သည် SMEs များအတွက် ကြီးထွားမှုအတားအဆီးများကို ဖယ်ရှားရာတွင် အဓိကခြေလှမ်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆင့်မြင့်ဘဏ္ဍာရေးကိရိယာများကို တိုက်ရိုက်ဝင်ရောက်ခွင့်ပေးခြင်းသည် ပုဂ္ဂလိကကဏ္ဍ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ပံ့ပိုးပေးပြီး ဒူဘိုင်း၏ဦးဆောင်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဗဟိုချက်အဖြစ် ရပ်တည်မှုကို အားကောင်းစေကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။
သဘောတူညီချက်များတွင် Dubai Chambers နှင့်၎င်း၏ fintech မိတ်ဖက်များသည် ဒစ်ဂျစ်တယ်လက်ခံမှု၊ ငွေကြေးအလိုအလျောက်စနစ်နှင့် နည်းပညာအခြေပြုလုပ်ငန်းလည်ပတ်မှုများကို အာရုံစိုက်သည့်ပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ပညာရေးအစီအစဉ်များတွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။စိတ်ကြိုက်ပြင်ဆင်ထားသောလှုံ့ဆော်မှုအစီအစဉ်များနှင့် ကြိုဆိုကမ်းလှမ်းချက်များသည် SMEs များအား ခေတ်မီဘဏ္ဍာရေးဆိုင်ရာ ဖြေရှင်းချက်များကို လက်ခံကျင့်သုံးရန် ပိုမို အားပေးနိုင်လိမ့်မည်ဖြစ်ပါသည်။
မိတ်ဖက်အဖွဲ့အစည်းတစ်ခုစီသည် လည်ပတ်မှုမရှိသောရန်ပုံငွေများအပေါ် ယှဉ်ပြိုင်နိုင်သော အကျိုးအမြတ်များ၊ ထိရောက်သော သုံးစွဲမှုစီမံခန့်ခွဲမှုအတွက် ချက်ချင်းထုတ်ပေးသော ကော်ပိုရိတ်ကတ် များနှင့်ငွေပေးချေမှုများ၊ ကုန်ကျစရိတ်များနှင့် ခရက်ဒစ်ရယူခွင့်ကိုဗဟိုပြုသည့် ပေါင်းစပ်လမ်းကြောင်းများအပါအဝင် ပစ်မှတ်ထားသည့် အကျိုး ကျေးဇူးများကို ယူဆောင်လာမည်ဖြစ်ပါသည်။ ပေါင်းစပ်ဆောင်ရွက်ခြင်းအားဖြင့် အဆိုပါအစီအစဉ်များသည် ဒူဘိုင်း၏ SMEs အသိုင်းအဝိုင်းကို ယုံကြည်မှုဖြင့် တိုးချဲ့ရန် လက်တွေ့ကျသော ကိရိယာများဖြင့် တပ်ဆင်ပေးသွားရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သတင်းဖော်ပြထားပါသည်။
News Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)