International News

၂၀၂၅ ဒုတိယနှစ်ဝက်တွင် ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှုကျဆင်းနိုင်သည်ဟု ကုန်သည်အသင်းဥက္ကဋ္ဌ ပြောကြား

Last Updated:

၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်တွင် ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှုကျဆင်းနိုင်သည်ဟု ဟောင်ကောင်ဒေသတရုတ်ကုန်ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ Wingco Lo Kam-wing က ပြောကြားခဲ့ပါသည်။

အခွန်းနှုန်းထားများတိုးမြှင့်ကောက်ခံမှုဆိုင်းငံ့ကာလ ရက်(၉၀)အတွင်း ဟောင်ကောင်ဒေသမှ ကုန်ထုတ်လုပ်သူများအနေဖြင့် ကုန်အမှာများကို ဆောလျင်စာတင်ပို့နိုင်ရေးလုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ကုန်စည်တင်ပို့မှုကျဆင်းသွားမည်ဟုခန့်မှန်းထားသော် လည်း မူဝါဒဆိုင်ရာမရေရာမှုများကြောင့် ကျဆင်းနိုင်သည့်ပမာဏကိုမခန့်မှန်းနိုင်ကြောင်း အမေရိကန်မှတန်ပြန်ခွန်ကောက်ခံမှုယာယီရပ်ဆိုင်း သည့်ကာလကုန်ဆုံးရန် ရက်အနည်းငယ်အလိုတွင် ပြောကြားခဲ့ပါသည်။

တရုတ်နှင့်အမေရိကန်တို့အကြား ကုန်သွယ်ရေးဆွေးနွေးမှုများကြောင့် အပြန်အလှန်အခွန်နှုန်းထားများလျှော့ချခဲ့သော်လည်း ကုန်စည်အလိုက် သို့မဟုတ် လုပ်ငန်းအလိုက် သီးခြားအခွန်ကောက်ခံမှုများရှိနေသော ကြောင့် ဟောင်ကောင်ဒေသမှတင်ပို့ကုန်များအတွက် အခွန်နှုန်းထားမှာ သိသိသာသာကျဆင်းမသွားကြောင်း၊ လုပ်ငန်းများအနေဖြင့် ပြီးခဲ့သည့်လအတွင်း အရှေ့အလယ်ပိုင်း(၄)နိုင်ငံသို့သွားရောက်ခဲ့ခြင်းအပါအဝင် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းကို ဒေသစုံသို့ ဖြန့်ကျက်နိုင်ရေးနှင့် တောင်အမေရိကန်၊ ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက်မှနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေသောနိုင်ငံများသို့ ဈေးကွက်ထိုးဖောက်ဝင်ရောက်မှုဖြန့်ကျက်နိုင်ရေးအတွက် စီစဉ်နေကြောင်းပြောကြားခဲ့ပါသည်။

ကမ္ဘာ့နိုင်ငံအများအပြားအပေါ် အကောက်ခွန် ၅၀ ရာခိုင်နှုန်းခန့်ကောက်ခံသွားမည်ဟု အမေရိကန်သမ္မတထရမ့်မှ  ဧပြီလအတွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် သီတင်းပတ်တစ်ပတ်အကြာ၌ အဆိုပါအခွန်းနှုန်ထားများတိုးမြှင့်ကောက်ခံမှုကို ရက်ပေါင်း(၉၀)ဆိုင်းငံ့ကြောင်း ကြေညာခဲ့ပါသည်။ လာမည့်ဇူလိုင်လ ၉ ရက်နေ့တွင် သတ်မှတ်ရက် (၉၀)ပြည့်မည်ဖြစ်ပြီးနောက်ထပ်ဆိုင်းငံ့ပေးမည်မဟုတ်ကြောင်း သမ္မတ ထရမ့်က ပြီးခဲ့သည့်သီတင်းပတ်အတွင်းပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဇွန်လကုန်ပိုင်းတွင်ပြုလုပ်ခဲ့သည့် (၃၁)ကြိမ်မြောက် Hong Kong International Education and Careers Expo အပါအဝင် ၂၀၂၅ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ကုန်စည်ပြပွဲများပြုလုပ်ကျင်းပသွားမည်ဖြစ် ကြောင်း၊ ယခုနှစ်အတွင်းပြလုပ်မည့် ကုန်စည်ပြပွဲများသို့ လာရောက်သူများပြားမည်ဟုယုံကြည်ကြောင်းနှင့် ဩဂုတ် ၁ ရက်မှ ၄ ရက်အတွင်း ကျင်းပသွားမည့် ဈေးရောင်းပွဲတော်တွင် ပြခန်းပါဝင်ပြသမှုစာရင်းပေးသွင်းမှုမှာလည်း ပြခန်းအားလုံးစာရင်းပေးသွင်းပြီးဖြစ်ကြောင်း၊ လက်လီရောင်းချမှုတွင် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရပြီး တစ်ဦးချင်းပျမ်းမျှသုံးစွဲမှုကျဆင်းနေသော်လည်းခရီးသွားများနှင့်ကုန်စည်ပြပွဲများသို့လာရောက်သူများ ပိုမိုများပြားလာခြင်းကြောင့် သုံးစွဲမှုပုံစံအတွက် အထောက်အကူ ပြုမည်ဟု မျှော်လင့်ကြောင်း ပြောကြားပါသည်။

ထို့ပြင် CMA မှ ပူးပေါင်းကျင်းပသွားမည့် ကုန်စည်ပြပွဲကို ဆန်းသစ်တီထွင်မှုများပြုလုပ်၍ စီးပွားရေးတိုးတက်မှုကို တွန်းအားပေးနိုင်ရန်နှင့် နိုင်ငံတကာခရီးသွားများအတွက် ဟောင်ကောင်ဒေသ၏ ထူးခြားသည့်သွင်ပြင်လက္ခဏာများကို ဖော်ထုတ်ပြသသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

Source: https://www.thestandard.com.hk/hong-kong-news/article/305918/

(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News