International News

တရုတ်-လာအိုရထားလမ်းသည် လာအိုလယ်ယာထွက်ကုန်တင်ပို့မှုတိုးတက်စေရန် မြှင့်တင်ပေးလျက်ရှိ

Last Updated:

၂၀၂၅ ခုနှစ် ပထမလေးလပတ်အတွင်း တရုတ်-လာအိုရထားလမ်းသည် ပလောပီနံတန်ချိန်ပေါင်း ၁၅၆,၀၀၀ တန် သယ်ယူပို့ဆောင်ပေးခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၄၃ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း တွေ့ရှိရသည်။ ယင်းသည် လာအိုနိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုအတွက် အထောက်အကူဖြစ်စေပြီး တရုတ်-လာအိုရထားလမ်း၏ အခန်းကဏ္ဍတိုးတက်လာမှုကို ဖော်ပြပေးလျက်ရှိသည်။

၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့အထိ ယင်းရထားလမ်းဖြင့် ပလောပီနံကုန်သေတ္တာပေါင်း ၅,၇၅၀၊ တန်ချိန်စုစုပေါင်း ၁၅၆,၀၀၀ တန်သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း လာအို-တရုတ်မီးရထားလမ်းကုမ္ပဏီ(Laos-China Railway Co., Ltd)၏ ကြားသပတေးနေ့က ထုတ်ပြန်သည့် အစီအရင်ခံစာအရ သိရှိရသည်။ လာအိုနိုင်ငံ၏ လယ်ယာထွက်ကုန်များတင်ပို့မှုကိုမြှင့်တင်ရန်နှင့် နိုင်ငံစီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးရန်အတွက် အဆိုပါရထားလမ်းဖြင့် လယ်ယာထွက်ကုန်များသယ်ယူပို့ဆောင်ခြင်းကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ ကုန်စည်ပမာဏအရွယ်အစားမခွဲ ခြားဘဲ တောင်းဆိုမှုများအရ လိုအပ်ပါက လုပ်ငန်းလည်ပတ်သူများအား အပြည့်အဝပံ့ပိုးကူညီပေးလျက်ရှိသည်။

ထို့အပြင် ထောက်ပံ့ပို့ဆောင်ရေးစီမံခန့်ခွဲမှုကို မြှင့်တင်ပေးခြင်း၊ လယ်ယာထွက်ကုန်များအတွက် သီးခြားရထားလမ်းကြောင်းများတိုးမြှင့် ဆောင်ရွက်ခြင်းတို့အပြင် ပိုမိုချောမွေ့သော ညှိနှိုင်းဆောင်ရွက်မှု ယန္တယားကိုထူထောင်နိုင်ရန် နယ်စပ်ဒေသတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ဤသို့ကြိုးပမ်းဆောင်ရွက်မှုများသည် လာအိုလယ်ယာထွက်ကုန်များကို လျင်မြန်ထိရောက်စွာ တင်ပို့နိုင်ရေးအတွက် အကောက်ခွန်လုပ်ငန်းစဉ်များနှင့် စီမံဆောင်ရွက်ချိန်ကြာမြင့်မှုကို လျှော့ချနိုင်ခဲ့သည်။

တရုတ်-လာအိုမီးရထားလမ်း စတင်ဖွင့်လှစ်ချိန်မှစ၍ လာအိုနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် အလွန်ထိရောက်သော လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့သည်။ ရထားလမ်း၏ လုံခြုံစိတ်ချရမှု၊ သယ်ယူပို့ဆောင်စရိတ်နည်းပါးမှု၊ ပို့ဆောင်ရေးအချိန်တိုတောင်းမှုနှင့်အလုံစုံအဆင်ပြေမှုတို့ကြောင့် ပို့ကုန် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ထိထိရောက်ရောက်ဖြည့်ဆည်းပေးနိုင်ပြီး လာအိုလယ်ယာထွက်ကုန်များတင်ပို့မှုကိုမြှင့်တင်ဆောင်ရွက် ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အရင်းအမြစ်။ https://en.people.cn/n3/2025/0516/c90000-20315950.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News