အမေရိကန်အစိုးရသည် အမျိုးသားဉာဏ်ရည်တုနည်းပညာဆိုင်ရာ ဥပဒေမူဘောင်ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် အမေရိကန်အစိုးရသည် အမေရိကန်နိုင်ငံသားများအတွက် အမျိုးသားလုံခြုံရေး၊ စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းရှိမှုနှင့် လူ့သားမျိုးနွယ်သာယာဝပြောရေးအတွက် ဉာဏ်ရည်တုနည်းပညာကဏ္ဍတွင် အောင်မြင်မှုရရှိရန် ကတိကဝတ်ပြုကြောင်း၊ ယင်းရည်မှန်းချက်အောင်မြင်စေရန်အတွက် အမေရိကန်စက်မှုလုပ်ငန်းများ၏ တီထွင်ဆန်းသစ်စေရန်နှင့် အမေရိကန်နိုင်ငံသားများအကျိုးအမြတ်ရရှိကြောင်းသေချာစေရန် အမျိုးသားမူဝါဒမူဘောင်တစ်ရပ်လိုအပ်ကြောင်းနှင့် အဆိုပါမူဘောင်တွင် ကလေးငယ်များကို ကာကွယ်ပေးခြင်းနှင့် မိဘများ၏ ဉာဏ်ရည်တုနည်းပညာစွမ်းရည်မြှင့်တင်ပေးခြင်း၊ အမေရိကန်လူမှုအသိုင်းအဝန်းတိုးတက်စေရန် ဆောင်ရွက်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း၊ ဖန်တီးသူများကို ထောက်ပံ့ပေးခြင်းနှင့် ၎င်းတို့၏ မူပိုင်ခွင့်ကိုလေးစားခြင်း၊လွတ်လပ်စွာပြောဆိုခွင့်ကို အကာအကွယ်ပေး၍ စိစစ်ဖြတ်တောက်မှုများကို တားမြစ်ခြင်း၊ အမေရိကန်နိုင်ငံ၏ ဉာဏ်ရည်တုနည်းပညာကဏ္ဍခိုင်မာအားကောင်းစေခြင်းနှင့် တီထွင်ဖန်တီးမှုများကို ထောက်ကူပေးခြင်းနှင့် အမေရိကန်နိုင်ငံသားများအား ဉာဏ်ရည်တုနည်းပညာအသုံးပြုနိုင်သည့် လုပ်သားထုဖြစ်စေရန် လေ့ကျင့်သင်ကြားပေးခြင်းစသည့် ရည်ရွယ်ချက် (၆)ခုပါဝင်ကြောင်းနှင့် အဆိုပါမူဘောင်ကို ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်ရေးအတွက် လာမည့်လများအတွင်း အစိုးရအနေဖြင့် လွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။
Source: White House