International News

ဗီယက်နမ်နိုင်ငံသည် ဇန်နဝါရီမှ မေလအတွင်း ကုန်သွယ်မှုမှ နိုင်ငံတော်ဘတ်ဂျက်ဝင်ငွေ ၉.၂ ရာခိုင်နှုန်းမြင့်တက်လာ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ သွင်းကုန်လုပ်ငန်းများမှ နိုင်ငံတော်ဘတ်ဂျက်ဝင်ငွေသည် ၂၀၂၅ ခုနှစ် ပထမ ၅ လအတွင်း ဗီယက်နမ်ဒေါင် ၁၈၂.၅ ထရီလီယံရှိပြီး နှစ်စဉ်လျာထား ချက်၏ ၄၄.၄ ရာခိုင်နှုန်းရရှိခဲ့ပြီး ၉.၂ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဦးစီးဌာန၏အဆိုအရ ၅ လတာကာလအတွင်း စုစု ပေါင်းပို့ကုန်သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၅၅.၇၉ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၅.၇ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရှိရပါသည်။

ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၁၈၀.၂၃ ဘီလီယံရရှိခဲ့ပြီး ၁၄ ရာခိုင်နှုန်းတိုးမြင့်လာပြီး သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၁၇၅.၆ ဘီလီယံရှိလာကာ ၁၇.၅ ရာခိုင် နှုန်းတိုးမြင့်လာကြောင်း ဖော်ပြထားပါသည်။ ရလဒ်အနေဖြင့် ဗီယက်နမ်နိုင်ငံသည် အဆိုပါကာလအတွင်း ကုန်သွယ်မှုပိုငွေ အမေရိကန် ဒေါ်လာ ၄.၆၇ ဘီလီယံရှိပြီး ယခင်နှစ် အလားတူကာလထက် ၄၆.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါ သည်။

မှောင်ခိုကူးမှု၊ ကုန်သွယ်မှုလိမ်လည်မှုနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ကုန်စည်ပို့ဆောင်မှုတို့သည် စိန်ခေါ်မှုများအဖြစ် ဆက်လက်ဖြစ်ပေါ်နေကြောင်း၊ ရဲတပ်ဖွဲ့၊ အကောက်ခွန်၊ နယ်ခြားစောင့်တပ် များနှင့်သက်ဆိုင်ရာအေဂျင်စီများအပါအဝင် အာဏာပိုင်များသည် မှောင်ခိုနှင့်ကုန်သွယ်မှုလိမ်လည်မှုအား တင်းတင်းကြပ်ကြပ်အရေးယူဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် ဆေးဝါး၊ အစားအစာနှင့် ဆေးဝါး ကုန်ကြမ်းစသည့်ကုန်ပစ္စည်းများကို အဓိကထား၍ စစ်ဆေးမှုများအရှိန်မြှင့်ဆောင် ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

Source: The Saigon Times

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News