International News

ပဋိပက္ခများနှင့်ရေနံဈေးနှုန်းအတွက် စိုးရိမ်မှုများကြားတွင် ထိုင်းနိုင်ငံသို့လာရောက်မည့် အရှေ့အလယ်ပိုင်းလေကြောင်းခရီးစဉ် ၁,၀၀၀ ကျော်ဖျက်သိမ်းခဲ့

Last Updated:

ပဋိပက္ခများနှင့် ရေနံဈေးနှုန်းအတွက် စိုးရိမ်မှုများကြားတွင် ထိုင်းနိုင်ငံသို့လာရောက်မည့် အရှေ့အလယ်ပိုင်းလေကြောင်းခရီးစဉ် ၁,၀၀၀ ကျော်ဖျက်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံသို့ အရှေ့အလယ်ပိုင်းလေကြောင်းလိုင်းများမှ လေယာဉ်ခရီးစဉ် ၁၀၀၀ ကျော်ကို ဖေဖော်ဝါရီနှောင်းပိုင်းမှစတင်ကာ ဖျက်သိမ်းလိုက်ကြောင်း၊ ဖျက်သိမ်းလိုက်ခြင်းသည် ထိုင်းလေပိုင်နက်အတွင်း ပျံသန်းမှုပမာဏအပေါ် သိသာထင်ရှားသော သက်ရောက်မှုရှိကြောင်း၊ လေကြောင်းခရီးစဉ်ပေါင်း ၆၀၀ ကျော်ကို ဖျက်သိမ်းခဲ့သည့် သုဝဏ္ဏဘူမိလေဆိပ်တွင် သက်ရောက်မှုအရှိဆုံးဖြစ်ပြီး ဖူးခက်အပြည်ပြည်ဆိုင်ရာလေဆိပ်သည်လည်း လေကြောင်းခရီးစဉ်ပေါင်း ၄၀၀ ကျော်ဖျက်သိမ်းခံခဲ့ရကြောင်း၊အခြားထိခိုက်နစ်နာရသည့် လေဆိပ်များမှာ Krabi၊ Chiang Mai နှင့် Don Muang တို့ဖြစ်ကြောင်း နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း၏ ယာယီဥက္ကဌ Surachai Nooprom က ပြောကြားခဲ့သည်။

အဆိုပါဖျက်သိမ်းမှုသည် ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာရှအကြား လေယာဉ်ခရီးစဉ်များကို ထိခိုက်ခဲ့သည့် အရှေ့အလယ်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေသော တင်းမာမှုများနှင့် ဆက်စပ်နေကြောင်း၊ လေကြောင်းလိုင်းများသည် လောင်စာဆီကုန်ကျစရိတ်များမြင့်တက်လာမှုကို တုံ့ပြန်သည့်အနေဖြင့် လက်မှတ်ခများတိုးမြှင့်လျက်ရှိကြောင်း၊ နှောင့်ယှက်မှုများရှိနေသော်လည်း တိုးတက်မှုနှုန်းနှေးကွေးမည်ဟု ခန့်မှန်းထားသော်လည်း လေကြောင်းဆိုင်ရာ အလုံးစုံမျှော်မှန်းချက်မှာ အပြုသဘောဆောင်နေသေးကြောင်း၊ အခြေအနေပြောင်းလဲလာပုံပေါ်မူတည်၍ ၂၀၂၆ တွင် ပျံသန်းမှုပမာဏသည် ၂၀၂၅ နှင့်နှိုင်းယှဉ်ပါက ၃ % ထက်မပိုရန် ခန့်မှန်းထားကြောင်း၊ လေကြောင်းပိုင်နက်ပိတ်နိုင်မှု၊ လမ်းကြောင်းပြုပြင်ပြောင်းလဲမှုများနှင့် လေကြောင်းကဏ္ဍကို ထိခိုက်စေနိုင်သည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအချက်များအပါအဝင် အာဏာ ပိုင်များက တိုးတက်မှုများကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ ကမ္ဘာ့ရေနံဈေးနှုန်းများမတည်မငြိမ်ဖြစ်မှုသည် လေကြောင်းလိုင်းလည်ပတ်မှုကုန်ကျစရိတ်ကို ပိုမိုတိုးမြင့်လာစေပြီး ရေရှည်တွင် ခရီးသွားလည်မည့်ဝယ်လိုအားကို ချိန်ဆလာနိုင်စေကြောင်း၊ လေကြောင်းသွားလာမှုကို ထိရောက်စွာစီမံခန့်ခွဲရန်နှင့်အခြေအနေတိုးတက်လာသည်နှင့်အမျှ ပျံသန်း မှုပုံစံများပြောင်းလဲမှုများကို လိုက်လျောညီထွေဖြစ်စေရန်အဆင်သင့်ဖြစ်ကြောင်း  Mr Surachai  က ဖြည့်စွက်ပြောကြားခဲ့သည်။

Source: www.khaosodenglish.comtech20260318over-1000-middle-east-flights-to-thailand-cancelled-amid-conflict-oil-price-concerns

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News