International News

ကမ္ဘောဒီးယားသည် ထိုင်းနိုင်ငံမှ သစ်သီးနှင့် ဟင်းသီးဟင်းရွက်သွင်းကုန်များအားလုံးအပေါ် ပိတ်ဆို့ခဲ့

Last Updated:

ထိုင်းနိုင်ငံက နယ်စပ်စစ်ဆေးရေးဂိတ်များကို အပြည့်အဝဖွင့်လှစ်ပေးရန် ငြင်းဆန်ခဲ့မှုကို တုန့်ပြန်သည့်အနေဖြင့် ကမ္ဘောဒီးယားသည် ထိုင်းနိုင်ငံမှ သစ်သီးနှင့် ဟင်းသီးဟင်းရွက်သွင်းကုန်များ အားလုံးကို ပိတ်ပင်ခဲ့ကြောင်း သိရှိရပါသည်။

အိမ်နီးချင်းထိုင်းနိုင်ငံမှ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်ကုန်သေတ္တာများအတွက် နယ်စပ်ဂိတ် အားလုံးပိတ်ထားပြီဖြစ်ကြောင်း၊ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်က ထိုင်း နိုင်ငံအနေဖြင့် စစ်ဆေးရေးဂိတ်များ အားလုံးပြန်လည်ဖွင့်လှစ်ခြင်း သို့မဟုတ် ထိုင်းနိုင်ငံ၏ထုတ်ကုန်များအပေါ် ပိတ်ဆို့ခြင်းစသည်ဖြင့် တောင်းဆိုခဲ့ကြောင်း၊နယ်စပ်မှ လူများဖြတ်သန်းသွားလာမှုကို ခွင့်ပြုထားဆဲနှင့် ကမ္ဘောဒီးယား အခြားသောထိုင်းထုတ်ကုန်ကုန်သေတ္တာများကို ခွင့်ပြုထားဆဲဖြစ်ကြောင်း၊ ခလောင်ရိုင်ရှိ ဘန်ဟတ်လက်စစ်ဆေးရေးဂိတ်မှ ထိုင်းသစ်သီးများနှင့် ဟင်းသီးဟင်းရွက်ကုန်သေတ္တာများ ဖြတ်သန်းသွားလာခွင့်ကို ၁၇-၆-၂၀၂၅(အင်္ဂါနေ့)နံနက်ပိုင်းမှစ၍တားဖြစ်ခဲ့ကြောင်း၊ ထိုင်းထုတ်ကုန်ကုန်သေတ္တာများ တင်ဆောင်ထားသော ကုန်တင်ကားအစီး ၃၀ ခန့် သည် နယ်စပ်ဂိတ်တွင် စောင့်ဆိုင်းနေရပြီး ကုန်စည်များတွင် လတ်ဆတ်ဟင်းသီး ဟင်းရွက်များ၊ သစ်သီးနှင့်ပင်လယ်စာများနှင့် အေးခဲအစားအသောက်များ ပါဝင် ကြောင်း၊ နံနက် ၈ နာရီခန့်တွင် စစ်သားများက လတ်ဆတ်နှင့် အေးခဲပင်လယ်စာများတင်ဆောင်ထားသည့်ကုန်တင်ကားများအတွက် နယ်စပ်ဂိတ်တံခါးကို ဖွင့်လှစ်ပေးခဲ့သော်လည်း ဟင်းသီးဟင်းရွက်များနှင့် သစ်သီးကုန်သေတ္တာကားများကိုမူ ပိတ်ဆို့ထားဆဲဖြစ်ကြောင်း သိရှိရပါသည်။

သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များသယ်ဆောင်ထားသော ကုန်တင်ယာဉ် မောင်းနှင်သူများက ညှိနှိုင်းဆွေးနွေးမှုများအတွက် စောင့်ဆိုင်းနေရကြောင်း၊ အေးခဲပင်လယ်စာကုန်သေတ္တာတင်ဆောင်မောင်းနှင်သူက ယခင်နေ့အထိ နေ့စဉ်ဖြတ် သန်းသွားလာလျက်ရှိပြီး ကမ္ဘောဒီးယားအနေဖြင့် ပို့ဆောင်မှုအပေါ် အတားအဆီးမရှိပါကြောင်း၊ သစ်သီးကုန်တင်ကောင်းမောင်းနှင်သူကို ပသူသနီရှိ တာလတ်ထိုင်းဈေးမှသစ်သီးများကို ကမ္ဘောဒီးယားရှိ Koh Kong ပြည်နယ်ရှိ ကုန်သည်များထံ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အလုပ်ရှင်များက ကမ္ဘောဒီးယားမှ ပိတ်ဆို့မှုများကို သတိထားမိပြီး နယ်စပ်တွင် စောင့်ဆိုင်းရန် ပြောခဲ့ပါကြောင်း၊ Koh Kong အကောက်ခွန်ရုံးက ထိုင်းသစ်သီးနှင့်စိုက်ပျိုးရေး ထုတ်ကုန်များအပေါ် ပိတ်ဆိုးထားရန်နှင့် ဆောက်လုပ်ရေးပစ္စည်းများအပါအဝင် အခြားသော ထုတ်ကုန် များတင်သွင်းမှုကို ခွင့်ပြုရန်ညွှန်ကြားထားကြောင်း၊တာရက်ရှိ ထိုင်းစာသင်ကျောင်း များတွင် ပညာသင်ကြားနေသည့်ကမ္ဘောဒီးယားကျောင်းသားများကိုမူ ပုံမှန်အတိုင်း ဖြတ်သန်းခွင့်ပြုထားပါကြောင်း၊နယ်မြေအငြင်းပွားမှုနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံကမ္ဘော ဒီးယားက အပြည်ပြည်ဆိုင်ရာတရားရုံးသို့ တင်ပြခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့် နှစ်နိုင်ငံဆွေးနွေးမှုဖြင့်သာ ဖြေရှင်းမည်ဖြစ်ကြောင်း တရားရုံးသို့ငြင်းဆိုထားကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News