International News

အိန္ဒိယသည် ရုရှားထံမှ သတ္တုတွင်းတစ်ခုလုံး(သိုမဟုတ်) တစ်စိတ်တစ်ပိုင်းဝယ်ယူနိုင်ရန်စီစဉ်

Last Updated:

အိန္ဒိယသည် ရုရှား၌ သတ္တုတူးဖော်ရေးပရောဂျက်များတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေပြီး သတ္တုတွင်းတစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းဖြစ်စေ ဝယ်ယူရန်စီစဉ်နေသည်။ ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ခြင်းမပြုမီ အကြီးစားစက်မှုလုပ်ငန်းနှင့် သံမဏိဒုဝန်ကြီး Sandeep Paundrik မှ TASS သို့ ကြေညာခဲ့သည်။

"ဝယ်ယူရေးနဲ့ သွင်းကုန်တွေအပြင် ရုရှားမှာရှိတဲ့ အိန္ဒိယကုမ္ပဏီတွေရဲ့ပူးပေါင်းပါဝင်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေတဆင့် ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။ အိန္ဒိယကုမ္ပဏီတွေအနေနဲ့ ရုရှားနိုင်ငံကိုလာပြီး ကျောက် မီးသွေးတူးဖော်ရေးနဲ့ တခြားသတ္တုတူးဖော်ရေးစီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံစေချင်ပါတယ်" ဟု ၎င်းက ပြောသည်။

"လက်ရှိနယ်ပယ်တွေမှာ အစုရှယ်ယာတစ်ခုရယူဖို့၊ နယ်ပယ်တစ်ခုလုံးကို ဝယ်ယူဖို့ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းအစုရှယ်ယာတစ်ခုရယူဖို့ စဉ်းစားနေပါတယ်။ ဒါက ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းမှုကိစ္စပဲ" ဟု ၎င်းက ဆိုသည်။

Source: https://tass.ru

(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News