International News

ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းလာသော လျှပ်စစ်သုံးမော်တော်ကားများအပေါ် အခွန်တိုးမြှင့်ကောက်ခံနိုင်ရေး ဘဏ္ဍာရေးဝန်ကြီးဌာနက စီစဉ်လျက်ရှိ

Last Updated:

ပြည်တွင်းထုတ်ပစ္စည်းအချိုးပါဝင်မှုနည်းသည့် တင်သွင်းလာသည့် လျှပ် စစ်သုံးမော်တော်ယာဉ်များကို ပိုမိုမြင့်မားသော စည်းကြပ်ခွန်ကောက်ခံသွားနိုင်ရေး ထိုင်းနိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနက လေ့လာလျက်ရှိကြောင်း သိရှိရပါသည်။

စည်းကြပ်ခွန်ဦးစီးဌာနက ပစ်ကပ်ကုန်တင်ယာဉ်များအတွက် ဦးစားပေး ၍ယခုအစီအစဉ်ကို စဉ်းစားလျက်ရှိကြောင်း၊ အဆိုပါအစီအစဉ်သည် လျှပ်စစ်ပစ်ကပ်ကုန်တင်ယာဉ်စက်မှုတွင် နိုင်ငံတွင်းရင်းနှီးမြှုပ်နှံမှုကို အထောက်အကူပြုရန်ဖြစ်ကြောင်း၊သုညရာခိုင်နှုန်းသွင်းကုန်ခွန်ခံစားခွင့်ရရှိနေသည့် တရုတ်နိုင်ငံမှတင်သွင်းလာသော လျှပ်စစ်သုံးမော်တော် ယာဉ်များသည် စည်းကြပ်ခွန်ပိုမိုမြင့်မားနိုင်ကြောင်း၊ ပြည်တွင်းထုတ်ပစ္စည်းပါဝင်မှုမရှိသော မော်တော်ယာဉ် သို့မဟုတ် ပါဝင်မှုပမာဏနည်းသည့် မော်တော်ယာဉ်သည် ပြည်တွင်းထုတ်ပါဝင်မှုများသည့်ယာဉ်ထက် အခွန်ပိုမိုမြင့်မားနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရှိရပါသည်။

ထိုင်းနိုင်ငံနှင့်တရုတ် လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ် စတင်သည့်အချိန်မှစ၍ လျှပ်စစ်မော်တော်ယာဉ်အပါအဝင် တရုတ်သွင်း ကုန်များစွာသည် သွင်းကုန်ခွန်သုညရာခိုင်နှုန်းခံစားခွင့်ရရှိခဲ့ရာ သွင်း ကုန်ခွန် ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းထိပေးဆောင်ရသည့် အခြားနိုင်ငံများမှ မော်တော်ယာဉ်ထုတ်လုပ်သူများနှင့် ယှဉ်ပြိုင်မှုမျှခြေမရှိခဲ့ပါကြောင်း၊ ပစ်ကပ်မော်တော်ယာဉ်ကဏ္ဍကို အထောက်အကူပြုရန် အစီ အမံများထုတ်ပေးမည့် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့သတ်မှတ်ချက်များနှင့်ကိုက်ညီသောသွင်းကုန်လုပ်ငန်းရှင်များသည် ထောက်ပံ့မှုအကျုံးဝင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

ပြည်တွင်းထုတ်ပါဝင်မှုအချိုးနည်းသည့် တင်သွင်းလာသော လျှပ်စစ်သုံးမော်တော်ယာဉ်များကို စည်းကြပ်ခွန်တိုးမြှင့်ရန်ယခင်ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာက အစိုးရထံအဆိုပြုခဲ့ကြောင်း၊ ထိုင်းနိုင်ငံသည် နိုင်ငံအချို့နှင့်လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်များရှိသောကြောင့် လျှပ်စစ်သုံးမော်တော်ယာဉ်များတွင် အခွန်သုညရာခိုင်နှုန်းရရှိခဲ့ရာ နိုင်ငံတွင်းမော်တော်ယာဉ်စက်မှုဂေဟစနစ်ကို ထိခိုက်ပါကြောင်း၊ နိုင်ငံ၏မော်တော်ယာဉ်စက်မှုကို ထိန်းသိမ်းသည့်အနေဖြင့် တင်သွင်းလာသော လျှပ်စစ်သုံးမော်တော်ယာဉ်များသည် လိုအပ်သောပြည်တွင်းထုတ်ပါဝင်မှုအဆင့်နှင့် ကိုက်ညီရမည်ဖြစ် ကြောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ်သုံးစွဲမှုကိုမြှင့်တင်ခြင်းသည် နိုင်ငံတွင်းလေထုညစ်ညမ်းမှုကို လျှော့ချပေးပါကြောင်း၊ လက်ရှိတွင် ထိုင်းနိုင်ငံသည် တစ်ရက်လျှင် ဒီဇယ်လီတာ ၆၀ သန်း၊ ဂက်စ်ဆိုလင်း လီတာ ၂၅ သန်းနှင့် အခြားသောလောင်စာလီတာ ၁၀ သန်းတင်သွင်းလျက်ရှိကြောင်း ဝန်ကြီးချုပ်ဟောင်းသက်ဆင်က ပြောကြားခဲ့သည်။ 

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News