International News

စင်ကာပူနိုင်ငံတွင် စွန့်ဦးတီထွင်လုပ်ငန်းများလုပ်ကိုင်ပါက နိုင်ငံတွင်း အမြဲတမ်းနေထိုင်ခွင့်ကို ရရှိနိုင်

Last Updated:

Rumavi အိမ်ခြံမြေကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်ခြင်းစာရင်းဇယားအရ စွန်ဦးတီထွင်လုပ်ငန်းများသည် စင်ကာပူနိုင်ငံတွင်အခြေချနေထိုင်ရန် အခွင့်အလမ်းကောင်းဖြစ်ကြောင်း Singapore Business Review သတင်းစာတွင် ဖော်ပြပါရှိပါသည်။

ပညာရေး၊ ဘာသာစကားနှင့် အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု၊စီးပွားရေးအခွင့်အလမ်း၊ ဗီဇာရရှိရေးအစရှိသည့် စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရရှိနိုင်ရန် စိစစ်သုံးသပ်သည့် ညွှန်းကိန်း ၆ ခု အနက် အလွယ်ကူဆုံးနည်းလမ်းဖြစ်ကြောင်း၊ ညွှန်းကိန်းများအတွက် အမှတ်ပေးရာတွင် စင်ကာပူနိုင်ငံ၏စွန့်ဦးတီထွင်လုပ်ငန်းအတွက် ၉၇ မှတ်၊ ပညာရေးအတွက် ၉၅ မှတ်နှင့်ဘာသာစကားနှင့် အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုအတွက် ၉၃ မှတ်၊ စီးပွားရေးအခွင့်အလမ်းညွှန်းကိန်းအတွက် ၇၈ မှတ် သတ်မှတ်ထားသော်လည်း ဗီဇာရရှိမှုအတွက် ၆၄ မှတ်၊ အမြဲတမ်းနေထိုင်ခွင့်အတွက်  ၅၈ မှတ်အသီးသီးသတ်မှတ်ထားကြောင်း၊ ညွှန်းကိန်းအားလုံး စုပေါင်းထားသည့်ရမှတ် ၈၀.၂ မှတ်သည် အမြဲတမ်းနေထိုင်ခွင့်အတွက် စံသတ်မှတ်ချက်ဖြစ်ကြောင်း၊ Rumavi အိမ်ခြံမြေကုမ္ပဏီ၏၂၀၂၆ ခုနှစ်၊ကမ္ဘာလုံးဆိုင်ရာရွှေ့ပြောင်း နေထိုင်ခြင်းစာရင်းဇယားတွင် စင်ကာပူနိုင်ငံသည် ဒုတိယနေရာတွင် ရပ်တည်နေပါကြောင်း၊ ၎င်း၏ စုပေါင်းရမှတ် သတ်မှတ်ချက်သည် ၇၂.၆ မှတ်၊ အက်စ်စတိုးနီးယားနိုင်ငံက ၇၂.၈ မှတ်နှင့် မလေးရှားနိုင်ငံက ၇၂.၀ မှတ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါညွှန်းကိန်းစာရင်းကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်‌နေ့က ထုတ်ပြန်ခဲ့ပြီး နိုင်ငံ/ဒေသပေါင်း ၁၉၂ ခုကို ညွှန်းကိန်း ၂၄ ခုဖြင့်တိုင်းတာခဲ့ပြီး ငွေကြေးနှင့် အခွန်ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လုံခြုံရေးနှင့်တည်ငြိမ်ရေး၊ အခြေချနိုင်ထိုင်ခြင်းနှင့် အခွင့်အလမ်းစသည်တို့ကို အဓိကမဏ္ဍိုင်များအဖြစ် ခွဲခြား သတ်မှတ်ခဲ့ပါသည်။ စင်ကာပူနိုင်ငံတွင် စွန်းဦးတီထွင်လုပ်ငန်းများလုပ်ကိုင်ခြင်းက အမြဲတမ်းနေထိုင်ခွင့် အပါအဝင် အခြားသောစီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခွင့်အလမ်းများကိုပါ ရရှိလာစေနိုင်ပါသည်။

ရင်းမြစ်။        Singapore Business Review သတင်းစာ

(ဧဧသန့်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News