International News

ထိုင်းနိုင်ငံ၊ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနသည် ထိုင်းနိုင်ငံ၏ လယ်ယာသွင်းကုန်နှင့် ပို့ကုန်များအပေါ် အရှေ့အလယ်ပိုင်းတင်းမာမှုများ၏ သက်ရောက်မှုကို အနီးကပ်စောင့်ကြည့်လျက်ရှိ

Last Updated:

စိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးဌာနသည် ထိုင်းနိုင်ငံ၏လယ်ယာသွင်းကုန်နှင့် ပို့ကုန်များအပေါ် အရှေ့အလယ်ပိုင်းတင်းမာမှုများ၏ သက်ရောက်မှုကို အနီးကပ်စောင့်ကြည့်နေပြီး ထုတ်လုပ်မှုကုန်ကျ စရိတ်မြင့်တက်လာမှုကိုဖြေရှင်းရန် အစီအမံများပြင်ဆင်နေကြောင်း သိရှိရပါသည်။

တောင်သူများနှင့် ထုတ်လုပ်သူများအတွက် ကုန်ကျစရိတ်များမြင့်တက်လာနိုင်သည့် စွမ်းအင်စျေးနှုန်းနှင့် စိုက်ပျိုးရေးသွင်းအားစုများကို ထိခိုက်စေနိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုများကို အကဲဖြတ်နေကြောင်း၊ ၎င်းတို့တွင် ဓာတ်မြေဩဇာ၊ တိရစ္ဆာန်အစာ၊ သယ်ယူပို့ဆောင်ရေးနှင့် လုပ်အားအတွက်မြင့်မားသောစျေးနှုန်းများပါဝင်ကြောင်း၊ ထိုင်းနိုင်ငံသည် နှစ်စဉ် လယ်ယာထွက်ကုန် ဘတ်ငွေဘီလီယံ ၅၀ ခန့် အရှေ့အလယ်ပိုင်းဈေးကွက်များသို့ တင်ပို့နေကြောင်း၊ အဓိကပို့ကုန်များမှာ ဆန်၊ တူနာ စည်သွပ်ဘူး၊ သဘာဝရော်ဘာ၊ အေးခဲပြီးပြုပြင်ထားသော ကြက်သားတို့ဖြစ်ကြောင်း၊ တင်းမာမှုများဆက်လက်ရှိနေပါက၊ ပို့ကုန်များသည် တိုးမြှင့်ပို့ဆောင်ခ၊ ကုန်စည်ပို့ဆောင်ခ၊ အာမခံပရီမီယံကြေးများနှင့် နှောင့်နှေးမှုများ သို့မဟုတ် လမ်းကြောင်းပြောင်းခြင်းအပါအဝင် ပထဝီနိုင်ငံရေးဆိုင်ရာ အန္တရာယ်များကြောင့် စိန်ခေါ်မှုများနှင့်ရင်ဆိုင်ရနိုင်ကြောင်း ဆန်နှင့်အေးခဲထားသော စားသောက်ကုန်များသည် သယ်ယူပို့ဆောင်ရေးအခြေအနေများပေါ်တွင်ထိခိုက်လွယ်ပါကြောင်း အမြဲတမ်း အတွင်းဝန် Vinaroj Supsongsuk က ပြောကြားခဲ့ပါသည်။

ထိခိုက်မှုလျော့ပါးစေရန် ဝန်ကြီးဌာနက အစီအမံလေးခုကို ထုတ်ပြန်ခဲ့ကြောင်း၊၎င်းတို့တွင် စွမ်းအင်စျေးနှုန်းများကို အပတ်စဉ်စောင့်ကြည့်ခြင်း နှင့် ထုတ်လုပ်မှုကုန်ကျစရိတ်အပေါ် သက်ရောက်သည့်ငွေလဲနှုန်းအတက်အကျများပါဝင်ပါကြောင်း၊ ဓာတ်မြေသြဇာနှင့် တိရစ္ဆာန်အစာတွင် ပါဝင်ပစ္စည်းများတင်သွင်းရာတွင်ဖြစ်ပေါ်လာနိုင်သည့် နှောင့်နှေးမှုများကိုဖြေရှင်းခြင်း၊ လတ်ဆတ်ပြီးအေးခဲထားသော စိုက်ပျိုးရေးထွက်ကုန်များအတွက် သယ်ယူပို့ဆောင်ရေးစီမံခန့်ခွဲခြင်း၊ကုန်စည်ပို့ဆောင်ရေး၊ အာမခံနှင့် စွမ်းအင်ကုန်ကျစရိတ်များမြင့်တက်လာမှုကို စောင့်ကြည့်စစ်ဆေးလျက်ရှိပါကြောင်း၊ ဓာတ်မြေသြဇာလက်ကျန်များကို အပတ်စဉ်စောင့်ကြည့်စစ်ဆေးရန်နှင့် တင်သွင်းတင်ပို့ရောင်းချမှု လုံလောက်စေရန်အတွက် ဝန်ကြီးဌာနက စိုက်ပျိုးရေးဦးစီးဌာနကို ညွှန်ကြားထားကြောင်း၊ တောင်သူများသည် ဓာတ်မြေသြဇာကို အကျိုးရှိစွာအသုံးချနိုင်စေရန် မြေဆီလွှာခွဲခြမ်းစိတ်ဖြာခြင်းအတွက် ပံ့ပိုးကူညီမှုများလည်းရရှိမည်ဖြစ်ကြောင်း၊ သိုလှောင်မှုနှင့် တရားမျှတမှုမရှိသော ဈေးနှုန်းများမြင့်တက်ခြင်းမှ ကာကွယ်ရန် ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Source: NBTWorld၊

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News