မေလ ၂၆ ရက်နေ့က ဟူးမြို့(Hue city)တွင် လူမှုရေးသုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန(Center for Social Research Development - CSRD)သည် ဗီယက်နမ်နိုင်ငံရှိ အောက်စ်ဖမ်(Oxfam in Vietnam)အဖွဲ့နှင့်ပူးပေါင်း၍ မဲခေါင်ရေအရင်းအမြစ်စီမံခန့်ခွဲမှုအစီ အစဉ်အဆင့် ၃(Mekong Water Governance Program Phase 3 / Mekong Inclusion Project Phase 3 - IP3)အောက်ရှိ "ရေအရင်း အမြစ် စီမံခန့်ခွဲမှုနှင့်ရာသီဥတုဒဏ်ခံနိုင်ရည်မြှင့်တင်ခြင်း" စီမံကိန်းကို စတင်မိတ်ဆက်ခဲ့ပါသည်။
“ရေအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်မြှင့်တင်ခြင်း” စီမံကိန်းသည် ရေအရင်းအမြစ်စီမံခန့်ခွဲမှုစနစ်ကို မြှင့်တင်ရန်နှင့် ထိခိုက်လွယ်သော လူမှုအဖွဲ့အစည်းများအတွက် ရာသီဥတုဒဏ်ခံနိုင်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို မြှင့်တင်ရန်ရည်ရွယ်ထားပါ သည်။
ဩစတြေးလျနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန(DFAT)နှင့်ဆွစ်ဇာလန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(SDC) တို့က အောက်စ်ဖမ်အဖွဲ့မှတစ်ဆင့် ရန်ပုံငွေပံ့ပိုးထားသော IP3 စီမံကိန်းကို ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံ စသည့်နိုင်ငံငါးနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
IP3 သည်မဲခေါင်ဒေသခွဲအတွင်းရှိမြစ်ကမ်းနားတစ်လျှောက် နေထိုင်ကြသော လူမှုအဖွဲ့အစည်းများ၏ ရေရှည်တည်တံ့စေမည့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများနှင့် ကြံ့ကြံ့ခံနိုင်ရည်ရှိမှုကို မြှင့်တင်လျက်ဒေသတွင်းမူဝါဒဆိုင်ရာသက်ရောက်မှုများရှိလာစေရန် ရေအရင်းအမြစ်စီမံခန့်ခွဲမှုကို ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုနှင့်ပေါင်းစပ်ဆောင်ရွက်နိုင်ရန် အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ဗီယက်နမ်နိုင်ငံအတွက် ယခုစီမံကိန်း၏ စုစုပေါင်းပြန်လည်ပေးဆပ်ရန်မလိုသော ထောက်ပံ့ကြေးငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၅၀၆,၂၇၆(ဗီယက်နမ်ဒေါင် ၁၃.၃၄ ဘီလီယံ)ဖြစ်ပြီး ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။
ဗီယက်နမ်နိုင်ငံတွင် IP3 စီမံကိန်းကို ဗီယက်နမ်ရှိ အောက်စ်ဖမ်အဖွဲ့က စီမံခန့်ခွဲပြီး မိတ်ဖက်အဖွဲ့အစည်းသုံးခုဖြစ်သည့် CSRD - ဟူးမြို့အခြေ စိုက်လူမှုရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၊ ဟနွိုင်းမသန် စွမ်းသူများအသင်းနှင့် ကန်သိုတက္ကသိုလ်ရှိ မဲခေါင်အင်စတီကျု (Mekong Ins- -titute at Can Tho University)တို့နှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
IP3 စီမံကိန်းသည် ဟနွိုင်း၊ ဟူး၊ ကန်သိုနှင့်ကာမောမြို့များတွင် အားလုံး ပါဝင်နိုင်သော ရေစီမံခန့်ခွဲမှုစနစ်ကို အားကောင်းစေခြင်းဖြင့် ဆီကွန်မြစ်ဝှမ်း(Sekong River basin)နှင့် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ အမျိုးသမီးများ၊ တိုင်းရင်းသားလူနည်းစုများ၊ မသန်စွမ်းသူများ၊ ထိခိုက်လွယ်သော လူမှုအဖွဲ့အစည်းများနှင့်ရေရှည်တည်တံ့သော အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သောရေအရင်းအမြစ်များကိုရရှိစေရန် အာမခံချက်ပေးနိုင်ရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိပါ သည်။ စီမံကိန်းသည် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် အနည်းဆုံးရာသီ ဥတုဒဏ်ခံနိုင်သော အသက်မွေးဝမ်းကျောင်း စံပြပုံစံ ၇ ခု(စပါး-ပုစွန်တွဲဖက်စိုက်ပျိုးမွေးမြူခြင်း၊ လမုတော-ပုစွန်မွေးမြူခြင်း၊ ရေငန်စပ်အဏ္ဏ ဝါဗေဒမွေးမြူရေးလုပ်ငန်းများ)ဖော်ထုတ်ခြင်းနှင့်စံနမူနာယူဆောင်ရွက် ခြင်းတို့ကို ပံ့ပိုးပေးမည်ဖြစ်ပြီး၊ ဆီကွန်မြစ်ဝှမ်းဒေသတွင်ရေလုပ်ငန်း၊ စိုက်ပျိုးရေး-မွေးမြူရေး-ရေလုပ်ငန်းပေါင်းစပ်စံပြပုံစံများ သို့မဟုတ် လူထုအခြေပြုသဘာဝအခြေခံခရီးသွားလုပ်ငန်းအပါအဝင် ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်စေမည့်အသက်မွေးဝမ်းကျောင်းစံပြပုံစံ ၅ ခုကိုလည်းပံ့ပိုးပေးမည်ဖြစ်ပါသည်။
ဗီယက်နမ်နိုင်ငံရှိ IP3 ၏အစိတ်အပိုင်းစီမံကိန်းသုံးခုတွင် CSRD မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရေနေဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်စောင့်ရှောက်ခြင်းနှင့် ရာသီဥတုနှင့်ကိုက်ညီသော ရေရှည်တည်တံ့သည့် အသက်မွေးဝမ်းကျောင်းစံပြပုံစံများဖွံ့ဖြိုးတိုးတက်စေခြင်းမှတစ်ဆင့် "အာဆပ်မြစ်ဝှမ်း၊ ဟူးမြို့ရှိ မြစ်ကမ်းနားတစ်လျှောက် နေထိုင်သော လူမှုအဖွဲ့အစည်းများအတွက် ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်နှင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှုစွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း" စီမံကိန်း၊ ဟနွိုင်းမသန်စွမ်းသူများအသင်းမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဗီယက်နမ်နိုင်ငံ"ရေအရင်းအမြစ်စီမံခန့်ခွဲမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ခြင်း”တို့တွင် မသန်စွမ်းသူများပိုမိုပါဝင်လာစေရန်မြှင့်တင်ဆောင်ရွက်ခြင်း" စီမံကိန်းနှင့် မဲခေါင်အင်စတီကျုဒေသရှိရေအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် ရာသီဥတုနှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ" စီမံကိန်းစသည်တို့ပါဝင်ပါသည်။
Source: https://en.mae.gov.vn/enhancing-water-access-for-vulnerable-communities- 9375.htm
(သန္တာစိုးရီ၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)